Saturday, March 28, 2015
ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့်လမ်းမကြီး
ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့် လမ်းမရှည်ကြီး ဖော...
The Voice Weekly's Facebook Wall / The Voice Weekly / 7 hours ago
ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့် လမ်းမရှည်ကြီး ဖောက်လုပ်ရန် ရုရှားသူဌေးကြီး အဆိုပြု
မော်စကို၊ မတ် ၂၇
ဥရောပအနောက်ဖျား ဗြိတိန်နိုင်ငံမှ ရုရှားနိုင်ငံကို ဖြတ်သန်းကာ မြောက်အမေရိကတိုက် အလက်စကာအထိ ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီးတစ်ခု ဖောက်လုပ်ရန် ရုရှားနိုင်ငံတွင် သြဇာကြီးမားလှပြီး သမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးကျွမ်းဝင်သော သူဌေးကြီးတစ်ဦးက အဆိုပြုထားကြောင်း FoxNews က ရေးသားဖော်ပြသည်။
အလွန်တရာ ရှည်လျားမည့် အဆိုပါ လမ်းကြီးသည် မိုင်ပေါင်း ၁၃,၀၀၀ နီးပါးခန့် ရှိမည်ဖြစ်ပြီး ယင်းသို့ ဖောက်လုပ်ရာတွင် အဓိက အခက်အခဲမှာ ငွေကြေးသာပင် ဖြစ်သည်ဟု ရုရှားသူဌေးကြီးတစ်ဦး ဖြစ်သူ ဗလာဒီမာယူကူနင်က အဆိုပြု ပြောဆိုထားသည်။
“ဒါဟာ နိုင်ငံတွေအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်မယ့်၊ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်မယ့် စီမံကိန်းကြီးပဲ ဖြစ်ပါတယ်” ဟု ရုရှားမီးရထားလုပ်ငန်း Russian Railways ၏ အကြီးအကဲလည်း ဖြစ်သူ ဗလာဒီမာယူကူနင်က ဆိုသည်။
မတ်လ ၂၆ ရက် Russian Academy of Science ၌ မိန့်ခွန်းပြောဆိုရာတွင် ၎င်းက အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး “ဥရောပနှင့်အာရှ ဖြတ်ကျော် ဖွံ့ဖြိုးရေးစီမံကိန်း” ဟု ဆိုသည်။
ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည် ဆိုပါက ဒေါ်လာထရီလီယံပေါင်း များစွာ ကုန်ကျနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းကဆိုသည်။
သို့သော် အဆိုပါ လမ်းရှည်ကြီး ဖောက်လုပ်ရာတွင် အစအဆုံး အသစ်ဖောက်လုပ်စရာ မလိုဘဲ ရှိပြီးသား လမ်းများနှင့် တံတားများကို ဆက်လက်အသုံးပြုသွားနိုင်ကြောင်း၊ ယင်းသို့ ရှိပြီးသား လမ်းမများ၏ အရှည်မှာ မိုင်ပေါင်း ၆၀၀၀ ခန့်ပင် ရှိကြောင်း ၎င်းက ပြောကြားသည်။
သို့သော် ဆိုက်ဘေးရီးယားရှိ ချူကိုတာဒေသနှင့် အလက်စကာရှိ နုံးမ်မြို့အကြား ဘာရင်းပင်လယ်ပြင်ကို ဖြတ်ကျော်ဆောက်လုပ်ရမည့် တံတားအရှည်မှာ ၅၅ မိုင်ခန့် ရှိမည်ဖြစ်ရာ ယင်းနေရာသည် ဧရာမ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု ဗလာဒီမာယူကူနင်က ပြောကြားသည်။
၎င်းက ဘာရင်းပင်လယ် ကိစ္စကို အသေးစိတ် ရှင်းလင်းပြောကြားမှု မရှိခဲ့သော်လည်း ကူးတို့သင်္ဘောစနစ် အသုံးပြုမှုကို ထည့်သွင်းလိုက်မည် ဆိုပါက ငွေကြေးကုန်ကျမှု လွန်စွာနည်းပါးသွားမည် ဖြစ်သည်။
ယင်းလမ်းမကြီးနှင့်အတူ မြန်နှုန်းမြင့် မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစရှိသည်တို့ပါ ထည့်သွင်းလိုက်မည် ဆိုပါက ဆိုက်ဘေးရီးယားကဲ့သို့ ဝေးလံခေါင်သီသော ဒေသများ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပေး ပြောကြားသည်။
Visit website
Labels:
လမ်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment