Thursday, March 26, 2015
အသက်အရွယ်
ယောင်္ကျားတစ်ယောက်ရဲ့ဘ၀ကို ညွှန်းဆိုနေတဲ့ အသက်အရွယ် အပိုင်းအခြားများ မကြာသေးခင် ပြ...
Myanmar Forward's Facebook Wall / Myanmar Forward / 17 hours ago
ယောင်္ကျားတစ်ယောက်ရဲ့ဘ၀ကို ညွှန်းဆိုနေတဲ့ အသက်အရွယ် အပိုင်းအခြားများ
မကြာသေးခင် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတရပ်အရ အသက်အရွယ် အပိုင်းအခြားတွေဟာ ယောင်္ကျားတွေရဲ့ ဘ၀ အပြောင်းအလဲတွေကို ညွှန်းဆိုနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီစစ်တမ်းမှာ အမျိုးသားတွေဟာ အသက် ၃၇ နှစ်အရွယ်မှာ အပျော်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပြီး အမျိုးသားတွေရဲ့ လူပျိုဘ၀ကို စွန့်လွှတ်လေ့ ရှိတာကတော့ ပျမ်းမျှ ၁၅ နှစ် အရွယ်မှာ ဖြစ်ပါတယ်။
၁၁နှစ်အရွယ်ဟာ ယောင်္ကျားလေးတွေ လူပျိုဖြစ်တဲ့ အချိန်ဖြစ်ပြီး ဖခင်ဖြစ်သူထက် နှစ်နှစ်ပိုစောလေ့ ရှိပါတယ်။ ဒါက စားသောက်နေထိုင်မှုပုံစံနဲ့ ဟိုမုန်းအပြောင်းအလဲအပေါ်မှာလည်း မူတည်နေပါတယ်။ မိန်းကလေးတွေရဲ့ အပျိုဖော်ဝင်ချိန်ကတော့ ၉ နှစ်နဲ့ ၁၄ နှစ်ကြား ဖြစ်ပါတယ်။ ယောင်္ကျားလေးတွေဟာ အသက် ၁၃ နှစ်အရွယ်မှာ ကြီးကောင်ဝင်လာတတ်ပြီး သုံးနှစ်အတွင်းမှာ အရပ်သုံးလက်မနီးပါးလောက် ပိုရှည်လာတတ်ပါတယ်။ ၁၄ နှစ် အရွယ်မှာ မုတ်ဆိတ်မွေး အနုလေးတွေ ထွက်လာတတ်ပြီး နောက်ပိုင်းမှာ မုတ်ဆိတ်မွေး ပုံမှန်ရိတ်တာမျိုး လုပ်လာတတ်ပါတယ်။
၁၅ နှစ်ဆိုတဲ့ အသက်အရွယ်ကတော့ ယောင်္ကျားလေးတွေ လူပျိုဘ၀ ကုန်ဆုံးသွားတတ်တဲ့ အချိန်ဖြစ်ပြီး မိန်းကလေးတွေထက် လအနည်းငယ် စောတတ်ပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးတွေထဲက ၃၁ ရာခိုင်နူန်းက ဒီထက်အချိန်ပိုစောလေ့ ရှိပါတယ်။
ယောင်္ကျားလေးတစ်ယောက်ဟာ အသက် ၁၆ နှစ်အရွယ်ကို ရောက်လာခဲ့ရင် သူဟာ ဂေးဖြစ်နေရင်လည်း ပွင့်ပွင့်လင်းလင်း ၀န်ခံလေ့ ရှိတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ဟာ ယောင်္ကျားလေးတွေအတွက် လိင်စိတ် အနိုးကြွဆုံးအချိန်ဖြစ်ပြီး အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်ကာလတွေမှာ ပြန်လည်ကျဆင်းသွားလေ့ ရှိပါတယ်။
ဗြိတိန်မှာ အသက် ၂၁ နှစ်ဆိုရင် ယောင်္ကျားလေးတွေဟာ ပုံမှန်အလုပ်တစ်ခု ရနေပြီး တစ်နာရီကို ၃ ပေါင် လောက် ရလေ့ရှိသလို ပုံမှန်အားဖြင့် အလုပ် ၆ ခုလောက် ပြောင်းလေ့ရှိပါတယ်။ အလုပ်မှာလည်း အချစ်ဇာတ် လမ်းတစ်ခုလောက် ရှိနိုင်သလို နားရက်တွေနဲ့ လစာတိုးရလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။
အသက် ၂၉ နှစ်အရွယ်မှာတော့ ယောင်္ကျားတွေမှာ မိန်းမတစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေးမျိုး ရှိနိုင်ပြီး လိင်ကိစ္စကို စိတ်အ၀င်စားဆုံးအချိန်လည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကို ရောက်လာရင်တော့ ယောင်္ကျားတစ်ယောက်ဟာ သူ ဘယ်သူ့ကို ချစ်နေတယ်ဆိုတာ ကြေညာတာမျိုး လုပ်လာနိုင်ပါတယ်။ ၃၂ နှစ်ကျော်ကြာလာချိန်တော့ ဖခင်ဘ၀ကို ပိုင်ဆိုင်လာတတ်သလို အမျိုးသမီးတွေကတော့ အသက် ၃၀ အရွယ်မှာ မိခင်ဖြစ်လာတတ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ဟာ ယောင်္ကျားတွေအတွက် အိုမင်းမှုကို စတင်ပူပန်လာချိန်ဖြစ်ပြီး ၃၇ နှစ်ကတော့ ဘ၀ကို အခြေကျပြီလို့ ယူဆထားချိန် ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်မှာမှ ဘ၀စတယ်ဆိုပေမယ့် မိန်းကလေးတွေရဲ့ ကိုယ်ဝန်ပျက်ကျမှု ၆၀ ရာခိုင်နူန်းအထိ မြင့်တက်လာမှု က သူတို့ရဲ့ပါတနာတွေရဲ့ အသက် ၄၀ ကျော်နေမှုနဲ့ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်အကြား ရှိနေမှုတွေအပေါ် မူတည်နေပါတယ်။
တချို့မိန်းမတွေက ယောင်္ကျားတွေကို အသက် ၅၃ နှစ်အရွယ်ထိ ဆွဲဆောင်မှုရှိနေသေး တယ်လို့ ယုံကြည်ဆဲဖြစ်ပြီး မင်းသားဂျော့ကလုန်းနေးက သက်သေ ဖြစ်ပါတယ်။ ယောင်္ကျားတွေဟာ အသက် ၇၀ အရွယ်အထိ လိင်ကိစ္စမှာ သန်စွမ်းနိုင်သေးသလို ရ၈ နှစ်အထိ ဆက်ပြီးရပ်တည်နိုင်မယ်ဆိုရင်တော့ ဒီထက် အသက်ပိုရှည်ဖို့ မျှော်လင့်နိုင်တယ်လို့လည်း စစ်တမ်းမှာ ရေးသားထားပါတယ်။
Ref – Dailymail
Planet Myanmar Network
Visit website
Labels:
လူ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment