Tuesday, March 10, 2015

ရဲတပ်ဖွဲ့၏ အကြမ်းဖက်ရိုက်နှက်မှု့လုပ်ရပ်

အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် နိုင်ငံရေ... Aye Chan Mon's Facebook Wall / Aye Chan Mon / 1 hours ago အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့သည့် ရဲတပ်ဖွဲ့၏ လုပ်ရပ်အပေါ် နိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ ဝေဖန်ချက်များ -------------------------------------------------------- “တကယ်တော့ ဒီကိစ္စမဖြစ်သင့်ဘူး။ ဒီကျောင်းသားတွေကို ထောက်ခံတဲ့အဖွဲ့တွေကို မြို့တော်ခန်းမရှေ့မှာ အကြမ်းဖက်ဖြိုခွဲတဲ့ကိစ္စ ရှေ့မှာဖြစ်ခဲ့ပြီးပြီ။ ဒါကို တစ်နိုင်ငံလုံးက နိုင်ငံရေးပါတီတွေ အပါအဝင် အဖွဲ့အစည်းတွေကလည်း လက်မခံကြဘူး။ ဒါကို ကျောင်းသားတွေအနေနဲ့ အချက်ရှစ်ချက်ကို သဘောတူတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ ညှိပြီးတော့ သူတို့ ဆက်လက် ချီတက်လာတယ်လို့ ကြားရတယ်။ ဒါပေမဲ့ အဲဒီလို အခြေအနေမျိုးမှာ သဘောတူတယ် မတူဘူးဆိုတာတော့ သေသေချာချာ ထုတ်ပြန်တာ မဟုတ်တဲ့အတွက် သူတို့ ဘာကြောင့်ပဲဖြစ်ဖြစ် ရန်ကုန်ကို တက်လာတာသည် ညှိနှိုင်းမှု တစ်စုံတစ်ရာပေါ် အခြေခံပြီး တက်လာတယ်လို့ ထင်တယ်။ ပြီးတော့ပြီးခဲ့တဲ့ ၉ ရက် ညနေမှာ အစိုးရအဖွဲ့ကနေ တစ်စုံတစ်ရာ အကြောင်းပြန်မယ်ဆိုတဲ့ အသံတွေ ထွက်ပေါ်လာပြီး ဒါလည်း ဘာမှ ဂဃနဏ ဆက်ပြီး ဆောင်ရွက်တာ မတွေ့ဘူး။ ဒီအပေါ်မှာ အစိုးရက ဆောင်ရွက်ရမယ့် ကိစ္စတွေကို ညင်ညင်သာသာနဲ့ ဖြေရှင်းဆောင်ရွက်ပြီး နေရမယ့်ကိစ္စတွေကို လျစ်လျူရှုပြီးတော့မှ အကြမ်းဖက်တဲ့ နည်းတစ်မျိုးတည်းကိုပဲ အသုံးပြုတယ်ဆိုတာက မဖြစ်သင့်တဲ့ကိစ္စ ဖြစ်တယ်။ ပြီးတော့ အခြားနည်း ရွေးချယ်စရာတွေ အများကြီးရှိပါလျက်နဲ့ ဒီအကြမ်းဖက်နည်း တစ်မျိုးတည်းကိုပဲ သုံးတတ်တယ်ဆိုတာက အစိုးရမှာ အရည်အချင်းကောင်းတစ်ရပ် လိုအပ်နေတာကို တွေ့ရတယ်။ အဲဒီတော့ ဒီလို အခြားအရည်အချင်းနဲ့ ဆောင်ရွက်ရမယ့်ကိစ္စကို အကြမ်းဖက်တဲ့ အရည်အချင်း တစ်မျိုးတည်းပဲ ကိုင်တွယ်ဖြေရှင်းတတ်တယ်ဆိုတာ ဒါ မသင့်လျော်တဲ့ကိစ္စ ဖြစ်တယ်။ နောက်ပြီးတော့ ဒီလို အကြမ်းဖက်တာသည် ပြီးဆုံးသွားမယ့်ကိစ္စ မဟုတ်ဘဲနဲ့ ပိုပြီးတော့မှ ရန်စ ပိုရှည်အောင် လုပ်လိုက်တာနဲ့ တူသလို။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့မှ မကျေလည်မှုတွေ ပိုများလာအောင် လုပ်တာနဲ့ တူတယ်လို့ ဒီလိုပဲပြောလိုပါတယ်။ တကယ်တော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေ အားလုံးနဲ့ သက်ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်းနဲ့ ဆောင်ရွက်တယ်ဆိုတာထက် လွှတ်တော်ကိုယ်စားလှယ် အချင်းချင်းတိုင်ပင်ပြီးတော့မှ ဒါ အားလုံးပါဝင်ပြီးတော့ ဆောင်ရွက်သင့်တဲ့ကိစ္စ ဖြစ်တဲ့အတွက် လွှတ်တော်မှာ ဒါနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှု ပြုသင့်တယ်။ ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေ လူထုခေါင်းဆောင် အပါအဝင် အားလုံးဆွေးနွေးပြီးတော့မှ တစ်ခုခုတော့ ဆောင်ရွက်သင့်တယ်လို့ မြင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ တတ်နိုင်သလောက် ဆောင်ရွက်သွားမယ်လို့ စဉ်းစားထားပါတယ်” ဦးခိုင်မောင်ရည် (အလုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်) “ကျွန်တော်တွေ့ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေ အရပေါ့လေ။ အင်မတန်မှ လူမဆန် ရက်စက်ပြီးတော့ မိုက်ရိုင်းတဲ့ ဖြိုခွင်းမှုတစ်ခုလို့ မြင်ပါတယ်ဗျ။ အပြစ်မဲ့တဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူလူထုတွေ၊ သတင်းမီဒီယာတွေပေါ်မှာ အင်မတန်မှ လူမဆန်စွာ ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွဲမှုတစ်ခုလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီလို ဖြိုခွဲမှုအတွက်ကို နိုင်ငံတော် သမ္မတအပါအဝင် ပြည်ထောင်စုအစိုးရ တစ်ခုလုံး ပြည်ထောင်စုလွှတ်တော် တိုင်းဒေသကြီးအစိုးရအနေနဲ့ တာဝန်ယူဖြေရှင်းဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။ ကျောင်းသားတွေနဲ့ ပြည်သူတွေကို ပြင်းပြင်းထန်ထန် ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီးသလိုပဲ သတင်းမီဒီယာတွေကိုလည်း ပစ်မှတ်ထားပြီးတော့ တိုက်ခိုက်လာတာဟာ ကျွန်တော်တို့နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲနဲ့ လုံးလုံးကြီးကို ဆန့်ကျင်တယ်လို့ မြင်ပါတယ်။ ပြီးတော့ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီအပြောင်းအလဲကို သွားနေတယ်လို့ ယုံကြည်ဖို့အတွက်ကို ဒီလိုအပြု အမူတွေဟာ အတော်ကို အနှောင့်အယှက် အတားအဆီးဖြစ်စေတယ်လို့ မြင်ပါတယ်” ဒေါက်တာ ရန်မျိုးသိမ်း (မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ)

No comments:

Post a Comment