Tuesday, March 31, 2015
ငွေစက္ကူ
Sunday, March 29, 2015
ဆက်သွယ်ရေး
Saturday, March 28, 2015
ရှမ်းပြည်နယ် အရှေ့မြောက်ခြမ်းတိုက်ပွဲ
ရဲတပ်ဖွဲ့
ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့်လမ်းမကြီး
Friday, March 27, 2015
အမေရိကန်နှင့်ဂျပန် ပူးပေါင်း၍မြန်မာနိုင်ငံဖွံ့ဖြိုးမူ့ အကူအညီပေးမည်
Thursday, March 26, 2015
လစာတွေတိုးပြီ
အသက်အရွယ်
လစာတိုးပြီ
Wednesday, March 25, 2015
မင်းဒင်ရဲ့တိုင်းကျော်ပြည်ကျော်သရော်စာများ
ရုရှား
သူပုန်ကို ရုရှားက ထောက်ပံ့နေသဖြင့် ယူကရိန်းစစ်တပ် ကိုလည်း အနောက်အုပ်စုက လက်နက်ပေးရမည်ဟု NATO စစ်ဗိုလ်ချုပ်ကြီးဆို ဘရပ်ဆဲလ်၊ မတ် ၂၃ ယူကရိန်းအရှေ့ဖျားရှိ ခွဲထွက်ရေးသူပုန်များကို ရုရှားက ဆက်တိုက် ထောက်ပံ့ကူညီနေသဖြင့် အနောက်အုပ်စု အနေဖြင့်လည်း ယူကရိန်း အစိုးရတပ်များကို ကာကွယ်ရေးလက်နက်များ ကူညီပေးအပ်သင့်ကြောင်း NATO စစ်ရေးခေါင်းဆောင် တစ်ဦးက ထပ်မံ လူသိထင်ရှား ပြောကြားခဲ့ကြောင်း NATO သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု အပါအဝင် ဘယ်နိုင်ငံရဲ့ လုပ်နိုင်စွမ်း နည်းလမ်းမှန်သမျှကို ထည့်စဉ်းစားရမှာပါ” ဟု NATO စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဘရိဒ်လက်ဗ်က ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ NATO ထောက်လှမ်းရေးများ၏ တင်ပြချက်အရ ရုရှား-ယူကရိန်း နယ်စပ်မှတစ်ဆင့် ယန္တရားများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများ ဝင်ရောက်နေသည်ကို သက်သေအထောက်အထားနှင့်တကွ တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရုရှားက ကြားဝင်စေ့စပ်မှုဖြင့် ယူကရိန်းအစိုးရနှင့် သူပုန်တို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိထားသော်လည်း ယူကရိန်းသူပုန်နယ် ထဲကို လက်နက်များ သွင်းနေဆဲဖြစ်ကြောင်း ဝေဖန်သူများက ဆိုကြသည်။ ယခုလိုအချိန်တွင် ယူကရိန်းအစိုးရကို လက်နက်ကြီးများ ထောက်ပံ့ပေးနေခြင်းသည် ပြဿနာကို ထိန်းလို့မရနိုင်အောင် ဆိုးသွားစေနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ်ဝေါ်တာစတိန် မီရာက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း လူသတ်လက်နက် အကူအညီပစ္စည်းများ မပေးရန် ဆုံးဖြတ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျာမနီ သံအမတ်ကြီးက အိုဘားမားနှင့် မကြာသေးခင်ကမှ တွေ့ခဲ့သည့် ဂျာမနီအဓိပတိ အန်ဂျလာမာကယ်၏ ပြောကြားချက်ကို ကိုးကား၍ ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် အိမ်ဖြူတော်က အဆိုပါ ဆုံးဖြတ်ချက်ကို အတည်မပြုပေးဘဲ ယူကရိန်းအရှေ့ပိုင်းဒေသရှိ အပစ်အခတ်ရပ်စဲရေး ကာလအလွန် အခြေအနေများကို အနီးကပ် လေ့လာနေသည်ဟု ပြောကြားခဲ့သည်။ ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ ဝင်ရောက်လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးစာချုပ် ပြီးဆုံးသွားပြီးနောက်တွင် လက်နက်ကိုင်တိုက်ပွဲများ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဥရောပဘက်မှ စောင့်ကြည့်လေ့လာသူများက ပြောကြားကြသည်။ NATO စစ်အုပ်စု၏ ထိပ်တန်းနိုင်ငံများ ဖြစ်ကြသော ဂျာမနီနှင့် ပြင်သစ်တို့ကလည်း ယူကရိန်းအစိုးရကို လက်နက်အကူအညီများ ပေးခြင်းကို ကန့်ကွက်ထားကြသည်။ ရုရှားသည် ယူကရိန်းထက် စစ်အင်အား လေးဆမက ကြီးမားခြင်းကြောင့် မည်မျှပင် ယူကရိန်းကို လက်နက်ကိရိယာ ထောက်ပံ့ပါစေ အဖြေမဖြစ်နိုင်ကြောင်း စစ်ရေးအကူအညီပေးခြင်းကို မလိုလားသူများက ထောက်ပြကြသည်။ Visit website
လေယာဉ်ပျက်ကျ
Monday, March 23, 2015
ကေအိုင်အေနှင့်စစ်ရေးအရှိန်မြင့်လာမည်လော
Sunday, March 22, 2015
အပစ်အခတ်ရပ်စဲရေးဆွေးနွေးတုန်းတိုက်ပွဲဖြစ်
အကူအညီတောင်းခံနိုင်ပါသည်
