Wednesday, March 25, 2015

လေယာဉ်ပျက်ကျ

Eleven Media Group's Facebook Wall / Eleven Media Group / 19 hours ago လူ ၁၄၈ ဦးလိုက်ပါသော ဂျာမနီ လေကြောင်းလိုင်းပိုင်လေယာဉ် ပြင်သစ်တွင် ပျက်ကျ ဂျာမနီလေကြောင်းလိုင်းပိုင် Airbus လေယာဉ်သည် မတ် ၂၄ ရက်တွင် ပြင်သစ်နိုင်ငံ၊ အဲ့လ်ပ်တောင်တန်း၌ ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် ပါဝင်သည့် လူ ၁၄၈ ဦးစလုံး သေဆုံးဖွယ်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှ ဂျာမနီနိုင်ငံ ဒူးဆဲဒေါ့ဖ်မြို့သို့ ပျံသန်းသည့် Airbus A320 လေယာဉ်သည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်းရှိ Barcelonnette ဒေသတွင် ပျက်ကျခဲ့ခြင်း ဖြစ်သည်။ လေယာဉ်အမှုထမ်း ခြောက်ဦးနှင့် ခရီးသည် ၁၄၂ ဦး ပါဝင်သည့် ယင်းလေယာဉ်သည် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီ ၄၇ မိနစ်တွင် အရေးပေါ်အကူအညီတောင်းခံချက် တောင်းဆိုခဲ့သည်ဟု လေကြောင်းအာဏာပိုင်များက ပြောကြားခဲ့သည်။ ယင်းလေယာဉ်သည် ရှာဖွေရန်ခက်ခဲသည့်ဒေသတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် လေယာဉ်ပေါ်၌ ပါဝင်သည့် လူအားလုံး အသက်ရှင်နိုင်ဖွယ်မရှိကြောင်း ပြင်သစ်သမ္မတ ဖရန်ဆွာအော်လွန်းဒ်က ပြောကြားခဲ့သည်။ ယင်းလေယာဉ်ပေါ်တွင် ဂျာမန်ခရီးသွားအများစု ပါဝင်ဖွယ်ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။ ခရီးသည်လေယာဉ်၏ အပျက်အစီးများကို Barcelonette ဒေသအနီးတွင် ရှာဖွေတွေ့ရှိခဲ့သည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ပြောခွင့်ရပုဂ္ဂိုလ် ပရီဟီနေဘရန်ဒက် က ပြောကြားခဲ့သည်။ ပျက်ကျခဲ့သည့် လေယာဉ်သည် ဂျာမနီလေကြောင်းကုမ္ပဏီ Lufthansa ၏ လက်အောက်ရှိ စရိတ်နည်းလေကြောင်း လိုင်းGermanwings က ပိုင်ဆိုင်သည့် လေယာဉ်ဖြစ်ပြီး သက်တမ်း ၂၄ နှစ်ရှိပြီဟု သိရသည်။ Germanwings လေကြောင်းလိုင်းသည် အဆိုပါလေယာဉ်ပျက်ကျမှုနှင့် ပတ်သက်ပြီး မှတ်ချက်မပေးခဲ့သော်လည်း မကြာမီ သတင်းစာရှင်းလင်းပွဲပြုလုပ်မည်ဟု ထုတ်ပြန်ခဲ့သည်။ ဥရောပလေယာဉ်ထုတ်လုပ်သည့် ကုမ္ပဏီ Airbus ၏ ပြောခွင့်ရပုဂ္ဂိုလ်သည်မူ လေယာဉ်ပျက်ကျမှုအခြေအနေနှင့် ပတ်သက်ပြီး သတင်းအချက်အလက် မရရှိသေးဟု အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။ ၂ဝဝဝ ပြည့်နှစ် ဇူလိုင်တွင် Air France လေကြောင်းလိုင်းပိုင် Concorde လေယာဉ်သည် ပါရီရှိချားစ်ဒီဂေါလေဆိပ်မှ နယူးယောက်သို့ ပျံသန်းခဲ့ရာတွင် မိနစ်ပိုင်းအတွင်း ပျက်ကျခဲ့ပြီး ခရီးသည် ၁၁၃ ဦး သေဆုံးခဲ့သည်ဟု သိရသည်။ မတ် ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့် လေယာဉ်ပျက်ကျမှုကြောင့် Airbus ကုမ္ပဏီ၏ ရှယ်ယာများ ကျဆင်းခဲ့သည်ဟု သိရသည်။ Ref:AFP Visit website

No comments:

Post a Comment