Saturday, March 21, 2015

မြောက်ကိုရီးယား

မြောက်ကိုရီးယားသည် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ အချိန်မရွေး ပစ်ခတ်နိုင်စွမ... Myanmar Forward's Facebook Wall / Myanmar Forward / 1 hours ago မြောက်ကိုရီးယားသည် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်များ အချိန်မရွေး ပစ်ခတ်နိုင်စွမ်းရှိဟု သံအမတ်ပြောကြား မိမိတို့ကို ရန်ပြု တိုက်ခိုက်လာပါက နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်ဖြင့် လက်စားချေ ပစ်ခတ်တုံ့ပြန်နိုင်စွမ်း ရှိနေကြောင်း မြောက်ကိုရီးယား သံအမတ်တစ်ဦးက ပြောကြားသွားသည်။ မြောက်ကိုရီးယား၏ ဗြိတိန်နိုင်ငံဆိုင်ရာ သံအမတ်ကြီး ဟွမ်ဟက်ဘွန်းက ရန်သူတော် အမေရိကန် တစ်နိုင်ငံတည်းသာ နျူကလီးယား လက်နက်များကို စိတ်ထင်တိုင်း ခြယ်လှယ် ကိုင်တွယ်နိုင်မည် မဟုတ်ဟုလည်း ဆိုသည်။ လန်ဒန်ရှိ မြောက်ကိုရီးယား သံရုံးတွင် Skyနှင့် တွေ့ဆုံ အင်တာဗျူးရာ၌ သံအမတ်ကြီး ဟွမ်က “အမေရိကန် တစ်နိုင်ငံတည်း နျူကလီးယား လက်နက်နဲ့ တိုက်ခိုက်နိုင်တာ မဟုတ်ပါဘူး”ဟု မှတ်ချက်ပြုခဲ့သည်။ အဆိုပါ စကားသည် မြောက်ကိုရီးယား အနေဖြင့် လက်ရှိ အနေအထားတွင် နျူကလီးယား ဒုံးကျည်လက်နက်များ ပစ်ခတ်နိုင်စွမ်း ရှိနေပြီဟု ဆိုလိုခြင်း ဟုတ်မဟုတ် မေးမြန်းရာ “ဟုတ်ပါတယ်။ အချိန်မရွေး ပစ်နိုင်ပါတယ်”ဟု ၎င်းက ဖြေကြားခဲ့သည်။ မြောက်ကိုရီးယားသည် ၁၉၉၃ ခုနှစ်တွင် နျူကလီးယားလက်နက် အသုံးပြုမှု ထိန်းချုပ်ရေး စာချုပ်အဖွဲ့မှ နုတ်ထွက်ထားခဲ့သည်။ သံအမတ်ကြီး ဟွမ်က “တကယ်လို့ အမေရိကန်က ကျွန်တော်တို့ကို တိုက်ခိုက်မယ်ဆိုရင် ကျွန်တော်တို့ကလည်း ပြန်တုံ့ပြန်သင့်တာပဲလေ။ ကျွန်တော်တို့ ဘက်ကတော့ သမားရိုးကျ စစ်ပွဲကို သမားရိုးကျ ပုံစံနဲ့ တုံ့ပြန်ဖို့၊ နျူကလီးယား စစ်ပွဲကို နျူကလီးယားနဲ့ တုံ့ပြန်ဖို့ အဆင်သင့်ပဲ။ ကျွန်တော်တို့က စစ်ကို မလိုလားဘူး။ ဒါပေမဲ့ စစ်ဖြစ်ရမှာကိုလည်း မကြောက်ဘူး”ဟုလည်း ပြောဆိုသွားသည်။ အမေရိကန် အစိုးရက မြောက်ကိုရီးယား၏ နျူကလီးယား လက်နက်နည်းပညာ မြှင့်တင်ရေး လုပ်ဆောင်မှုများကို အထူးစိုးရိမ်ကြောင်း ပြောကြားထားပြီး ယင်းသည် နိုင်ငံတကာ သဘောတူညီမှုများကို ချိုးဖောက်ရာ ရောက်နေကြောင်းလည်း စွပ်စွဲထားသည်။ _Ref: Fox 7 Day Visit website

No comments:

Post a Comment