Tuesday, March 10, 2015

MOBILE

စမတ်ဖုန်းများ၏ကောင်းကျိုးဆိုးပြစ် ===================== ခင်မောင်ညို (ဘောဂဗေဒ) ===================== ယခုတစ်ပတ်ထုတ် The Economist စာစောင်တွင် စမတ်ဖုန်းတွေ အကြောင်းကို ရေးထားသည့် ဆောင်းပါးတစ်ပုဒ်ကို ဖတ်ရသည်။ ကိုယ် တိုင်ကလည်း ဖုန်းရောဂါကြီးသူ၊ ဇနီးနှင့် သမီးမျက်နှာထက်၊ ဖုန်းမျက်နှာပြင်ကို ကြည့်နေသည့်အချိန်က ပိုများသူဆိုတော့ ထိုဆောင်းပါးကို စိတ်ဝင်စားသည်မှာ မဆန်း။ ကြည့်လေ စမတ်ဖုန်းများသည် နေရာတကာပျံ့နှံ့နေသည်။ စွဲလမ်းတတ် သည်။ ပြောင်းလဲပစ်နိုင်သည်တဲ့။၂ဝဝ၇ ခုနှစ် ဇန်နဝါရီက ပေါ်ပေါက် လာခဲ့သော ပလတ်စတစ်၊ သတ္တုနှင့် ဆီလီ ကွန်ပေါင်းစပ်ထားသော ထိုဖုန်းသည် 'လောကကြီးကို ပြောင်းလဲပစ်မည်'ဟု ကြွေးကြော်ခဲ့သလို (၂၁)ရာစုတွင် အရောင်း ရဆုံးအသုံးအဆာင်တစ်ခုဖြစ်လာခဲ့သည်။ကွန်ပျူတာတွေထက် လေးဆရောင်း ကောင်းသည်။ အရွယ်ရောက် လူကြီးတစ် ဝက်ခန့်က စမတ်ဖုန်းကိုင်ကြ ၂ဝ၂ဝ ပြည့် နှစ်တွင် ၈ဝရာခိုင်နှုန်းက ကိုင်ကြမည်။အမေရိကန်တွေက တစ်နေ့ ၂နာရီကျော် ကြာသုံးကြသည်။ ဗြိတိသျှဆယ်ကျော် သက်တွေက ရုပ်မြင်သံကြားတွေ၊ ကွန်ပျူ တာတွေ၊ ဂိမ်းတွေထက် မိုဘိုင်းလ်ဖုန်းတွေ ကို ပိုသဘောကျကြသည်။ တကယ်လည်း မိုဘိုင်းလ်ဖုန်းမှာက ရုပ်သံတွေ၊ ကွန်ပျူတာ တွေ၊ ဂိမ်းတွေအားလုံးပါသည်ကိုး။ စမတ် ဖုန်းကိုင်သူ ၈ဝရာခိုင်နှုန်းက အိပ်ရာမှထထ ချင်း ၁၅မိနစ်အတွင်း တယ်လီဖုန်းကောက် ကိုင်ပြီး စာအဝင်စစ်ကြ သတင်းဖတ်ကြ သည်။ ဇနီးမောင်နှံနှစ်ယောက်ထဲ အတူ ရှိချိန်၌ပင် မိုဘိုင်းလ်ဖုန်းသုံးသည်ဟု ဝန်ခံ သူကလည်း ၁ဝ ရာခိုင်နှုန်းရှိသည်။အိပ်ခန်းထဲမှာသာမဟုတ်၊ ဘဝတွင် ရှင်သန်ရေး၊ လုပ်ငန်းတွေပုံစံသစ်ဖြစ်ပေါ် ရေး၊ လူ့အဖွဲ့အစည်းကို ပြောင်းလဲပစ်ရေး တို့အတွက်ပါ အသုံးဝင်အရေးပါသည်။ စမတ်ဖုန်းတွေက အရွယ်ငယ်သော် လည်း ယခင်က ဧရာမကွန်ပျူတာကြီး တွေလုပ်နိုင်သည့် အလုပ်တွေ၊ ကိန်းဂဏန်း အတွက်အချက်တွေကို နိုင်နင်းသည်။ စရိတ်လည်းသက်သာသည်။ စရိတ်တွေ က ထပ်လည်းကျဦးမည်။ လက်ကိုင်ဖုန်း က ကိုယ်သွားလေရာပါနေပြီး ဘယ်သူ နှင့် ဘယ်လောက်စကားပြောတာ၊ ဘယ် ဝက်ဘ်ဆိုက်ဝင်ကြည့်တာ၊ ဘယ်သွားတာ တွေအကုန်သိရှိမှတ်တမ်းတင်ထားသည့် အပြင် ကိုယ့်ကျန်းမာရေး ဘယ်လောက် ကောင်းသည်ကိုပင် သိနေနိုင်သည်။ ထို သတင်းအချက်အလက်တွေက လူတစ်ဦး တစ်ယောက်အတွက်လည်းကောင်း၊ စီးပွား ရေးလုပ်ငန်းတွေအတွက်လည်းကောင်း အသုံး ဝင်သည်။ တယ်လီဖုန်း Applation (Apps)တွေ က သတင်းအချက်အလက်တွေစုပေးသည်။ စရိတ်သက်သာ၊ ဈေးနှုန်းသက်သာတာတွေ သာမက တွဲရမည့်သူတွေနှင့် ချိတ်ပေး သည်။ အနာဂတ်တွင် တယ်လီဖုန်းတွေက ကိုယ့်အကြောင်း သိလွန်းနေပြီး အလုပ် အကိုင်ပြောင်းရန် အကြံပြုကောင်းပြုမည်။ သို့မဟုတ် ကိုယ့်နှလုံးခုန်သံမူမမှန်သည်ကို ကိုယ့်အရင်သိထားပြီး ဆရာဝန်နှင့် တွေ့ဆုံ ပြသခွင့်တောင်းချင် တောင်းပေးထားနိုင် မည်။တယ်လီဖုန်းကို တစ်ချိန်လုံးငုံ့ကြည့်နေ လျှင် ဇက်ကြောတွေ၊ ခါးရိုးတွေပင်ပန်းမည် မှာ ယာယီမျှသာဖြစ်နိုင်သော်လည်း ဖုန်း မရှိလျှင် မနေတတ်မထိုင်တတ် လက်ထဲ ကိုင်ထားစရာမရှိလျှင် ဟာတာတာဖြစ် လောက်အောင် စွဲလမ်းမှု၊ အားကိုးမှုရောဂါ ဖြစ်နိုင်သည်။ နာရီမပါကားမမောင်းရလျှင် မနေတတ်တာမျိုး တယ်လီဖုန်းမပါလျှင် ဘဝပျက်သလောက် ခံစားလာရမည်။ကြောက်စရာအကောင်းဆုံးမှာ တယ် လီဖုန်းတွေက ကိုယ်နှင့် ပတ်သက်သည့် သတင်းအချက်အလက်တွေကို လူတကာ လျှောက်ဝေမည် သို့မဟုတ် ရောင်းစားမည့် ကိစ္စဖြစ်သည်။ ယခုအခါ ကိုယ်ပြောသမျှ ကြားဖြတ်နားထောင်နိုင်သူ ဆင်းမ်ကတ် တွေအားလုံးရှိ အချက်အလက်တွေအားလုံး ရယူနိုင်သူတွေ၊ ဒီမိုကရေစီနိုင်ငံတွေမှာ ရော အာဏာရှင်နိုင်ငံတွေမှာပါ ရှိနေပြီ။ ကိုယ့်ရဲ့လျှို့ဝှက်ချက်တွေ၊ ကိုယ်ရေးကိုယ် တာကိစ္စတွေ၊ အရှက်တကွဲ အကျိုးနည်း ဖြစ်စရာကိစ္စတွေပေါက်ကြားသွားနိုင်သည်။ တစ်ဖက်တွင် စိုးရိမ်စရာတွေ ရှိနေ သလို အခြားတစ်ဖက်တွင် အကျိုးကျေးဇူး တွေရှိရာ အကျိုးကျေးဇူးတွေက သာလွန် သည်ဟု တွက်ဆကြသည်။အာဏာရှင်တွေ လုပ်ချင်တိုင်းလုပ်၍ မရ။ တယ်လီဖုန်းတွေက လူသန်းထောင်ချီ ပြီး စုပေးနိုင်သည်။ ယခုအခါ ဈေးအပေါ ဆုံးစမတ်ဖုန်းတွေက ကျပ် ၄ဝဝဝဝ လောက်သာတန်ရာ ယခုထက်ပို၍ ဈေး ကျဦးမည်ဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံး ပြုလာဖွယ်ရှိသည်။ ရက်စက်ကြမ်းကြုတ် သော လုပ်ရပ်တွေကို နိုင်ငံသားတွေက မှတ်တမ်းတင်ကြ၊ ဖြန့်ဝေကြ၊ ကွဲပြားသော သဘောထားတွေ ဖော်ထုတ်ဖို့အတွက် လည်းအသုံးဝင်သည်။ ယခင်ကလို အစိုးရ ကသာ ပြည်သူတွေကို စုံစမ်းထောက်လှမ်း ရန်အတွက် တစ်ဖက်သတ်အသုံးချနိုင်တာ မျိုးမဟုတ်၊ အာဏာရှင်တွေကို စိန်ခေါ်စရာ လက်နက်ကိရိယာတစ်ခုလည်း ဖြစ်လာနေ သည်။ကိုယ်ရေးကိုယ်တာ သတင်းအချက် အလက်တွေကို စီးပွားရေးလုပ်ငန်းတွေက စိတ်ဝင်စားသလို သုတေသနလုပ်ငန်းများ အတွက်လည်း အထောက်အကူဖြစ်သည်။ လူ့အဖွဲ့အစည်းအကြောင်း သန်းခေါင် စာရင်းကောက်သလို စမတ်ဖုန်းတွေက ဆောင်ရွက်ပေးနိုင်သည်။ ပြီးတော့ ရလဒ် ထွက်ဖို့အရေး နှစ်ရှည်လများ စောင့်ဆိုင်း စရာမလို ချက်ချင်း အဖြေထုတ်ပေးနိုင် သည်။ သင့်တော်သောစည်းမျဉ်းစည်းကမ်း များချမှတ်ပြီး ဘယ်သူဘယ်ဝါမဖော်ပြဘဲ ကိန်းဂဏန်းအချက်အလက်များကို ယာဉ် ကြောထိန်းရန်၊ ရာဇဝတ်မှုတွေတားဆီးရန်၊ ကူးစက်ရောဂါများကို ဟန့်တားရန်တို့ အတွက် အသုံးပြုနိုင်သည်။အကြီးမားဆုံးသောအကျိုးတရားမှာ စီးပွားရေးအရရရှိသောရလဒ်ဖြစ်သည်။ လူ ၁ဝဝ မှာ တယ်လီဖုန်း ၁ဝလုံးတိုးလာ လျှင် တစ်ဦးကျ ဝင်ငွေ ၁ ရာခိုင်နှုန်းကျော် တိုးစေနိုင်သည်။ ဘဏ်အသုံးပြုမှုများလာ စေနိုင်သည်ဟုဆိုသည်။ စီးပွားရေးလုပ်ငန်း တွေကိုလည်း မကြားဖူးသောမြန်နှုန်းများ ဖြင့် ပြောင်းလဲနိုင်သည်။ User ၏ သက် တမ်းငါးနှစ် မပြည့်သေးသော်လည်း ၅၅ နိုင်ငံတွင် သုံးနေပြီ။ Whats App သည် ၂ဝဝ၉ခုနှစ်ကပေါ်ခဲ့သော်လည်း တစ်နေ့ တစ်နေ့စာတိုကုဋေလောက် ပို့နေနိုင်ပြီ။တယ်လီဖုန်းတွေကို ပလက်ဖောင်း အပြည့်အသုံးပြုကာ လုပ်ငန်းငယ်တွေက စိတ်ကူးတစ်ခုကို စရိတ်သက်သက်သာသာ နှင့် စမ်းသပ်အသုံးပြုနိုင်မည်။ လူတွေ သဘောကျ၍ ကမ္ဘာနှင့်ချီ၍ ပျံ့နှံ့သွားနိုင် သည်။ ကမ္ဘာနှင့်ချီ၍ တီထွင်ဖန်တီးနိုင် စွမ်းဖြစ်ပေါ်စေသည်။ နည်းပညာတို့၏ သဘောသဘာဝက ပင်လျှင် လူ့အဖွဲ့အစည်းကို မေးခွန်းထုတ် လေ့ရှိသည်။ အထူးသဖြင့် လူတွေက နည်းပညာတွေနှင့် လိုက်လျောညီထွေဖြစ် အောင်ပြောင်းလဲလာသည့်အခါ နည်းပညာ တွေက ပြဿနာရှာတတ်သည်။ စမတ်ဖုန်း များသည်လည်း ထို့အတူပင်ဖြစ်သည်။ နိုင်ငံသားတွေကို စမတ်ဖုန်းတွေမှ တစ်ဆင့်မျက်လုံးဒေါက်ထောက်ကြည့်နေ ခြင်းကို အကာအကွယ်မပေးနိုင်လျှင် တချို့ လူတွေဒုက္ခရောက်မည်။ ကျောခိုင်းသူတွေ လည်း ရှိမည်။လူ့အဖွဲ့အစည်းက စီးပွားရေးလုပ်ငန်း များအနေဖြင့် ကိုယ်ရေးကိုယ်တာကိစ္စနှင့် အကျိုးအမြတ်ကို ချင့်ချိန်တတ်စေရန်၊ တန်ဖိုးတွေ၊ စံချိန်စံညွှန်းတွေ သတ်မှတ် ပေးရမည်။ မည်သည့်အတိုင်းအတာအထိ လက်ခံနိုင်သည်ကို အစိုးရတွေက တိတိ ကျကျသတ်မှတ်ပေးရမည်။ တစ်ဖက်တွင် ရှစ်နှစ်အတွင်း စမတ် ဖုန်းတွေအပြေးသန်သလောက်ကို လူ့အဖွဲ့ အစည်းနှင့် အစိုးရတွေက နောက်ကောက် ကျနေဆဲဖြစ်သည်

No comments:

Post a Comment