Sunday, March 22, 2015
အပစ်အခတ်ရပ်စဲရေးဆွေးနွေးတုန်းတိုက်ပွဲဖြစ်
မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မူကြမ်းကို လက်မှတ် ရေးထိုးဖို့ ၆ ရက်ကြာ ဆွေးနွေးပြီးစ ချိန်မှာပဲ ကချင်ဒေသမှာ တိုက်ပွဲတွေ ပိုဖြစ်နေတယ်လို့ သိရပါတယ်။
တနင်္ဂနွေနေ့အထိ ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုအတွင်း အချက် လေးချက်အပေါ် သဘောတူညီမှု မရသေးပဲ ထိပ်ပိုင်းဆိုင်ရာနဲ့ ဆွေးနွေးစရာတွေ ရှိသေးတဲ့အတွက် လာမယ့် မတ်လ ၃၀ ရက်မှပဲ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူခဲ့ကြပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်မယ့် ၈ ကြိမ်မြောက် ဆွေးနွေးပွဲအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းကို အပြီးသတ် လုပ်ဆောင်ဖို့လည်း သဘောတူခဲ့ကြပါတယ်။
အဲဒီ ဆွေးနွေးမှုမှာ ကချင်လွတ်လပ်ရေးတပ် ကေအိုင်အေ အဖွဲ့လည်း တက်ရောက်ခဲ့ပေမယ့် အခုအခါမှာ ကချင်တပ်ကို မြန်မာ စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။
ဒီဆွေးနွေးမှုမတိုင်ခင်မှာ ကေအိုင်အိုအဖွဲ့ ခေါင်းဆောင်တွေက နေပြည်တော်မှာ သမ္မတ နှစ်ဦးအပြင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီလို တွေ့ဆုံမှုတွေ လုပ်ပြီးနောက်ပိုင်း ကချင်တွေအပေါ် ထိုးစစ်ဆင်တာဟာ မြန်မာစစ်တပ်အနေနဲ့ ငြိမ်းချမ်းရေးကို တကယ်လိုလားရဲ့လားလို့ မေးခွန်းထုတ်စရာ ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
ABC Radio Australia
http://www.radioaustralia.net.au/burmese
Category
Daily News
English News
Celebrity and Health
Journals & Newspapers
Navigation
Home
Privacy Policies
Disclaimer
Labels:
ကချင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment