Sunday, March 15, 2015
အစိုးရသတင်းထုတ်ပြန်ချက်
ပည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သတင်းထုတ်ပြန်ချက်
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မတ်လ (၁၃) ရက်နေ့ ညနေပိုင်း ကိုးကန့်ဒေသအတွင်း ကိုးကန့်သောင်းကန်း သူများနှင့် ဖြစ် ပွားခဲ့သော ဖြစ်စဉ်များအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်းချန်းခရိုင်၊ မုန်တိမ်မြို့၊ တာ့ရွှေရှန်းတု ကျွေးရွာ အနီး ကြံခင်းတွင် တရုတ်နိုင်ငံသား (၅)ဦး သေဆုံးခဲ့ပြီး (၈) ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဌာနများ အချင်းချင်းနှင့် တပ်မတော်များ အချင်းချင်း ဆက်သွယ် ဆောင် ရွက်လျက် ရှိပါသည်။ မြန်မာ့ တပ်မတော်သည် အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ပဏာမ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ ပါသည်။ မြန်မာ့တပ်မတော် အနေဖြင့် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ရှေးရှုပြီး တစ်ဖက်နယ် နိမိတ် ကို ကျော် လွန်ခြင်း မရှိစေရန် ပစ်ခတ်တိုက်ခိုက်မှုများကို မိမိတို့ နိုင်ငံ နယ်နိမိတ် အတွင်း၌ သာ အထူးအလေးထား ထိန်းသိမ်းကြပ်မတ်ဆောင်ရွက် ခဲ့ပါသည်။
သို့ရာတွင် တိုက်ခိုက်မှုများကြောင့် နယ်နိမိတ်နှင့် နီးကပ်စွာတည်ရှိသော တရုတ်နိုင်ငံတွင်း မှ ပြည်သူအချို့ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိမှု ဖြစ်ပေါ် ခဲ့ခြင်းအတွက် စိတ်မကောင်းဖြစ် ရကြောင်း ဖော်ပြအပ်ပါသည်။
ဖြစ်စဉ်အသေးစိတ်နှင့် ဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် မြေပြင်တွင် ပမာဏစစ်ဆေးမှု များ ပြုလုပ်ရန် ယနေ့ (၁၅-၃-၂၀၁၅) ရက်နေ့ တွင် မြန်မာ့ တပ်မတော်မှ ကိုယ်စားလှယ် အဖွဲ့တစ်ဖွဲ့ နှင့် တရုတ်နိုင်ငံဘက်မှ ဒေသခံ အာဏာပိုင် အဖွဲ့တစ်ဖွဲ့သည် လည်းကောင်း၊ တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ ပြည်နယ်နိုင်ငံခြားရေးဌာနမှ တာဝန် ရှိသူများနှင့် ကူမင်းမြို့ ရှိ မြန်မာကောင်စစ် ဝန်ချုပ် တို့သည်လည်းကောင်း အခင်းဖြစ်ပွားရာနေရာသို့ သွားရောက် စစ်ဆေး ကြည့်ရှုလျက် ရှိပါသည်။ လိုအပ်မည့် အသေးစိတ် စုံစမ်းစစ်ဆေးမှုများကို ဆက်လက် ပြုလုပ် သွားမည်ဖြစ်ပါသည်။
အထက်ပါ ဖြစ်စဉ်တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးနှင့် နယ်စပ် တည်ငြိမ်ရေး ကို ပျက်ပြားစေ လိုသော ကိုးကန့် သောင်းကျန်း သူများ၏ ပါဝင်မှုရှိ-မရှိ ကိုလည်း စိစစ်ဖော်ထုတ် သွား မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော် အစိုးရအနေဖြင့် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန အချင်းချင်း သံတမန် လမ်းကြောင်းမှ နီးကပ်စွာ ပူးပေါင်းဆောင်ရွက် လျက်ရှိပြီး၊ မြန်မာ့တပ်မတော်မှ လည်း နှစ်နိုင်ငံ တပ်မတော်များအချင်းချင်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက်မှုများ ဆောင်ရွက် လျက် နယ်စပ်ဒေသ တည်ငြိမ်းအေးချမ်းရေးနှင့် လုံခြုံရေးကို ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး မူကြီး (၅) ချက်နှင့်အညီ ဆောင်ရွက် မည်ဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရ
ရက်စွဲ။ ၂၀၁၅ ခုနှစ် ၊မတ်လ ၁၅ ရက်
Visit website
Labels:
ကိုးကန့်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment