Saturday, March 28, 2015
ရဲတပ်ဖွဲ့
ပြောင်းရွေ့ မိန့် ကို မကျေနပ်တဲ့ ရဲတပ်သား စခန်းမှူးအိမ်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ မှုဖြစ်ပွား
Other Blogs
ပြောင်းရွေ့ မိန့် ကို မကျေနပ်တဲ့ ရဲတပ်သား စခန်းမှူးအိမ်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ မှုဖြစ်ပွား
ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ ရဲစခန်း၌ မီးလောင်မှု ဖြစ်ပွား
စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် မတ် ၂၇ ရက်နေ့ည ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရွာကုန်းကြီးကျေးရွာ ရဲတပ်ဖွဲ့စခန်းတွင် တာဝန်ထမ်းဆောင် နေသော ရဲတပ်သား အာကာဆန်းဝင်းသည် နန်းယွန်းရဲစခန်းသို့ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာခြင်းကို မကျေနပ်၍ အရက်သေစာ သောက်စား မူးယစ်ကာ ဇနီးနှင့်စကားများ ရန်ဖြစ်ပြီး မီးစက် ခန်းတွင်ရှိသော စက်မောင်းဆီပုံးအားယူဆောင်၍ စခန်းမှူး နေအိမ်ကို စက်မောင်းဆီဖြင့် ပက်ဖြန်းပြီး မီးရှို့သောကြောင့် (အလျား၂၀×အနံ၂၀)ပေသွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း အဆောက်အဦး တစ်လုံး တန်ဘိုး ၃ သိန်းခန့်နှင့် အတွင်း ပစ္စည်းများဖြစ်သည့် တီဗွီ၂၁ လက်မ ကျွန်းစတီတစ်စုံ / အပ်ချုပ်စက် / ဘီရိုအဝတ်အစား / မီးဖိုချောင်သုံး ပစ္စည်းများ
တန်ဘိုးငွေ ကျပ် ၄၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၇၅၀၀၀၀ ခန့်မီးလောင်ဆုံးရှုံး သွားကြောင်း သိရသည်။
အဆိုပါ မီးလောင်ရာသို့ ရွာကုန်းကြီးကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ကျေးရွာသူရွားများက အပေါ့စား မီးသတ်စက်များဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ည ၁၀ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားပြီး မည်သူတစ်ဦး တစ်ယောက်မှ ဒဏ်ရာရ သေဆုံးခြင်း မရှိဘဲမီးရှို့သူရဲတပ်သား အာကာဆန်းဝင်းအား အရေးယူ ဆောင်လျှက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)
The Mirror Daily
https://www.facebook.com/TheMirrorDaily
Category
Daily News
English News
Celebrity and Health
Journals & Newspapers
Navigation
Home
Privacy Policies
Disclaimer
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment