Sunday, March 22, 2015
ကေအိုင်အေတပ်စခန်းကို အစိုးရတပ် လေယာဉ်ဖြင့်ဗုံးကြဲ
ကေအိုင်အေတပ်စခန်းကို အစိုးရတပ်က လေယာဉ်ဖြင့် ဗုံးကြဲ
Other Blogs
ကေအိုင်အေတပ်စခန်းကို အစိုးရတပ်က လေယာဉ်ဖြင့် ဗုံးကြဲ
ကချင်ပြည်နယ်၊ မန်စီမြို့နယ် မဒန်ယန်နှင့် ကိုင်ထိတ်ကျေးရွာကြား၊ ဗန်းမော်-နမ့်ခမ်း လမ်းမကြီးအနီးရှိ ကေအိုင်အေတပ်စခန်းကို ဒီနေ့မွန်းလွဲ ၃ နာရီ ၁၅ မိနစ်လောက်မှာ အစိုးရတပ်က လေယာဉ်နဲ့ ၅ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို ပြောခွင့်ရ ဦးလနန်းက ပြောပါတယ်။
“ထိခိုက်ဒဏ်ရာရရှိမှုတော့ သတင်းမရသေးဘူးခင်ဗျ။ ကျနော်တို့ရတဲ့ သတင်းအရတော့ ၅ ကြိမ်ထက်မနည်းလို့ သိရပါတယ်။ အကြိမ်အရေအတွက် အတည်ပြုချက်တော့ ဒီညမှ ရမှာပါ။ ဒါပေမယ့် ဂျက်ဖိုက်တာလေယာဉ် ၂ စင်းနဲ့ လာပြီး ပစ်ခတ်တယ်၊ ဗုံးလာကြဲချတယ်ဆိုတဲ့ ကိစ္စကတော့ မှန်ပါတယ်။”
အဲ့ဒီနေရာမှာ အစိုးရတပ်နဲ့ ကေအိုင်အေကချင်လွတ်မြောက်ရေးတပ်တို့ မနေ့ညကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒီနေ့ မနက်မှာလည်း တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ညနေပိုင်းမှာတော့ တိုက်လေယာဉ်နဲ့ ဗုံးလာကြဲတာလို့ ပြောပါတယ်။
မနေ့နဲ့ ဒီနေ့ တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က အထိအခိုက်အကျအဆုံးများလို့ အခုလို လေယာဉ်သုံး တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့လည်း ဦးလနန်းက သုံးသပ်ပြောပါတယ်။
“ဒီနေ့ မနက်ပိုင်းက ကိုင်ထိတ်တပ်စခန်းကနေပြီးတော့ ၁၂၀ မမ နဲ့ ပစ်ကူတာမျိုးလုပ်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီစခန်းဟာ သိပ်ပြီး အရေးပါတာ မဟုတ်ပေမယ့် မနေ့က တိုက်ပွဲဖြစ်တဲ့ ဖြစ်စဉ်မှာ သူတို့ဘက်က အရာရှိတွေ ထိခိုက်တာမျိုး ကျဆုံးတာမျိုး ရှိနိုင်တယ်ခင်ဗျ။ အဲ့လိုဟာမျိုးဖြစ်တဲ့အခါမှာ အရေးမပါတဲ့ စခန်းမျိုး ဖြစ်ပေမယ့် သဲကြီးမဲကြီး လေယာဉ်နဲ့ ပစ်တာမျိုး၊ လက်နက်ကြီးသုံးတာမျိုး ဒါ သူတို့ အမြဲတမ်း လုပ်နေကျပါ။ ဒါကြောင့်မို့ သူတို့ဘက်မှာ ထိခိုက်မှု တစုံတရာ ကြီးကြီးမားမားရှိလို့ ဒီလို ပြင်းပြင်းထန်ထန် ပစ်ခတ်တာမျိုး ဖြစ်နိုင်တယ်လို့ သုံးသပ်နိုင်တယ်ခင်ဗျ။”
အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ ရန်ကုန်မှာ အပစ်ရပ်ငြိမ်းချမ်းရေး ဆွေးနွေးနေကြတုန်း အခုလို လေယာဉ်နဲ့ ဗုံးကြဲတဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒီကိစ္စ ရန်ကုန်ငြိမ်းချမ်းရေးဆွေးနွေးပွဲကို သတင်း ပို့ထားတယ်လို့လည်း သိရပါတယ်။
By ရွှေအောင်(ဒီဗွီဘီ)
http://burmese.dvb.no
Category
Daily News
English News
Celebrity and Health
Journals & Newspapers
Navigation
Home
Privacy Policies
Disclaimer
Labels:
ကေအိုင်အေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment