Thursday, March 12, 2015

ကျောင်းသားများအကြမ်းဖတ်မှု့ အမေရိကန်ရဲ့အမြင်

င်းသားများ၏ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် အမေရိကန်အပါအ၀င် နိုင်ငံတကာက ကန့်ကွက်ရှုတ်ချ

မတ် ၁၀ ရက်က လက်ပံတန်းမြို့ ပင်မကျောင်းသားသပိတ်စခန်းကို အကြမ်းဖက် ဖြိုခွင်းခြင်းနှင့် ရန်ကုန်မြို့ လှည်တန်းရှိ ကျောင်းသားသပိတ်ထောက်ခံကြောင်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖြိုခွင်းခဲ့သည့်အတွက် အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ ကန့်ကွက်ကြောင်း ကြေညာချက်များ ထုတ်ပြန်ခဲ့ကြသည်။

ထိုကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုကို ဥရောပသမဂ္ဂ (EU) က အစောဆုံး ကန့်ကွက်ခဲ့ခြင်းဖြစ်ပြီး မတ် ၁၀ ရက် ညနေပိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်တွင် အီးယူမှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို သင်တန်းများပို့ချခဲ့ပြီး အဆိုပါသင်တန်းများသည် လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် သဘောထားမတိုက်ဆိုင်မှုများကို ညှိနှိုင်းအဖြေရှာရန် ဖြစ်သည်ဟု ကျောင်းသားသပိတ်နှင့် ပတ်သက်၍ အီးယူ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

No comments:

Post a Comment