Tuesday, March 10, 2015

သပိတ်မှောက်ကျောင်းသား

သပိတ်မှောက်ကျောင်းသားများအား ရဲတပ်ဖွဲ့က အချုပ်ကားတစ်စီး လုံထိန်းကားတစ်စီးဖြင့် ဖမ်းဆီးတင်ဆောင်လျက်ရှိကြောင်း သိရသည်။ အချုပ်ကားပေါ်သို့ အမျိုးသမီးများတင်၍ လုံထိန်းကားပေါ်သို့ အမျိုးသားများ တင်ဆေင်နေကြောင်း အဆိုပါနေရာသို့ရောက်ရှိနေသည့် 7DAY သတင်းထောက်က သတင်းပေးပို့သည်။ ယနေ့ နေ့လည်ပိုင်းတွင် စတင်ဖြစ်ပွားခဲ့သည့် ရုန်းရင်းဆန်ခတ်မှုသည် နေ့လည်တစ်နာရီ မိနစ်လေးဆယ်ခန့်တွင် ပြီးဆုံးသွားပြီး လက်ရှိအချိန်တွင် ပုန်းရှောင်နေသည့် ကျောင်းသားများအား ရဲတပ်ဖွဲ့က လိုက်လံရှာဖွေဖမ်းဆီးနေကြောင်း သိရသည်။

No comments:

Post a Comment