ကျွန်တော့် စာဖတ်သူမိဘပြည်သူအပေါင်းတို့ ၏ နေ့စဉ်ကျင်လည်နေရသော ဘဝတွင် သမုဒယကြောင့်ဖြစ်ပေါသော ရင်တွင်းခံစားချက်များ ထူးခြားသတင်းများ အခြားမကျေနပ်ချက်များ ရှိခဲ့ပါက သတင်းအဖြစ် အများသိရန် ကြေငြာချင်ပါက ကျွန်တော် ကိုလူလန်းလေး blogspot.com တွင် အခမဲ့ကူညီပေး၍ တင်ပေးမှာဖြစ်သလို အခြား နာမည်ကြီးသတင်းwebsite များသို့လည်း အခမဲ့ ပေးပို့ ပေးပါမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်
develop by
လူလန်းလေး
နတ်နေကိုင်းကိုတိုင်တည်ခြင်း
ကေအိုင်အေတပ်စခန်းကို အစိုးရတပ် လေယာဉ်ဖြင့်ဗုံးကြဲ
Saturday, March 21, 2015
လက်နက်ကိုင်တပ်ကိုပြန်ကြောက်နေရသော သမ္မတ
မြောက်ကိုရီးယား
Friday, March 20, 2015
ကိုးကန့်တိုက်ပွဲ
ကိုးကန့်တိုက်ပွဲ
ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် အကျအဆုံးများ Other Blogs ကိုးကန့်ဒေသမှာ မြန်မာစစ်တပ် အကျအဆုံးများ မြန်မာနိုင်ငံမြောက်ပိုင်းက ကိုးကန့်ပြဿနာ နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေ သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေရဲ့ (၇) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးပွဲ တတိယနေ့ဖြစ်တဲ့ မနေ့က သဘောတူခဲ့ကြတာပါ။ ဆွေးနွေးပွဲ အဓိကအစီအစဉ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူမူကြမ်းက ထိပ်ဆုံးကို ရောက်နေတာကြောင့်တစ်ကြောင်း၊ ဆွေးနွေးပွဲမှာ နိုင်ငံတကာ သံတမန်တွေ ပါဝင်နေတာကတစ်ကြောင်းတို့ကြောင့် ကိုးကန့်ပြဿနာကို သီးခြားအစီအစဉ်နဲ့ ဆွေးနွေးဖို့အဆိုကို အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ UPWC က သဘောတူခဲ့တာ ဖြစ်တယ်လို့ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့NCCT အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။ ဆွေးနွေးပွဲ ပထမဆုံးနေ့က ကိုးကန့်ပြဿနာ နဲ့ ကချင်အရေး ဆွေးနွေးခဲ့ကြပေမဲ့၊ အသေးစိတ်မသိရပါဘူး။ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ကတော့ MNDAA ကိုးကန့်တပ်ဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီ ခေါ်ယူဖို့ တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။ ဒီအတွင်း လောက်ကိုင်မြို့အနီးမှာ အစိုးရစစ်တပ်နဲ့ ကိုးကန့်အဖွဲ့တို့ ဗုဒ္ဓဟူးနေ့က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ရာမှာ အစိုးရတပ်ဖက်က လေကြောင်းပစ်ကူတွေနဲ့ တိုက်ခိုက်ခဲ့ပြီး၊ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိတယ်လို့ ကိုးကန့်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်း က ပြောပါတယ်။ "မနေ့ကဖြစ်တာက ခုတ်ထန်မှာ မနက်ကနေ ညနေအထိ၊ တိုက်လေယာဉ်က လေးစင်း၊ နှစ်စင်း တစ်ကြိမ်ပေါ့နော်၊ ရဟတ်ယာဉ်ကနှစ်စီး၊ လောလောဆယ်ကြားတာကတော့ သူတို့လေယာဉ်နဲ့ ဗုံးကြဲတဲ့နေရာမှာ ရွာထဲက အဆောက်အဦးတွေ ပျက်စီးသွားတယ်ပြောတယ်၊ ပြည်သူလူထု အသက်ဆုံးရှုံးမှုရှိလားတော့ ကျနော်လည်းမပြောတတ်သေးဘူး၊ ခုရက်ပိုင်းကတော့ တော်တော်လေးပြင်းထန်ပါတယ်" ဒီအတောအတွင်းမှာပဲ တရုတ်ပိုင်နက်ထဲကို မြန်မာအစိုးရလေတပ်က ဗုံးတစ်လုံးကျရောက်ခဲ့လို့ သေဆုံးသွားတဲ့ တရုတ်နိုင်ငံသားတွေအတွက် တစ်ဦးကို အမေရိကန်ဒေါ်လာ ၁ သောင်း ၁ ထောင်ကျော် လျော်ကြေးပေးဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတာ မဟုတ်မမှန်ကြောင်း နိုင်ငံတော်သမ္မတရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။ လောက်ကိုင်အနီးမှာ မနေ့က မနက်ပိုင်းအထိ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ အခုထိ နှစ်ဖက်အကျအဆုံး တစ်ရာကျော်ရှိနေပြီး၊ အများစုဟာ အစိုးရတပ်ဘက်ကဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။ RFA Burmese http://www.rfa.org/burmese Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer