Thursday, March 12, 2015

အချိန်ပိုင်းလူမိုက်

အချိန်ပိုင်း လူမိုက် =============== ကျောင်းသားတွေ ဆန္ဒပြ သပိတ် မှောက်နေကြတာတွေကိ... Aye Chan Mon's Facebook Wall / Aye Chan Mon / 16 hours ago အချိန်ပိုင်း လူမိုက် =============== ကျောင်းသားတွေ ဆန္ဒပြ သပိတ် မှောက်နေကြတာတွေကို ထောက်ခံသည်ဖြစ်စေ မထောက်ခံ သည်ဖြစ်စေ မောင်နှမချင်း သား သမီးချင်း စာနာစိတ်ရှိသူတိုင်းက တော့ မတ်လ ၅ ရက်နေ့ ညနေပိုင်း ကရန်ကုန်မြို့တော်ခန်းမ ရှေ့အဖြစ် အပျက်ကို ရွံမုန်းဒေါသ ထွက်ကြ တာချည်းပဲ ခင်ဗျ။ အကြမ်းမဖက်ဘဲ ဆန္ဒဖော် ထုတ်နေကြတဲ့လူငယ်တွေကို အခြား လူစုခွဲဖြေရှင်းနည်းတွေ ရှိပါလျက် နဲ့ လက်ပတ်အနီတွေပတ်ထားသူ တစ်စုကအနိုင်ကျင့်ဗိုလ်ကျပြီး ထိုး လားနှက်လား ဆွဲလားရမ်းလားနဲ့ လုပ်တာကိုတော့ လူလူချင်းစာနာ စိတ်ရှိသူတိုင်း လက်ခံနိုင်ကြမယ် မထင်ပါခင်ဗျ။ အဲဒီ ထိုးလားနှက်လား လုပ် တဲ့အုပ်စုကို တချို့က ''စွမ်းအား ရှင်'' ဆိုတဲ့အမည်နာမနဲ့ ခေါ်ဝေါ် နေကြတယ်ဗျ။ အမှန်မတော့ အဲဒီ စွမ်းအားရှင်လို့ခေါ်နေကြတဲ့အထဲ မှာ ဘယ်သူတွေပါ ပါသလဲဆိုတဲ့ မေးခွန်းကို နိုင်ငံခြား သတင်း ထောက်တစ်ဦးဖြစ်တဲ့ ကျွန်တော့် မိတ်ဆွေကြီး ဦးအောင်သူမြိုင်က လွန်ခဲ့တဲ့ ၉ နှစ်လောက်ကတည်းက အဲဒီတုန်းက ရဲချုပ်တာဝန်ထမ်း ဆောင်နေတဲ့ ဦးခင်ရီကို မေးခဲ့ဖူးပါ တယ်ခင်ဗျ။ အရင် နအဖ အစိုးရဲ့ သတင်း ထုတ်ပြန်ရေးကော်မတီက လုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲ ၇/၂ဝဝ၆ မှာ မေးခဲ့တာပါခင်ဗျ။ ဦးခင်ရီက ဘာပြန်ဖြေခဲ့သလဲ ဆို တော့ကာ ''စွမ်းအားရှင်ဆိုတဲ့ ဝေါဟာရဲ့ အဓိပ္ပာယ်ဟာ နိုင်ငံ့ အင်အားဖြစ်တဲ့ ပြည်သူတွေကို ဆိုလိုကြောင်း၊ နိုင်ငံရဲ့ အရေးကိစ္စ တွေကို ကိုင်တွယ် ရတဲ့အခါတွေမှာ အဲဒီ အင်အားတွေရဲ့ အထောက် အကူလည်း လိုအပ်ကြောင်း၊ မီး သတ်၊ ကြက်ခြေနီနဲ့ရပ်ကွက် အေး ချမ်းသာယာရေး နဲ့ဖွံ့ဖြိုးရေးကောင်စီ ဝင်တွေဟာ တရားဥပဒေ စိုးမိုး ရေးနဲ့ အေးချမ်း သာယာရေးကို လုပ်ခ လစာမယူဘဲ စေတနာအ လျောက် ပါဝင်ဆောင် ရွက်နေကြ သူတွေ ဖြစ်ကြတာကြောင့် သူတို့ ကို နိုင်ငံတော်က ဂုဏ်ပြုတဲ့အနေနဲ့ စွမ်းအားရှင်လို့ ခေါ်ဝေါ်တာဖြစ် ကြောင်း'' ပြန်ဖြေခဲ့ပါတယ်ခင်ဗျ။ ဒီတော့ကာ ဦးခင်ရီပြောခဲ့တဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ မတ်လ ၅ ရက်နေ့ ညနေပိုင်းဖြစ်ရပ် မှာပါခဲ့ရင်တော့ သူတို့ကိုစွမ်းအား ရှင်လို့ ခေါ်ချင်ခေါ်နိုင် သပေါ့ဗျာ။ ခုတော့ဖြင့် မြင်နေရတာကတော့ ဥပဓိသမ္ပတ္တိနုံချာလှတဲ့ ရုပ်တွေ၊ အားနွဲ့တဲ့ မိန်းမသားလေးတွေကို အကြမ်းဖက်ရတာ အင်မတန်မှကို နှစ်ထောင်းအားရဖြစ်နေတဲ့ ရုပ် တွေဆိုတော့ကာ စွမ်းအားရှင်ဆိုတဲ့ စကားလုံးနဲ့ မတန် လောက်ပါဘူး (စိတ်ဓာတ် အစိုင်အခဲဟာ ရုပ်ဖြစ် တယ်ဆိုတဲ့ စကားများတယ် မှန် သကိုးဗျ)။ ပြောစရာတစ်ခုရှိတာက ဆန္ဒ ပြနေကြသူတွေကို လူစုခွဲဖို့ ကြေ ညာရာမှာ၊ ''အကယ်၍ လူစုမခွဲ ပါက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇ နဲ့ ၁၂၈ တို့အရ လူစု ခွဲမယ်'' ဆိုတဲ့စကားပါခဲ့တယ်ဗျ။ အဲဒီပုဒ်မ ၁၂၈မှာကတော့ ''လူစု မခွဲတော့ဘူးဆိုတာ ထင်ရှားတဲ့ အမူအရာတွေ့ရင် လက်နက်ကိုင် မဟုတ်သူမည်သည့် အမျိုး သားကို မဆို အကူအညီတောင်းနိုင်တယ်၊ အဲဒီသူတွေအင်အားနဲ့ လူစု ခွဲရ မယ်'' လို့ ဆိုထားသဗျ။ ဒီပုဒ်မက လည်း သူခိုး၊ ဓားပြအုပ်စု၊ လူရမ်း ကားအစုအဝေးတွေကို ရဲက ဖမ်း ဆီးရာမှာ အများပြည်သူရဲ့ အင် အားကို တရားဝင်ယူသုံးနိုင်အောင် စီစဉ်ထားတဲ့ ပုဒ်မတစ်ခုလို့ သိရ တယ်ဗျ။ ဟုတ်ပြီ ... သက်ဆိုင်ရာ တာဝန်ရှိသူကလည်း အဲဒီပုဒ်မတွေ ကိုသုံးမယ်လို့ ကြေညာသွားတဲ့ အပြင် အကြမ်းဖက်တဲ့ အရပ်ဝတ် တွေရဲ့လက်တွေ မှာလည်း''တာဝန်''ဆိုတဲ့လက်ပတ်နီတွေ ပတ်ထား ပြန်သေးဆိုတော့ကာ ဒါဟာဘေး က ရပ်ကြည့်နေရင်း သို့မဟုတ် ခရီးသွား ဟန်လွှဲအမြင်မတော်လို့ ဝင်လူစုခွဲပေးတဲ့သူတွေ မဟုတ် တော့တာ သေချာသွားပြီ။ဒါကြောင့် ဒီဆေးမင်ကြောင် ဗရပွနဲ့ ဥပဓိရုပ် နုံချာသူ တွေဟာသေသေချာချာကို စုဆောင်းပြီး ခေါ်လာတယ်လို့ ကောက်ချက်ချနိုင်တယ်ဗျ။ အဲသည်မှာ မေးစရာပေါ်လာ တာကတော့ အဘယ်ကြောင့် ခေါ်လာရ သနည်း ဆိုတာပါပဲဗျာ။ သေသေချာချာ တွေးကြည့်ရင် ပြည်သူအချင်းချင်း ရန်တိုက်ပေး သလိုဖြစ်နေပါတယ်ခင်ဗျ။ ရဲအလုပ် ရဲလုပ်တာကို ဘာမှ စောဓက တက်စရာ မရှိဘူးဗျ။ ကိုယ်ပြစ်မှုတစ်ခုခုကျူးလွန်မိပြီဆိုရင် ရဲက သူ့တာဝန်ရှိတဲ့အတိုင်း အရေးယူ ဆောင်ရွက်တာကိုတော့ ခံရမှာပဲ။ ဒါဟာ သူ့တာဝန်သူလုပ်တာ ဖြစ် တယ်ဗျ။ ခုဟာက ဘယ်ကလူတွေ မှန်းမသိ တာဝန်သိပြည်သူလိုလို တာဝန်ရှိသူလိုလိုနဲ့ တာဝန် လက် ပတ်တွေပတ်ပြီး အနိုင်အထက်တွေ လုပ်ကြတာဗျ။ ဒီတော့ကာ ကိုယ့် မောင်နှမသား ချင်းတွေကိုများ ဒီ လိုလုပ်တယ်လို့ မြင်ရကြားရသူ တိုင်း စိတ်ထဲမှာဘယ်လို ဖြစ်မ လဲဗျာ။သူသူကိုယ်ကိုယ် ဘယ်ကျေ နပ်လိမ့် မတုန်းဗျ။ ပြီးတော့ကာ အများပြည်သူတွေ နေရထိုင်ရတာ မှာလဲ လုံခြုံမှုရှိတယ်လို့ဆိုနိုင်ပါတော့မလား။ အဲဒီလက်ပတ်နီတွေ ဆိုတာ ဟာလည်း သူတို့ကိစ္စ ပြီးတော့ လူထုအကြားမှာပဲ ပြန်နေထိုင် လှုပ်ရှားကြရမှာလေ။ခုတော့ သူတို့ မျက်နှာတွေကတလောကလုံး ပျံ့နှံ့ နေပြီ။ လူတိုင်းနီးပါး ဒီမျက်ခွက် တွေကို သိနေကြပြီ။ ဆိုတော့ကာ အဲသည်နေ့က အကြမ်းဖက် ဖြိုခွဲ သူတွေကိုယ့်အိမ်ကိုယ့်ရာမှာ အေး အေးချမ်းချမ်း နေနိုင်ကြပါတော့ မလားဗျာ။ သူတို့ကို ခေါ်ပြီးခိုင်းတဲ့ သူတွေကရော ၂၄ နာရီ လုံခြုံရေး စောင့်ရှောက်ပေးနိုင်ပါ့မလားဗျာ။ ကိုင်း ....အိမ်ခြေရာခြေ မရှိပါ ဘူးဆိုရင်လည်း သူ့ပတ်ဝန်းကျင်က လူတွေကြားထဲမှာ စိတ်ချလက်ချ နေနိုင်ပါ့မလားဗျာ။ သူ့ပတ်ဝန်း ကျင်က လူတွေကလည်း သူ့လို လူစားတွေ ချည်းပါပဲဆိုရင်တောင် သည်လူဟာ လူတောသူတောထဲကို ရဲရဲ တင်းတင်းသွားနိုင်လာနိုင်ပါ့ မလားဗျာ။ မတော်အမြင်ကပ်တဲ့ သွေးဆူ သူတွေက တွေ့သွားလို့ သူခိုးဗျို့ အော်လိုက်ရင်ကို တော် တော် ဒုက္ခရောက်ဖွယ်ရှာ ရှိပါ သဗျ။ ဆိုလိုရင်းကတော့ ပြည်သူ ထဲမှာ လူတန်းစား နှစ်မျိုး ထပ်ကွဲ သွားပြီး အဲသည်လူတန်းစားနှစ် ရပ်ဟာလည်းမိတ်ဆွေတွေ မဟုတ် ဘဲ ရန်သူဖြစ်သွားကြတာဟာ နောင်အရှည်အတွက် မကောင်းတဲ့ ကိစ္စပါပဲခင်ဗျ။ မျက်နှာချင်းဆိုင် ရင်ဆိုင်တွေ့တာကမှ သိသိသာသာ ထင်ထင်ရှားရှား ရှိသေးတယ် ခု ဟာကဖြင့် ဘယ်သူ့ဘယ်သူကြောက် ရမှန်းမသိဖြစ်တဲ့ကိစ္စဗျ။ ခုလဲ အဲဒီလက်ပတ်နီတစ်ချို့ က သူတို့အနေနဲ့ မလိမ့်တစ်ပတ် လုပ်ပြီး အခေါ်ခံကြတာပါလို့ပြော တဲ့သူကပြော၊ ဒီအတွက် အခကြေး ငွေလဲ တစ်ပြားတစ်ချပ် မှမရပါဘူး ဆိုတဲ့သူဆိုဖြစ်လာကြပြီဗျ။ ပြီး တော့လဲ အဲသလို ဘုမသိဘမသိနဲ့ ခေါ်ရာပါသွားပြီး ခိုင်းသလိုလုပ် ခဲ့မိတာကိုလဲ ပြန်တောင်း ပန်ချင် တယ်လို့ ပြောတဲ့သူတွေလဲရှိလာ ကြပြီဗျ။ လက်ပတ်နီတွေနေထိုင် ကြတဲ့ ရပ်ကွက်တစ်ချို့က ဆိုရင်လဲ သူတို့ရပ်ကွက်ကို အထင်အမြင် သေး နှာခေါင်းရှုံ့ကြမှာကို စိုးရိမ် နေကြတယ်လို့သိရပြန်တယ်။ စိုးရိမ်မယ်ဆိုလဲ စိုးရိမ်စရာ ပါပဲ။ ဖေ့စ်ဘွတ်မှာလဲ ဒီပုံထဲက လူတော့ ဘယ်သူ ဘယ်ဝါဖြစ် တယ်၊ ဘယ်မှာ နေတယ်၊ ဘာ လုပ်တယ်စသည်ဖြင့် ရေးလာနေ ကြသကိုး။ ဂျာနယ်တစ်စောင်က ဆိုရင် လက်ပတ်နီ ၁ဝ ဦးကျော်ရဲ့ နေရပ်လိပ်စာကိုသိခဲ့ပြီး၊ ငါးဦး ကျော်ရဲ့ အမည်နေရပ်လိပ်စာနဲ့ ဖုန်းနံ ပါတ်တွေကိုတောင် သိထား ပြီလို့ ဆိုသဗျ။ နောက်တစ်ခုကတော့ နိုင်ငံ တကာအမြင်မှာလည်း တော်တော် ရုပ်ဆိုးတဲ့ ကိစ္စပါပဲဗျာ။ နိုင်ငံခြား သားတွေဟာ နိုင်ငံတစ်နိုင်ငံရဲ့ အကြောင်း ကိုမီဒီယာတွေက ပြော သမျှထက်ပိုသိတာ အင်မတန် နည်းပါသဗျ။ ခုဆို နိုင်ငံတကာ မီဒီယာတွေကလည်းရေး ကြပြော ကြပြီ။ ရန်ကုန်မြို့ ဆိုတာကြီးဟာ အခန့်မသင့်ရင် တာဝန်လက်ပတ် နီပတ်ထားသူတွေရဲ့ ရိုက်နှက်ထိုး ကြိတ်တာခံရတဲ့မြို့ တစ်မြို့ပါက လားလို့ အထင်ရောက် မသွားနိုင် ပေဘူး လားဗျာ။ နောက်တစ်ခုကတော့ အုပ် ချုပ်သူ အာဏာပိုင်တွေအပေါ်မှာ နဂိုရ်ကမှ သံသယတွေ များနေရတဲ့ အထဲ သံသယအစိုင်အခဲ ပိုကြီးမား မသွားနိုင်ဘူးလားဗျာ။ အများပြည် သူခေါင်းထဲမှာ သံသယအတွေး တွေ ပေါ်မသွားနိုင်ပေဘူးလားဗျာ။ တိုင်းပြည်အတွက်အင် မတန်နစ် နာသဗျ။ စာရေးဆရာ ကျော်ဝင်းက တော့ သမ္မတကြီးရဲ့နိုင်ငံရေး 'စန်း' ကို အခြေမှကိုင်လှုပ်လိုက်တာဖြစ် သလိုလက်ရှိ ဒီမိုကရေစီ အပြောင်း အလဲကိုပါ ဆိုးဆိုးရွားရွား ထိခိုက် နိုင်စရာရှိကြောင်း၊ အကြီးကြီးမှား သွားခြင်းဖြစ်ပြီး ပြင်ဖို့မလွယ်သည့် တိုင်အောင် မဖြစ်မနေပြင်ရမည် ဖြစ်ကြောင်း၊အဲဒီအတွက် ရက်ရက် စက်စက် ရိုးသားနိုင်မှ တော်ကာကျ မယ်ဖြစ်ကြောင်းတွေကို ဂျာနယ် တစ်စောင်မှာ ရေးလိုက်သေးသဗျ။ တစ်ခုပြောစရာ ကျန်သေး တာက အဲသည် ထိုးဟယ်နှက်ဟယ် ဆွဲ ဟယ်ရမ်းဟယ်နဲ့ အကြမ်းဖက် အနိုင်ကျင့် ဗိုလ်ကျသူတွေဟာ ''စွမ်းအားရှင်'' ဆိုတဲ့အသုံးရဲ့ ရည် ရွယ်ရင်း အဓိပ္ပာယ်နဲ့ သွေဖည်နေ လို့ ဒီဝေါဟာရနဲ့မခေါ်သင့်ဘူးဆို ရင် ဘယ်လိုခေါ်သင့်သလဲဆိုတာ မေးစရာရှိ ပြန်တယ်ဗျ။ လွယ်လွယ် လေးပါဗျ။ မြန်မာစကားမှာ ဝေါ ဟာရတွေ အများကြီးပါ။ ''အချိန် ပိုင်းလူမိုက်'' လို့သာ ခေါ်လိုက် ကွက်တိဖြစ်စေရမယ်ဗျ။ ဟက်ကာ

No comments:

Post a Comment