Tuesday, March 31, 2015
ငွေစက္ကူ
န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန...
Dinding Facebook Aye Chan Mon / Aye Chan Mon / 3 hours ago
န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန် ငွေစက္ကူ များ၏ ရေစာတွင် ထည့်သွင်းကာ ပုံနှိပ်ထုတ်ဝေခဲ့ဟု ဆို
-----------
၁၉၈၉ တုန်းက ဒေါ်အောင်ဆန်းစုကြည်ပုံကို ရေစာအဖြစ် ထည့်သွင်းကာ တစ်ကျပ် တန် ငွေစက္ကူ များကို 'Disobedient objects' အဖြစ် လန်ဒန်မြို့  ရှိ Victoria & Albert museum တွင် အခြား နိုင်ငံများမှ အနုပညာမြောက် အာဏာရှင်ဆန့်ကျင်ရေး ပစ္စည်းများ ဓါတ်ပုံများနှင့် အတူ ယှဉ်တွဲ ပြသထားကြောင်း BBC သတင်းဌာနက ရေးသား ခဲ့သည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ၁ ကျပ်တန်များကို ဒီမိုကရေစီပိုက်ဆံ ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး အဆိုပါ အဖြစ်အပျက်ကို သိရှိသူ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် ငွေစက္ကူ များကို စစ်တပ်မှ ထိန်းချုပ်ထားသည့် ၀ါဇီစက်ရုံတွင်သာ ရိုက်နှိပ်ပြီး အားလုံး မှာ အစိုးရ ၀န်ထမ်းများ ဖြစ်သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါ ငွေစက္ကူများကို ရိုက်နှိပ် ခဲ့ခြင်း ဖြစ်သည်။
Water-mark ရေးဆွဲသည့် ပန်းချီဆရာမှ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို သွယ်လျပျော့ပျောင်းပြီး အမျိုးသမီးတစ်ယောက်နှင့် တူအောင် ပုံဖော် ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး ရေစာပုံ၏ ရလဒ်မှာ ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် ဖြစ်လာသည်ကို ရုတ်တရက်ကြည့်လျှင် မသိသာသော်လည်း အလင်းနောက်ခံဖြင့် ထောင် ကြည့်ပါက ပြတ်သားရှင်းလင်းစွာ မြင်ရသည်ဟု ဆိုသည်။
ရေစာပါ မျက်ခုံး၊ နှာခေါင်းနှင့် မေးရိုးတို့မှာ ပိုက်ဆံပေါ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ထပ်တူညီတူ မကျသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုအကြောင်းကို သိလျှင် သိခြင်း န၀တ စစ်အစိုးရက အဆိုပါ ၁ ကျပ်တန် ငွေစက္ကူ များကို အစိုးရဘဏ်များမှ လှို့ဝှက်စွာ ပြန်လည်သိမ်းယူပြီး မီးရှို့ ဖျက်စီးခဲ့သည်ဟု ဆိုသည်။
အဆိုပါ ရေစာပုံကို ဆွဲခဲ့သည် ၀ါဇီဝန်ထမ်း ပန်းချီဆရာ၏ ကံကြမ္မာကိုမူ မည်သူမျှ သိရှိခြင်း မရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။
မောင်နိုး
The Ladies News Journal
The Ladies News Journal
Visit website
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment