Friday, August 28, 2015

Election နီးပြီ

Electionတော့နီးလာပြီ အသုံးမကျတဲ့ဖွတ်ကျားတွေလာတော့မယ်

Sunday, August 9, 2015

အမေစုလာမည်

မနက်ဖြန်ဒေါအောင်ဆန်းစုကြည်လာမည်ရေဘေးသင့်ဒေသသို့သွားရောက်ကြည့်ရှုလိမ့်မည်

ကျွဲတဲကကိုမောင်မောင်

ကိုမောင်မောင်တစ်ယောက်အားအားယားယားလက်ဖက်ရည်ဆိုင်ထိုင်နေသည်

Wednesday, August 5, 2015

ရေဘေးသင့်ပြည်သူများ

ရေကြီးမူ့ကတစ်နိုင်ငံလုံးဖြစ်နေတာပဲ

Tuesday, June 9, 2015

သရဲပူးသည်ဟုဆိုကာ အထိတ်တလန့်ဖြစ်

ဝါးတရာ အထည်ချုပ်စက်ရုံတွင် သရဲပူးသည်ဟုဆိုကာ ဝန်ထမ်းများ အထိတ်တလန့်ဖြစ် ရန်ကုန်၊... The Voice Weekly's Facebook Wall / The Voice Weekly / 9 hours ago ဝါးတရာ အထည်ချုပ်စက်ရုံတွင် သရဲပူးသည်ဟုဆိုကာ ဝန်ထမ်းများ အထိတ်တလန့်ဖြစ် ရန်ကုန်၊ ဇွန် ၈ ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ရှိ အလုပ်သမား ၈၀၀ ခန့် လုပ်ကိုင်နေသော တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတွင် ဇွန်လ ၆ ရက် နံနက် ၁၁ နာရီခွဲက စက်ချုပ်နေသော အသက် ၂၁ နှစ်မှ ၂၅ နှစ် အရွယ်ကြားရှိသော အလုပ်သမား အမျိုးသမီးသုံးဦးကို သရဲဝင်ရောက် ပူးကပ်သည်ဆိုကာ မူးလဲကျရာမှ အလုပ်သမားများ အထိတ်တလန့် ဖြစ်ခဲ့ရကြောင်း စက်ရုံအလုပ်သမားများထံမှ စုံစမ်းသိရှိရသည်။ “စက်ချုပ်နေတဲ့ သူတွေထဲမှ ဒီသုံးယောက်က တုန်တုန်ယင်ယင်နဲ့ မျက်ဖြူလန်ပြီး လဲကျသွားတာ၊ ကျန်တဲ့အလုပ်သမားတွေကလည်း လန့်ဖျပ်သွားတယ်” ဟု မျက်မြင်တွေ့ရှိခဲ့သော အထည်ချုပ် အလုပ်သမတစ်ဦးက ပြောကြားသည်။ အဆိုပါစက်ရုံတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများကို မကြာခဏ သရဲခြောက်လန့်မှုများ ရှိကြောင်း၊ အလုပ်သမားများ ချုပ်လက်စ အထည်များကို ဆွဲယူခြင်း၊ စက်ရုံအတွင်း ဖြတ်သန်းသွားလာနေသော လူပုံသဏ္ဌာန် အရိပ်အယောင်များ မကြာခဏမြင်ရခြင်း၊ အမဲသားဟင်း၊ ဝက်သားဟင်း ထည့်လာသော ထမင်းချိုင့်များကို ဆွဲချခြင်း၊ ခုံများကို တွန်းခြင်းများအပြင် သန့်စင်ခန်းတံခါးများမှာ အလိုအလျောက် ပိတ်နေခြင်း၊ သန့်စင်ခန်းတံခါးအတွင်း ချက်များ လူမရှိဘဲ ကျနေခြင်းတို့ ဖြစ်ပေါ်ကာ စက်ရုံအလုပ်သမားများကို မကြာခဏ ခြောက်လှန့်ကြောင်း စက်ရုံအလုပ်သမားများက တညီတညွတ်တည်း ပြောကြားသည်။ ယခင်က စက်ရုံတွင်း သရဲခြောက်လန့်မှုသာ ကြုံတွေ့ခဲ့ရသော်လည်း စက်ရုံအလုပ်သမားများကို သရဲပူးကာ ခြောက်လှန့်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ သရဲပူးကာ ခြောက်လှန့်မှုကြောင့် ယင်းနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ရွှေပြည်သာမြို့နယ် အမှတ် ၈ ရပ်ကွက်ရှိ ရွှေဒါးဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးနန္ဒိယ အပါအဝင် သံဃာငါးပါး ပင့်ဖိတ်ကာ စက်ရုံအတွင်း ပရိတ်တရားတော်များ နာယူခဲ့ကြောင်း စက်ရုံအလုပ်သမားများထံမှ သိရှိရသည်။ “စက်ရုံထဲမှာ မကြာခဏ အလုပ်သမားတွေ သရဲခြောက်ခံရတာမျိုး ကြုံရတယ်လို့ ပြောတာကြောင့် ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အများအမြင်မှာ စိတ်သန့်သွားအောင် စက်ရုံထဲမှာ ပရိတ်ရွတ်ဖတ်ခဲ့ပါတယ်” ဟု ယင်းစက်ရုံမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ သရဲဝင်ရောက် ပူးကပ်သည်ဆိုသော အလုပ်သမသုံးဦးကို စက်ရုံတာဝန်ရှိသူများက နေအိမ်သို့ အသီးသီး ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း၊ ယင်းနောက် မွန်းလွဲ ၁ နာရီတွင် လုပ်ငန်းခွင်ကို နေ့တစ်ပိုင်း ရပ်နားကာ အလုပ်ဆင်းခွင့် ပြုခဲ့ကြောင်း ယင်းစက်ရုံ တာဝန်ရှိသူများထံမှ သိရှိရသည်။ Visit website

Sunday, June 7, 2015

ဖုန်း second hand ရောင်းဝယ်ရေး

Sunday June 7.6.2015 Up to Date များ LG G3 DualSim Ram3GB Rom 32GB White All ac... ကိုပဲလေး's Facebook Wall / ကိုပဲလေး / 21 hours ago Sunday June 7.6.2015 Up to Date များ LG G3 DualSim Ram3GB Rom 32GB White All accessories box@ရှယ်သန့်ဒယ် 330000 Kyats Samsung Galaxy Note2 Gray All accessories no box@ 180000 Kyats Samsung Galaxy Grand2 Blue DualSim All accessories no box@ 150000 Kyats Sony XperiaZ 4G lte Purple 16.9.2014ဘောင်ချာပါ All accessories box@ 150000 Kyats Samsung Galaxy Grand2 Black All accessories no box@ 150000 Kyats Samsung Galaxy Grand2 Dual sim White Charger Only @140000 Kyats Sony Xperia M2 DualSim Black 10.4.2015ဘောင်ချာပါ All accessories box@ 1400000 Kyats Samsung Galaxy Grand2 White Ooredoo မရပါ Charger Only@ 120000 Kyats iPhone 4 32GB LL/A USA Made Charger Only@ 110000 Kyats Huawei Ascend G6 G/W DualSim Gray Charger Only@အလုံးသန့် 105000 Kyats Huawei Ascand D2 Black All accessories box@100000 kyats Samsung Galaxy Win G/W Dual White All accessories box@ 95000 Kyats Samsung Galaxy Grand G/C Dual Black All accessories box@ 95000 Kyats Oppo Neo3K DualSim Gray All accessories no box@85000 Kyats Redmi2 C/G Dualsim Gray Charger Only@ 75000 Kyats Huawei G730 CDMA Black Charger Only@ 65000 Kyats Huawei G610 G/W White Charger Only@65000 Kyats Huawei Y220T Charger Only@ 28000 Kyats 0925 707 2221 0925 707 2223 0925 707 2224 0925 707 2225 0925 707 2226 0925 707 2228 0925 707 2229 (1Card 10000 Kyats) Software ကျွမ်းကျင် 150000ကျပ် Wifi free ပေးမည် လသာလမ်း Mobile (Call me 09 45000 1727) လသာလမ်း ရဲစခန်း ဘေး တိုက် 122 မြေညီ မနက် 9:00 မှ ည 9:00 အထိ ပိတ်ရက်မရှိ ဝယ်ရောင်း အလည်းအထပ် ရသည် ။ "" ဦးရာလူ စနစ်"" (ပစ္စည်းချန်ထားပေးရန် ဖုန်းဆက်ခြင်း သီးခံပါ) ကိုပဲလေး 09 45000 17 27 ***** 09 9700 111 93 09 79017 47 54 09 420 128 256 (Offline ဖုန်းဈေးနုန်းတွေကြည့်ရန် )download Link http://www.solidfiles.com/d/de0018211e/kopaelay-v1.0.apklll

Wednesday, May 6, 2015

မေတ္တာရပ်ခံခြင်း

ကျွန်တော် ကိုလူလန်းလေးမှ ယခုရက်များအတွင်းအလုပ်များမအားပါသဖြင့် နောက်ဆုံးရသတင်းများတင်ရန် ပျက်ကွက်ခဲ့ပါ၍အနှုးအညွတ်တောင်းပန်အပ်ပါသည်

Sunday, May 3, 2015

အနည်းဆုံးလုပ်အားခ

အလုပ်ရှင်များက တစ်ရက်လုပ်ခ ၁၅၀၀ သာပေးလို၊ အလုပ်သမားများက အနည်းဆုံး ကျပ် ၄၀၀၀ ပေး... The Voice Weekly's Facebook Wall / The Voice Weekly / 6 days ago အလုပ်ရှင်များက တစ်ရက်လုပ်ခ ၁၅၀၀ သာပေးလို၊ အလုပ်သမားများက အနည်းဆုံး ကျပ် ၄၀၀၀ ပေးရန် တောင်းဆို ရန်ကုန်၊ ဧပြီ ၂၆ တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီအတွက် လုပ်အားခ ကျပ် ၁၅၀၀ သာ ပေးရန် အလုပ်ရှင်များဘက်က အဆိုပြုထားသော်လည်း အလုပ်သမားများက အနည်းဆုံး လုပ်အားခအဖြစ် ကျပ် ၄၀၀၀ ထက် မလျော့နည်းဘဲ သတ်မှတ်ပေးရန် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် တောင်းဆိုလိုက်သည်။ အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးနှင့် အလုပ်သမားများ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ပင်လုံခန်းမတွင် ဧပြီလ ၂၆ ရက်နေ့က တွေ့ဆုံစဉ် အလုပ်သမားများက ယင်းသို့ တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ သိရှိရသည်။ အလုပ်ချိန် ရှစ်နာရီအတွက် လုပ်အားခအဖြစ် နိုင်ငံ့ဝန်ထမ်းများနည်းတူ ကျပ် ၄၀၀၀ အနည်းဆုံး သတ်မှတ်ပေးရန် တောင်းဆိုခဲ့ပြီး ယင်းလုပ်ခတွင် လူမှုဖူလုံရေးကြေးနှင့် အလုပ်သမားများ ရရှိနေသည့် အခြားအခကြေးငွေများ မပါဝင်ကြောင်း မြန်မာနိုင်ငံ တောင်သူလယ်သမား စိုက်ပျိုးရေးနှင့် စားသောက်ကုန် ထုတ်လုပ်ငန်းဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူးချုပ် ဦးဇာနည်သွေးက ပြောကြားသည်။ ကျပ် ၄၀၀၀ သတ်မှတ်ပေးရန် အလုပ်သမားအများစုက တောင်းဆိုခဲ့ခြင်း ဖြစ်ပြီး အချို့လုပ်သမားများက ကျပ်ငါးထောင်ကျော်အထိ တောင်းဆိုတင်ပြခဲ့ကြကြောင်း ၎င်းကဆိုသည်။ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) မှ ဥက္ကဋ္ဌ ဦးအောင်လင်းက အလုပ်သမားများအတွက် အနည်းဆုံး လုပ်အားခ သတ်မှတ်ရာတွင် နိုင်ငံ့ဝန်ထမ်းများ ဧပြီလတွင် စတင်ရရှိမည့် လစာနှုန်းထားထက် လျော့နည်းသတ်မှတ်ပေးမည်ဆိုပါက လက်မခံကြောင်း ပြောကြားသည်။ “ယနေ့ နိုင်ငံ့ဝန်ထမ်းတွေကို ပေးထားတဲ့လစာဟာ တစ်သိန်းနှစ်သောင်း ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံတော်အစိုးရက ကိုယ့်နိုင်ငံသား ဝန်ထမ်းတွေကို အကာအကွယ်ပေးထားတဲ့ လစာဖြစ်ပါတယ်။ ကျွန်တော်တို့ကိုလည်း တစ်သိန်းနှစ်သောင်းထက် လျှော့ပေးလို့မရဘူး” ဟု ၎င်းကဆိုသည်။ အထည်ချုပ်လုပ်ငန်းရှင် အများစု အပါအဝင် CMP လုပ်ငန်းရှင်များကမူ အလုပ်သမားများကို တစ်ရက်လျှင် အလုပ်ချိန် ရှစ်နာရီအတွက် ကျပ် ၁၅၀၀ ပေးနိုင်မည်ဟု အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်နှင့် ဧပြီလ ၂၅ ရက်နေ့က တွေ့ဆုံစဉ် တင်ပြခဲ့ကြသည်။ အလုပ်သမားများ၏ နေထိုင်စားသောက်မှု ကုန်ကျစရိတ်စစ်တမ်း၊ အစိုးရက နိုင်ငံ့ဝန်ထမ်းများကိုပေးသည့် လစာနှုန်းထားများနှင့် နှိုင်းယှဉ်ကာ အလုပ်သမားများကို တစ်ရက် အနည်းဆုံး လုပ်အားခ ကျပ်သုံးထောင်ဝန်းကျင်ပေးရန် ဦးအေးမြင့်က ညှိနှိုင်းခဲ့သော်လည်း အလုပ်ရှင်များက လက်ခံခြင်း မရှိခဲ့ပေ။ တစ်ရက် အနည်းဆုံး လုပ်အားခကို ကျပ် ၁၅၀၀ ထက် တိုးမြှင့်မည်ဆိုပါက CMP လုပ်ငန်းရှင်များအတွက် လုပ်ငန်း ဆက်လက်လုပ်ကိုင်ရန် အခက်အခဲရှိကြောင်း အဆိုပါ လုပ်ငန်းရှင်များက တင်ပြခဲ့ကြသည်။ သစ်အချောထည်လုပ်ငန်း လုပ်ကိုင်သည့် လုပ်ငန်းရှင်အချို့ကမူ တစ်ရက် အလုပ်ချိန် ရှစ်နာရီအတွက် အနည်းဆုံး လုပ်အားခအဖြစ် အလုပ်သမားကို ကျပ်သုံးထောင် ပေးနိုင်သည်ဟု တင်ပြခဲ့ကြသည်။ အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်၍ အလုပ်ရှင်၊ အလုပ်သမား၊ အစိုးရ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ အနည်းဆုံး လုပ်အားခ သတ်မှတ်ရေးနှင့် ပတ်သက်သည့် ပညာရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲကို မေလအတွင်းတွင် ပြုလုပ်မည်ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောကြားသည်။ Visit website

Wednesday, April 22, 2015

ကိုးကန့်တိုက်ပွဲအခြေအနေ

ကိုးကန့်တိမ်းရှောင် အဖွဲ့ဝင်များ၏ အဓိက နေရာတစ်ခုလုံးကို တင့်ကား ၁၄၇စီးဖြင့် မြန်... Myanmar Forward's Facebook Wall / Myanmar Forward / 23 hours ago ကိုးကန့်တိမ်းရှောင် အဖွဲ့ဝင်များ၏ အဓိက နေရာတစ်ခုလုံးကို တင့်ကား ၁၄၇စီးဖြင့် မြန်မာ့တပ်မတော်က သိမ်းပိုက် Tuesday, April 21, 2015 တပ်မ ၆၆ လက်အောက်ခံ စစ်ကြောင်းများသည် ကိုးကန့် ဒေသအတွင်း ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် ၂၀၁၅ ဖေဖော်ဝါရီလမှ ဧပြီလ ၁၆ ရက်နေ့အထိ တိုက်ပွဲပေါင်း ၂၅၃ ကြိမ်ဖြစ်ပွားပြီး အရေးပါသည့် ဗျူဟာကုန်းများကို သိမ်းပိုက်ရရှိခဲ့သည်။ ကိုးကန့် တိမ်းရှောင် အဖွဲ့ဝင်များ အဓိက အခြေပြုထားသည့် ပါစင်ကျော် အရှေ့မြောက်ဘက် ဒေသများကို တပ်မတော် စစ်ကြောင်းများက သင်္ကြန်ကာလအတွင်း သံချပ်ကာ တိုက်ယာဉ် ၁၄၇ စီး အပါအ၀င် လက်နက်ကြီး ပစ်ကူများ ရယူပြီး တိုက်ခိုက်ခဲ့သည်။ ကိုးကန့် သောင်းကျန်းသူများကလည်း ပေ ၅၀၀၀ကျော် မြင့်မားသည့် ပွိုင့် ၁၅၈၄ တောင်ကုန်းအား အခိုင်အမာ ဘန်ကာများ ပြုလုပ်ပြီး၊ လက်နက်ကြီးများ၊ လက်နက်ငယ်များ၊ စနိုက်ပါများ၊ စက်လက်များ၊ လက်ပစ်ဗုံးများ၊ အာပီဂျီများ အသုံးပြုကာ အဆင့်ဆင့် ခုခံခဲ့သည်။ သို့သော် လှံစွပ်ထိုး တိုက်ခိုက်မှု ၄၆ကြိမ်၊ ခုခံတိုက်ခိုက်မှု ၃၂ကြိမ် ပြုလုပ်ပြီးနောက် စခန်းကို စွန့်ခွာ ထွက်ပြေးသွားခဲ့သည်။ ပွိုင့် ၁၅၈၄ တောင်ကုန်းကို သိမ်းပိုက်ပြီးနောက် အရေးပါသည့် ပွိုင့် ၁၅၈၆၊ ပွိုင့် ၁၈၄၅ တို့ကို ဆက်တိုက်ရယူပြီး၊ အရေးပါသည့် စင်းရွှေထန် ကျေးရွာကို ဆက်လက် သိမ်းပိုက်ခဲ့သည်။ ယင်းသို့ တိုက်ခိုက်ရာတွင် မလိုအပ်ဘဲ တရုတ်နိုင်ငံဘက်သို့ လက်နက်ကျည် မကျရောက်စေရန် သံချပ်ကာ တိုက်ယာဉ်များ အသုံးပြုခဲ့ခြင်းဖြစ်ပြီး ဘက်စုံသုံး ဒုံးကျည် ပစ်ခတ်မှု စနစ်ကိုလည်း သုံးစွဲခဲ့ကြောင်း တပ်မတော် အရာရှိကြီး တစ်ဦးမှ အတည်ပြု ပြောကြားခဲ့သည်။ Tomorrow Visit website

Tuesday, April 21, 2015

တပ်မတော်နှင့်ကေအိုင်အေတိုက်ပွဲပြန်လည်ဖြစ်ပွား

တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား ---------------------------... Aye Chan Mon's Facebook Wall / Aye Chan Mon / 12 hours ago တပ်မတော်နှင့် ကေအိုင်အေ တိုက်ပွဲများ ပြန်လည်ဖြစ်ပွား -------------------------------------- မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ကြား ဖားကန့်နှင့် တနိုင်းဒေသများတွင် သုံးရက် ဆက်တိုက် တိုက်ပွဲများပြန်လည် ဖြစ်ပွားနေပြီး စစ်ရေးအခြေအ နေ တင်းမာနေကြောင်း သတင်း ရရှိသည်။မြန်မာ့တပ်မတော်တပ်မ (၄၄) လက်အောက်ခံစစ်ကြောင်း များနှင့် ကေအိုင်အေတပ်ရင်း (၆)တို့ ဖားကန့်မြို့နယ် ကံစီးကျေးရွာ ၀န်းကျင်တွင် ဧပြီ ၁၈ ရက်က တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနောက် သုံးရက်ဆက်တိုက်တိုက်ပွဲပြန်လည်ဖြစ်ပွားနေကြောင်း ကေအိုင်အေ အဆင့်မြင့်အရာရှိတစ်ဦးကပြောသည်။ ‘‘ဧပြီ ၁၈ ရက်က တပ်ရင်း (၆)အထိုင်ချထားတဲ့ နေရာဘက် ကို တပ်မတော်က လာတာမှာ မိုင်းနင်းမိတယ်။ ကျွန်တော်တို့က ပစ်တယ်ဆိုပြီး ညနေပိုင်းမှာ အင် အားအများအပြားနဲ့ စခန်းငယ် လေးတစ်ခုကို လာသိမ်းတယ်။ မနေ့ကရော၊ ဒီနေ့ရော နေ့တိုင်း ကြိုးကြားတိုက်ပွဲတွေဖြစ်တယ်’’ ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။ ထို့အပြင် တနိုင်းဒေသတွင် ဧပြီ ၁၈ ရက်က မြန်မာ့တပ်မ တော်နှင့် ကေအိုင်အေတို့ စစ်ရေးတင်းမာမှုများစတင်ဖြစ်ပွားခဲ့ပြီး ဧပြီ ၂၀ ရက်တွင် တပ်မတော်စစ်ကြောင်းများနှင့် ကေအိုင်အေ တပ်ရင်း (၁၄) တို့တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အစိုးရနှင့် မြန်မာ့တပ်မ တော်ဘက်ကမူ ကေအိုင်အေနှင့် ပြန်လည်ဖြစ်ပွားသော တိုက်ပွဲများနှင့် စပ်လျဉ်း၍ သတင်းထုတ်ပြန် ပြောကြားခြင်း မရှိသေးပေ။ 7Day Daily Visit website

Monday, April 20, 2015

ရခိုင်တပ်မတော်နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်ပွား

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အတွင်း၌ ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော် အကြား ဧပြီ ၁၇ ရက်က စတင်ပြီး ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေကြောင်း သိရသည်။ ကျောက်တော်မြို့နယ် စပါးဆိပ် ကျေးရွာနှင့် အောင်လံချောင်း ကျေးရွာ အနီးတွင် ရက္ခိုင့်တပ်မတော် အမှတ် (၅) ဗျူဟာ လက် အောက်ခံ လှုပ်ရှားတပ်ရင်းများနှင့် ကျောက်တော် အခြေစိုက် ခြေမြန်တပ်ရင်း(ခမရ) ၅၃၉ များကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ် သည်။ “ဒီ ၃ ရက် အတွင်းမှာ ၁၈ ရက်နေ့က တိုက်ပွဲက ပိုပြင်းထန်တယ်။ ဟိုဘက်ဒီဘက် အပြန်အလှန် လက်နက်ကြီးတွေနဲ့ပါ ပစ်ကြ တာ” ဟု ရက္ခိုင့်တပ်မတော် ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဧရာဝတီကို ပြောသည်။ ၃ ရက်ဆက်တိုက် ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲများအတွင်း ရက္ခိုင့်တပ်မတော်ဘက်က တပ်သားတဦး ဒဏ်ရာ ရရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားရာ ဒေသများဖြစ်သည့် ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ စစ်တွေမြို့များရှိ အစိုးရ တပ်များသို့ လက်နက်ခဲယမ်းများနှင့်အတူ တပ်အင်အား ဖြည့်တင်းမှုများ ဆက်လက် ပြုလုပ်လာခြင်းကြောင့် တိုက်ပွဲများ ထပ်မံဖြစ် လာနိုင်သည်ဟု ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆက်ပြောသည်။ ဧပြီ ၁၇ ရက်ထုတ် အစိုးရ သတင်းစာများတွင် အောင်လံချောင်း ကျေးရွာအနီး နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေသည့် တပ် မတော် စစ်ကြောင်းနှင့် ရခိုင်လက်နက်ကိုင် အဖွဲ့တဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရခိုင်လက်နက်ကိုင် အဖွဲ့ပိုင် ပြောက်ကျား ကျောပိုး အိတ် ၂ လုံး၊ မြန်မာငွေ ၁၂၀၀၀၀ ကျပ်၊ Ipad ၁ လုံး၊ HUAWEI တယ်လီဖုန်း ၁လုံး၊ သံလိုက်အိမ်မြှောင် ၁ ခု၊ ဟန်းကော ၁လုံး၊ အရပ်ဝတ် အင်္ကျီ ၃ ထည်ကို သိမ်းဆည်းရမိသည်ဟု ဖော်ပြထားသည်။ ပြီးခဲ့သည့် မတ်လ ၂၉ ရက်က ဘူးသီးတောင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ) ၁၅ လက်အောက်ခံ ခမရ ၂၈၉ နှင့် ရက္ခိုင့် တပ်မတော် အမှတ် (၅) ဗျူဟာ လက်အောက်ခံ လှုပ်ရှားတပ်များ အကြား တိုက်ပွဲများ စတင်၍ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ဗိုလ်ကြီး ဇော်ထက်နိုင်နှင့် တပ်သားတဦး ကျဆုံးခဲ့ပြီး၊ ဒုတပ်ကြပ် တဦးနှင့် တပ်သား တဦးကို ရက္ခိုင့်တပ်မတော်ဘက်က ဖမ်းဆီး ထိန်းသိမ်းထားကြောင်း ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။ “ကျနော်တို့အနေနဲ့ ရခိုင်ပြည်နယ်ထဲမှာ လှုပ်ရှားနေတာ ၃ နှစ်လောက် ရှိပါပြီ။ အခြေချတာက စဖွဲ့စည်းကတည်းက ပါ။ အရင် တုန်း က မြန်မာ တပ်မတော်နဲ့ ထိတွေ့မှုတွေ ဖြစ်ခဲ့ပါတယ်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေက ၂၉ ရက်နေ့ တိုက်ပွဲရဲ့ နောက်ဆက်တွဲတွေပေါ့။ ကျနော်တို့ အနေနဲ့လည်း ရှောင်လွှဲလို့ မရတော့တဲ့ အခြေအနေပါ”ဟုလည်း ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဆို သည်။ ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့၌ စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် တချို့က ပြောဆိုသည်။ The post ရခိုင်တပ်နှင့် အစိုးရတပ် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား appeared first on ဧရာဝတီ. Visit website

Sunday, April 19, 2015

လောက်ကိုင်

လောက်ကိုင်တိုက်ပွဲများမှ ကျပ်သိန်းပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်တန်ဖိုးရှိမူ... Popular Myanmar News Journal's Facebook Wall / Popular Myanmar News Journal / 1 days ago လောက်ကိုင်တိုက်ပွဲများမှ ကျပ်သိန်းပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများသိမ်းဆည်းရမိ လောက်ကိုင်၊ ဧပြီ ၁၈ လောက်ကိုင်တိုက်ပွဲများမှ ကျပ်သိန်းပေါင်း နှစ်သိန်းခုနှစ်သောင်းကျော်တန်ဖိုးရှိမူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်းတပ်မတော်မှသိရသည်။ အဆိုပါဒေသအတွင်းတိုက်ပွဲများဖြစ်ပွားခဲ့သည့် ဖေဖော်ဝါရီ ၉ ရက်မှယနေ့အထိ တိုက်ပွဲပေါင်း နှစ်ရာကျော်ဖြစ်ပွားခဲ့ကြောင်း၊ ကိုးကန့်လက်နက်ကိုင်များထံမှ လက်နက်မျိုးစုံ ၂၂၆ လက်၊ ကျည်မျိုးစုံ ၂၄၆၂၇ တောင့်၊ ဗုံးသီးမျိုးစုံ ၂၈၉ လုံး၊ ဖမ်းမိ /အလင်းဝင် ၂၂ဦးနှင့် ကာလတန်ဖိုး ကျပ်သိန်းပေါင်း ၂၇၇၆၁၆ကျော် တန်ဖိုးရှိမူးယစ်ဆေးဝါးများသိမ်းဆည်းရမိခဲ့ကြောင်းတပ်မတော်မှထုတ်ပြန်သည်။ ဇေဝေယံ Visit website

ကွမ်းလုံ

ကွမ်းလုံရက် (၄၀) တိုက်ပွဲမှသည် လောက်ကိုင်ဆီသို့ --------------------------------... Aye Chan Mon's Facebook Wall / Aye Chan Mon / 13 hours ago ကွမ်းလုံရက် (၄၀) တိုက်ပွဲမှသည် လောက်ကိုင်ဆီသို့ ----------------------------------- မြန်မာ့တပ်မတော်၏ သမိုင်းတွင် အထူးထင်ရှားခဲ့သော ကွမ်းလုံ ရက် (၄၀) တိုက်ပွဲကို ဦးစီး ကွပ်ကဲခဲ့သော ကွယ်လွန်သွားပြီ ဖြစ်သည့် ဒု-ဗိုလ်ချုပ်ကြီး ထွန်းရီကို နပိုလီယန်ဟု ခေါ်ကြပါသည်။ အဘယ့်ကြောင့်ဆိုသော် ဒု-ဗိုလ်ချုပ်ကြီး ထွန်းရီသည် အရပ် ပုပျက်ပျက်၊ နဖူးကျယ်ကျယ်၊ ဆံကေသာ တို့သည် နပိုလီယန်နှင့် ဆင်သူဖြစ်ပါသည်။ ထို့ကြောင့် ၄င်းအား တပ်မတော်တွင် နပိုလီယန်ဟု တင်စားပြီး ခေါ်ကြပါသည်။ ကွမ်းလုံရက် (၄၀) တိုက်ပွဲသည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့မှ ဒီဇင်ဘာလ (၂၈) ရက်နေ့အထိ ရက်ပေါင်း (၄၀)တိတိ ကြာမြင့်ခဲ့သော တိုက်ပွဲကြီး ဖြစ်ပါသည်။ ထိုတိုက်ပွဲကြီးကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ စစ်ဗျူဟာ (၁)မှူး အဖြစ် ဗိုလ်ချုပ်ကြီး ထွန်းရီသည် အနီးကပ် ကြီးကြပ် ကွပ်ကဲပြီး တွန်းလှန် တိုက်ခိုက်ခဲ့ပါသည်။ ဖြစ်စဉ်မှာ ဗမာပြည် ကွန်မြူနစ် ပါတီအား ကျောထောက်နောက်ခံ ပြုသည့် အင်အား ထောင်ချီ၍ရှိသော တပ်များသည် နိုင်ငံတော်၏ နယ်မြေ တည်တံ့ ခိုင်မြဲမှုနှင့် အချုပ်အခြာ အာဏာ တည်တံ့မှုကို ခြိမ်းခြောက် လာပါသည်။ ၄င်းဗကပ ဦးဆောင်သော တပ်များသည် ကွမ်းလုံဒေသအား စစ်ရေးအရ အချက်အခြာကျသည့် အတွက် ကွမ်းလုံမြို့ကို သိမ်းပိုက်ပြီးလျှင် ကိုးကန့်နှင့် “၀”နယ်မြေများ အပါအ၀င် အားလုံးကို သိမ်းယူကာ လွတ်မြောက် နယ်မြေအဖြစ် ထူထောင်၍ ကမ္ဘာကို ကြေညာပြီး ကမ္ဘာ့ကွန်မြူနစ် ပါတီများထံမှ တရားဝင် အကူအညီများ ရယူရန် အတွက် မျှော်မှန်းချက်ထားကာ တိုက်ခိုက်လာခြင်း ဖြစ်ပါသည်။ ယင်းစစ်ဆင်ရေး အတွက်ကို ဗကပတို့သည် တပ်ရင်း (၅)ရင်းနှင့် ၄င်းတို့၏ အမာခံ လက်နက်ကိုင် အဖွဲ့အစည်းများ အပါအ၀င် အင်အား (၂၈၀၀)ခန့်အထိ လည်းကောင်း၊ သံလွင်နောက်ခြမ်းတွင် ဗကပ တပ်ရင်း (၂)ရင်းနှင့် ၄င်းတို့ အမာခံ အင်အား (၁၂၀၀)ခန့်ဖြင့် လည်းကောင်း လက်နက်ကြီး အဖွဲ့၊ စက်သေနတ်ကြီး (၇)လက်ပါဝင် အင်အားဖြည့်ကာ ကွမ်းလုံမြို့သိမ်း တိုက်ပွဲကြီးကို ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့တွင် အပြင်းအထန် စတင် တိုက်ခိုက်ခဲ့ပါသည်။ ဤမျှ အင်အားကြီးမားသော ရန်သူတို့၏ ထိုးစစ်ကို တပ်မတော်မှ နယ်လှည့် စစ်ဗျူဟာ (၁)မှူးနှင့် တပ်ရင်း (၄)ရင်း၊ တပ်မ(၇၇)ဌာနချုပ်နှင့် တပ်ရင်း (၅)ရင်းတို့ဖြင့် အပြင်းအထန် ခုခံတိုက်ခိုက် ခဲ့ပါသည်။ ထို့အပြင် တပ်မတော်ဘက်မှ ကိုးကန့် ကာကွယ်ရေး တပ်ဖွဲ့ဝင်များ၊ ကွမ်းလုံမြို့ရှိ ရဲတပ်ဖွဲ့များနှင့် မြို့သူမြို့သားများကလည်း ၀ိုင်းဝန်းကူညီ ပေးခဲ့ကြပါသည်။ ကွမ်းလုံကိုရရန် အတွက် ဗကပတို့ အဓိက သိမ်းပိုက်ရမည့် နေရာမှာ ဟိုက်ကမ်းပါး ဒေသ ဖြစ်ပါသည်။ ဟိုက်ကမ်းပါးသည် ပေ(၂၅၀၀)ခန့်ရှိပြီး၊ ကွမ်းလုံမြို့ထက် ပေ (၁၀၀၀)နီးပါး ပိုမြင့်ပါသည်။ ဗကပတို့သည် ၁၉၇၁ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့တွင် အင်အား အလုံးအရင်းဖြင့် ဟိုက်ကမ်းပါးကို စတင်တိုက်ခိုက်ပါတော့ သည်။ ရန်သူအင်အားမှာ ထောင်ချီရှိပြီး လက်နက်ကြီး မျိုးစုံကိုလည်း မိုးရွာသကဲ့သို့ ပစ်ခတ်ကာ တစ်သုတ်လျှင် အင်အား (၂၀၀) ခန့်ဖြင့် အနီးကပ် ကျားထိုးတိုက်ခိုက် ကြပါသည်။ မိမိ တပ်မတော် အင်အားမှာ တပ်ခွဲ (၁)ခွဲသာ ဖြစ်သောကြောင့် အင်အား အလွန် ကွာခြားသည့် အတွက် စစ်သည်များ ကျဆုံး ဒဏ်ရာရပြီး အချို့ရဲဘော်တို့သည် တောင်အောက်သို့ ပြေးဆင်းလာခဲ့ကြပါသည်။ ပြေးဆင်းလာသော ရဲဘော်များနှင့် တပ်များအား စစ်ဆေးနေသော ဗျူဟာမှူးနှင့် တွေ့ဆုံပြီး ဟိုက်ကမ်းပါး ကျသွားကြောင်း သိလိုက်ရပါသည်။ ချက်ချင်းပင် ဗျူဟာမှူးသည် ဟိုက်ကမ်းပါးအား ပြန်လည် သိမ်းပိုက်နိုင်ရေး အတွက် တန်ပြန် တိုက်စစ်ဆင်ရန် ပြင်ဆင်ပါတော့သည်။ အဘယ့်ကြောင့်ဆိုသော် ဟိုက်ကမ်းပါး ကျပါက ကွမ်းလုံကို မိမိတို့ တပ်မတော်သည် ထိန်းသိမ်း ရခက်တော့မည့် အနေအထား ဖြစ်ပါသည်။ ရန်သူများမှာလည်း အလုံးအရင်း ကြီးစွာဖြင့် နောက်ကွယ်မှ မြို့သိမ်း တိုက်ပွဲကို ဆင်နွှဲရန် အသင့်စောင့်ကြိုလျှက် ရှိပါသည်။ ထိုစဉ်က သံလွင်မြစ်ကူး တံတားကိုပင် ရန်သူများ ၀င်ရောက်လာပါက သံလွင် အနောက်ဖက် ကမ်းသို့ မကူးနိုင်ရန် အတွက် မိုင်းခွဲဖျက်ဆီးရန် စီစဉ်ထားပြီ ဖြစ်ပါသည်။ စစ်ဗျူဟာမှူးသည် ဟိုက်ကမ်းပါး တောင်ကုန်း ပြန်လည် ရရှိရေး အတွက်ကို အမြှောက် တပ်ခွဲ၏ အကူအညီဖြင့် တောင်ကုန်းပေါ်သို့ (၁၀၅)မမ အမြှောက် (၄)လက်ဖြင့် ခွင်းကျည်နှင့် လေကွဲကျည် (Air Burst) ဟန်ချက်ညီညီ ပစ်ခက်စေ ခဲ့ပါသည်။ ထို့အပြင် တခြား လက်နက်ကြီးများကိုပါ အသုံးပြုပြီး ခ.မ.ရ (၁၀၅)မှ စစ်သည်များ၏ စွန့်လွှတ်စွန့်စား စိတ်ဖြင့် ပြန်လည် တိုက်ခိုက်ရာ ၁၉၇၁ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် ရန်သူများ ဆုတ်ပြေး သွားပါတော့သည်။ ဟိုက်ကမ်းပါး တိုက်ပွဲကြီးသည် လွန်ခဲ့သော (၄၄) နှစ်ခန့်က ဖြစ်ပွားခဲ့သော မြန်မာ့ တပ်မတော်၏ ကြီးစွာသော အောင်ပွဲကြီး တစ်ခုဖြစ်ပါသည်။ ဗကပတို့၏ စိတ်ကူးယဉ် အိပ်မက်ကြီးသည်လည်း ပြိုကွဲပျက်စီးပြီး ၄င်းတို့အား ပံ့ပိုးခဲ့သော ဆရာသမားများသည်လည်း အတော်လေး အထိနာ ခဲ့ပါသည်။ ထိုစဉ်ကာလက စာရေးသူ၏ တက္ကသိုလ်မှ သူငယ်ချင်း ဒု-ဗိုလ်ဇော်ဝင်းသည် ကျောင်းဆင်းပြီး ကာလတိုတွင် တိုက်ပွဲ ကျဆုံးခဲ့ရပါသည်။ ၄င်းတိုက်ပွဲများတွင် ထူးချွန်သူများမှာ သီဟသူရဘွဲ့ ရရှိသွားသော ဗိုလ်မှူး သိန်းထွန်းတင်၊ သူရဘွဲ့ ရရှိသွားသော လေယာဉ်ပျက်ကျ၍ ကွယ်လွန်ခဲ့သည့် သူငယ်ချင်းဖြစ်သူ ဗိုလ်မှူးစိန်ဝင်းတို့ အပါအ၀င် စစ်သည် အများအပြား ရှိပါသည်။ တပ်မတော်သည် ပင်မ အဓိက တာဝန်ဖြစ်သည့် အမိနိုင်ငံတော် ကာကွယ်ရေး အတွက်ကို စွမ်းစွမ်းတမံ လုပ်ဆောင်ခဲ့သည်မှာ လွတ်လပ်ရေး ရပြီးသော ကာလမှစ၍ ယနေ့တိုင် ပျက်ကွက်ခြင်း မရှိခဲ့သည်ကို နိုင်ငံသူ နိုင်ငံသားများ သိရှိကြပါလိမ့်မည်။ သို့ဖြစ်သောကြောင့်လည်း ၄င်းတို့အား ဂုဏ်ပြုသည့် အနေဖြင့် “အမိမြေမှ သားကောင်းများ”ဟူ၍ မော်ကွန်း ရုပ်ရှင် ထုတ်လုပ်ခဲ့ပါသည်။ ပြည်သူတို့သည် တပ်မတော် အပေါ်တွင် အမုန်းတရား မရှိပါ။ တပ်မတော်အား ခုတုံးလုပ်ပြီး စစ်အာဏာ တည်ဆောက်ခဲ့သူများကိုသာ မုန်းတီးခြင်း ဖြစ်ပါသည်။ ဗကပတို့သည် ကွမ်းလုံတိုက်ပွဲ ပြီးနောက် အထိနာကာ ငြိမ်ချက်သား ကောင်းရာမှ ၁၉၈၆ ခုနှစ်တွင် ၁၉၇၁ ခုနှစ် ကကဲ့သို့ စီစီဝမ် တာပန် တိုက်ပွဲကြီးကို ထပ်မံ ဆင်နွှဲခဲ့ပါသည်။ သို့သော်လည်း တပ်မတော်၏ တိုက်ခိုက်မှုကြောင့် ဗကပသည် ပြိုကွဲချုပ်ငြိမ်းလုနီးပါး ဖြစ်သွားခဲ့ပါသည်။ ဤသို့သော အခြေအနေတွင် (၈၈) အရေးအခင်းကြီး ဖြစ်ပေါ်လာသော အခါ ဗကပတို့သည် ကွယ်လွန်သွားပြီ ဖြစ်သော ဗိုလ်ကျင်မောင်၏ အစီစဉ်ဖြင့် ရန်ကုန်၊ မန္တလေးမြို့ နေရာအနှံတွင် ၄င်းတို့၏ UGများ လွှတ်ပြီး ဆူပူကြီးထွားမှုများကို ဖန်တီးခဲ့ကြသည်။ သို့သော် ၁၉၈၈၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် တပ်မတော်မှ အာဏာ ရယူလိုက်သော အခါတွင် မြို့ကြီးများပေါ်တွင် ၄င်းတို့၏ လှုပ်ရှားမှုများသည် ချုပ်ငြိမ်းခဲ့ရသည်။ ထိုစဉ်ကာလက နိုင်ငံရေး အခြေအနေမှာ တည်ငြိမ်မှု မရှိသောကြောင့် ဗကပ တို့သည် ဤသည်ကို အခွင့်ကောင်းယူကာ မိုင်းယန်း ဒေသအား တိုက်ခိုက်တော့သည်။ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်နေ့တွင် မိုင်းယန်းအား ၀င်ရောက် တိုက်ခိုက်ခဲ့ရာ သမိုင်းဝင် မိုင်းယန်း တိုက်ပွဲကြီး ဖြစ်ပွားတော့သည်။ ၄င်းတိုက်ပွဲတွင် ကိုးကန့်ဒေသမှ ဗကပတို့၏ မဟာမိတ် ဖုန်ကြားရှင်သည် ဗကပတို့အား တွန်းလှန် မောင်းထုတ်ကာ ဗကပ သြဇာခံ အဖြစ်မှ ရုန်းထွက် ခဲ့ပါသည်။ မူလကပင် မူးယစ်ဆေးဝါးနှင့် ပတ်သက်ခဲ့သော ဖုန်ကြားရှင်သည် လောက်ကိုင်ဒေသတွင် စစ်ဘုရင် War Lordကဲ့သို့ နေထိုင်ပြီး ၄င်း၏ သမက်ဖြစ်သူ ဦးစိုင်းလင်းမှာ မိုင်းလား အထူးဒေသ (၄)တွင် နေထိုင်ပါသည်။ ဦးစိုင်းလင်းနှင့် ရန်စီမင်းတို့သည် တစ်ချိန်က ဗကပ၏ ကော်(၈၁၅)တပ်၏ နိုင်ငံရေးမှူးနှင့် တပ်မှူးများ ဖြစ်ကြပါသည်။ ၂၀၀၉ ခုနစ်တွင် ဖုန်ကြားရှင်သည် စိတ်ကြွဆေးများ ထုတ်လုပ်ပြီး လက်နက် စက်ရုံပါ လောက်ကိုင်တွင် တည်ထောင်လာခြင်းကြောင့် လည်းကောင်း၊ နယ်ခြားစောင့် တပ်ဖွဲ့ BGF ဖွဲ့စည်းရေးနှင့် ပတ်သက်၍ လည်းကောင်း သဘောထား ကွဲလွဲခဲ့ပါသည်။ တရားမ၀င် လုပ်ငန်းများ အတွက်ကို နိုင်ငံတော်မှ အရေးယူ ဆောင်ရွက်ခဲ့ရာ ဖုန်းကြားရှင်သည် လောက်ကိုင်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ၀န်ထမ်းများအား ရက်စက်စွာ သတ်ဖြတ်ခဲ့ပါသည်။ ယင်းပြဿနာများ ပေါ်ပြီး ဖုန်ကြားရှင်သည် တရုတ်ပြည်ထဲသို့ တိမ်းရှောင်သွားခဲ့သည်။ ၅ နှစ်ကျော် ၆ နှစ်ကြာသော အခါတွင် အသက် (၈၅)နှစ်ရှိပြီ ဖြစ်သော ဖုန်ကြားရှင်သည် မည်သို့သော ရည်ရွယ်ချက်ဖြင့် ပြန်လည် ပေါ်ပေါက်လာခဲ့သည်မှာ နိုင်ငံတော် အနေဖြင့် သတိထားရမည့် အချက် ဖြစ်ပါသည်။ မူလဖြစ်စဉ်တွင်ဖုန်ကြားရှင်၏ ၀င်ရောက် တိုက်ခိုက်မှုကြောင့် မိမိတို့၏ တပ်မတော်ဘက်မှ အရာရှိ (၅) ဦး၊ အခြားဆင့် (၄၂) ဦး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲအုပ် (၁)ဦးနှင့် ပြည်သူ့စစ် (၆)ဦး ကျဆုံးခဲ့ရပါသည်။ ယင်းဖြစ်ရပ်မှာ ကျူးကျော်စော်ကားမှု ဖြစ်သည့်အတွက် နိုင်ငံတော် အနေဖြင့် မည်သို့မျှ သည်းခံခွင့်လွတ်နိုင်စွမ်း မရှိပါ။ ယင်းအတွက်ကို ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုချက်များအား နိုင်ငံသူ နိုင်ငံသားများ အနေဖြင့် အကြွင်းမဲ့ ထောက်ခံပါသည်။ နိုင်ငံတော် သမ္မတကြီးမှလည်း နိုင်ငံတော်၏မြေကို (၁) လက်မပင် အဆုးရှုံးမခံဟု ပြောဆိုသောကြောင့် ပို၍ အားတက်မိပါ သည်။ တပ်မတော်သည် တရုတ်ဖြူ ကျူးကျော်မှုကိုလည်း ကြံ့ကြံ့ခံပြီး တွန်းလှန်ခဲ့ဖူးပါသည်။ အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း မြန်မာ့ တပ်မတော်၏ ကွမ်းလုံရက် (၄၀)တိုက်ပွဲ၊ စီစီဝမ် တာပန် တိုက်ပွဲ အစရှိသော တိုက်ပွဲကြီးများတွင်လည်း တစ်ဖက်မှ အကူအညီဖြင့် တိုက်ခိုက်မှုမျိုးကို ကြံ့ကြံ့ခံနိုင်ခဲ့ပါသည်။ မြန်မာတို့၏ သွေးသည် နီကြောင်းကို ကုန်းဘောင်မင်း လက်ထက် စစ်သူကြီး မဟာသီဟသူရက ပြခဲ့ပြီး ဖြစ်ပါသည်။ ကွယ်လွန်သွားပြီ ဖြစ်သည့် ဆရာ သိန်းဖေမြင့်၏ အရှေ့မြောက်တိုင်း တခွင်မှ စာသားလေး ဖြစ်ပါသည်။ ဆရာ ရေးခဲ့သည်မှာ လော်စစ်ဟန်တို့သည် စီးရခက်သော မြင်းများဖြစ်၍ ဇာတ်ကြိုးကို နိုင်မှသာလျှင် စီးရန်ဆိုသော စကားလေး ဖြစ်ပါသည်။ တရားသော စစ်ကို ဆင်နွှဲနေသမျှ ကာလပတ်လုံး တပ်မတော်သည် ပြည်သူတို့၏ ထောက်ခံမှုကို ရရှိမည် ဖြစ်ပါသည်။ နိုင်ငံရေး ရှုပ်ထွေး နေချိန်တွင် ဤပြဿနာများသည် ပြည်သူများ အနေဖြင့် နားလည် သဘောပေါက် ကြရန် လိုပါသည်။ တိုင်းပြည်အတွက် အသက်စွန့်လွတ်သွားသော တပ်မတော်သား အပေါင်းတို့အား အလေးပြု အပ်ပါသည်။ မူလ ဆောင်းပါးအစတွင် ဖော်ပြခဲ့သော တိုင်းပြည်နှင့် တပ်မတော် အပေါ်တွင် တာဝန်ကျေခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီး ထွန်းရီ ကဲ့သို့သော ပုဂ်္ဂိုလ်များ ပေါ်ထွန်းလာရန် လိုပါသည်။ ကိုရင်မော Royal Hero Media Visit website

Saturday, April 18, 2015

ဒီတနှစ်တော့ပြီးသွားပြန်ပြီ

သင်္ကြန်ပြီးတော့လည်းပျင်းကျန်ခဲ့တယ်

Tuesday, April 14, 2015

မြန်မာဘက်က အမြောက်ဆံ တရုပ်နယ်မြေထဲထပ်ကျ

မန်မာဘက်က အမြောက်ဆံ တရုတ်နယ်မြေထဲ ထပ်ကျ Other Blogs   မြန်မာဘက်က အမြောက်ဆံ တရုတ်နယ်မြေထဲ ထပ်ကျ အစိုးရစစ်သားများကို လက်နက်ကြီး အမြှောက်နဲ့ အတူ တွေ့ရစဉ်။ Photo: From Jade Land Kachin အခုသီတင်းပတ်အတွင်း ကိုးကန့်ဒေသမှာ အစိုးရတပ်တွေနဲ့ MNDAA တပ်တွေအကြား တိုက်ပွဲတွေ ပြင်းထန်လျက်ရှိရာမှာ ဒီကနေ့မနက် ၈ နာရီက အမြောက်ဆံတစ်ခု တရုတ်နယ်မြေဘက်ကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ တရုတ်ပြည်ဘက်ကို ထွက်ပြေးရောက်ရှိနေတဲ့ ကိုးကန့်ဒေသခံတွေ က ပြောပါတယ်။ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဆံဟာ ဘယ်သူက ပစ်တယ်ဆိုတာမသိရပေမဲ့ မြန်မာပြည်ဘက်ကနေ ပစ်ခတ်တာဖြစ်တယ်လို့ တရုတ်ပြည် နမ့်ဆန်မြို့ အနီးမှာနေထိုင်တဲ့ လောက်ကိုင်မြို့ခံ ကိုးကန့်လူမျိုး ရဲလောက်အေ က ပြောပါတယ်။ "ဒီဘက်ကပစ်တဲ့ လက်နက်ကြီးတစ်ခု တရုတ်ပြည်ထဲဝင်သွားတယ်၊ ဒီနေ့မနက်ပိုင်း ၈ နာရီလောက်က၊ နမ့်ဆန်ကနေထွက်လာလို့ရှိရင် ၇ မိုင် ၈ မိုင်လောက်ပဲ အကွာအဝေးရှိမယ်ထင်တယ်၊ တရုတ်ပြည်ဘက်လူ ဒီနေ့တော့မထိပါဘူး၊ ဒါပေမဲ့ ကိုးကန့်ဘက်လှမ်းပစ်လို့ ပြည်သူလူထုထိသွားတာရှိပါတယ်၊ လွန်ခဲ့တဲ့နှစ်ရက်လောက်က ထိပြီးဒဏ်ရာရတာ နှစ်ယောက်ရှိပါတယ်" အခုလိုလက်နက်ကြီးကျတယ်ဆိုတဲ့သတင်းကို တရုတ်မီဒီယာတွေမှာ မဖေါ်ပြသေးပေမဲ့ တရုတ်အင်တာနက် သတင်းတချို့မှာတော့ ပါတယ်လို့ဆိုပါတယ်။ အခုရက်ပိုင်းအတွင်း အစိုးရထုတ်ပြန်တဲ့ သတင်းတွေမှာ ကိုးကန့်ဒေသအတွင်း ထိုးစစ်ဆင်နေပြီး သံချပ်ကာကားတွေပါ အသုံးပြုတယ်လို့ ဖေါ်ပြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်မီဒီယာတွေမှာလည်း ဖေါ်ပြနေတယ်လို့ သိရပါတယ်။ RFA Burmese http://www.rfa.org/burmese/news/myanmar-missile-fail-china-04132015122025.html   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

Sunday, April 12, 2015

သင်္ကြန်

ပျော်ပွဲကြားမှ သင်္ကြန်စီးပွား ======================= နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း... 7Day News Journal's Facebook Wall / 7Day News Journal / 2 days ago ပျော်ပွဲကြားမှ သင်္ကြန်စီးပွား ======================= နှစ်သစ်ကူးသင်္ကြန်ကာလအတွင်း မြန်မာလူမျိုးအများစုသည် မိမိတို့၏ကိုယ်စီအလုပ်တာဝန်များကို လက်စသတ်ရပ်နားထားလေ့ရှိသော်လည်း သင်္ကြန်ကိုမှီကာ စီးပွားရေးအကျိုးအမြတ်ရှာဖွေကြသူများလည်းရှိသည်။ လူသုံးကုန်ပစ္စည်းအချို့ကို သင်္ကြန်အကြိုကာလမှာ ဈေးနှုန်းလျှော့ချရောင်းချလေ့ရှိသည်မှလွဲ၍ စားသောက်ကုန်ပစ္စည်းအများစုကို ပုံမှန်ထက် ဈေးတင်ရောင်းချလေ့ရှိသည်မှာ နှစ်စဉ်ဖြစ်နေကျ အစဉ်အလာတစ်ခုပင် ဖြစ်နေတော့သည်။ ရေပုံး၊ ရေခွက်၊ ရေသေနတ်၊ ရေပိုက်နှင့် ကလေးကစားစရာ ရေပြွတ်များမှာ တန်ခူးလမရောက်မီ နှစ်လခန့်အလိုကတည်းက ဈေးကွက်အတွင်း ပြင်ဆင်နေပြီဖြစ်သည်။ ကလေးကစားစရာရေပြွတ်နှင့် ရေသေနတ်တို့ကို တရုတ်နိုင်ငံမှ အများဆုံးတင်သွင်းသည့်ပစ္စည်းများ ရောင်းအားကောင်းခဲ့ပြီး ပြည်တွင်းထုတ်ပစ္စည်းများ တင်သွင်းရောင်းချသူ နည်းပါးကြောင်း သင်္ကြန်ရေကစားပစ္စည်းရောင်းချသည့်ဆိုင်များက ပြောကြားသည်။ သတင်းဆောင်းပါးအပြည့်အစုံ .............. http://

iphone iCloud ကိုဖြတ်ကျော်ကြမယ်

မေးထားသူတွေအတွက် တင်ပေးလိုက်ပါပြီ...(4.11.2015) ဝင်းကမ္ဘာကျော် / 1 days ago တင်ပေးထားပြီးသားပါ မေးသူများလွန်းလို့ တင်ပေးလိုက်တာပါ ကျွန်တော်လည်းမအားတာနဲ့ပို့စ်တွေကို update တွေတင်ပေးဖြစ်တာပါ... How To Remove iCloud Activation Officially ===================================  iPhone တစ်လုံးကောက်ရထားပါတယ်... ဈေးသက်သာလို့ iPhone တစ်လုံး ဝယ်ထားလိုက်မိပါတယ်.. မူလပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရတော့လို့ပါ.. စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ စတင်မေးမြန်းလာကြပေမယ့် နောက်ဆုံးမှာတော့ iCloud Activation ကို ကျော်ချင်လို့ နည်းလမ်းရှိရင် ပြောပြပေးပါ ဟူ၍ အဆုံးသတ်တွေ တူညီကြပါတယ်.. သူတို့တွေ အားလုံးဟာ "This iPhone is currently linked to an Apple ID. Sign in wth the Apple ID that was used to set up this iPhone" ဆိုတဲ့ စာတန်းလေးကို မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။ DoulCi က iCloud Activation ကို ကျော်လို့ရပြီလို့ သက်သေ အထောက်ထားများနဲ့တစ်ကွ ချပြလိုက်တဲ့ အချိန်ကစလို့ အားလုံးရဲ့ စိတ်ထဲမှာ iCloud ကို ကျော်လို့ရတာပဲလို့ စိတ်ထဲစွဲသွားပါတယ်... အဲဒီက စတင်လို့ internet မှာ iCloud Bypass software တွေပေါ်လာပါတော့တယ်၊ အားလုံးဟာ Fake တွေ Scam တွေဖြစ်ပြီး စက်ကို ဒုက္ခပေးတတ်ပါတယ်။ ဒါပေမယ့် အခုတော့ iCloud Activation ကို အမှန်တစ်ကယ် Bypass လုပ်ပေးနိုင်မယ့် အဖြေတစ်ခုကို တွေ့ထားပါပြီ... အထူးသတိပြုဖို့ တစ်ခုကတော့ ခိုးခံထားရတယ်လို့ Apple ကို Report လုပ်ထားတဲ့ iPhone, iPad တို့ဆိုရင်တော့ ဒီနည်းနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Clean Device တွေမှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။ အကယ်၍ မိမိမှာ တစ်ဆင့်ပြန်ဝယ်ထားတဲ့ iPhone/iPad ရှိနေပြီး ဒီDevice Clean ဖြစ် မဖြစ်ဆိုတာ သိနိုင်ဖို့ အတွက် Device IMEI number နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။ >> IMEI number ရှာဖွေနည်း ကိုယ့်ရဲ့ IMEI number ကို သိပြီဆိုရင်တော့ မိမိရဲ့ Device ဟာ Blacklist ထဲမှာ ထည့်ထားခံရပြီလားဆိုတာကို မသင်္ကာရင် စစ်ဆေးကြည့်နိုင်ပါတယ်။ >> Check iDevice Blacklisted iCloud Lock Remove လုပ်ပေးနိုင်သော Device များ iPhone 5S iPhone 5C iPhone 5 iPhone 4S iPhone 4 iPad Air iPad Mini with Retina iPad Mini iPad 4 iPad 3 ယခုဖော်ပြမည့်နည်းလမ်းဟာ အခမဲ့တော့ မဟုတ်ပါဘူး၊ ထိုက်တန်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးမှ iCloud Activation Remove လုပ်ပေးမှာ ဖြစ်ပါတယ်.. **iCloud Activation ကို Remove လုပ်နည်း** ၁) မိမိ iDevice ၏ IMEI number ကို မှန်ကန်စွာ သိရှိအောင် ရှာထားပါ။ ၂) iCloud Removal Official website ဤနေရာသို့ သွားပါ။ ၃) IMEI number ကို အမှာစာမှာ ဖြည့်သွင်းပေးပါ။ ၄) iCloud lock ကို Remove လုပ်ပြီးသွားတဲ့ အခါမှာ email နှင့် အကြောင်းပြန်ကြားပါလိမ့်မည်။ ၅) နောက်ဆုံးမှာတော့ မိမိကိုယ်ပိုင် iCloud account ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။ မှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် ကြောငြာဆောင်းပါး မဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင်လည်း ယခု service ကို အသုံးမပြုဖူးသေးကြောင်း ဝန်ခံပါသည်။ သို့သော် အဆိုပါ website သည် Unlock service နာမည်ရပြီးသော site တစ်ခုဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ service ကို အသုံးပြုမည့်သူသည် မိမိ၏ ကိုယ်ပိုင် စွန့်စားမှု (Own Risk) သာဖြစ်ပြီး၊ စာရေးသူနှင့် မသက်ဆိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။   Credit to မိုးသကြား မှတ်ချက် ။  ။ bypass Tool များဖြင့် ကျော်နည်းကို ကျွန်တော်ပြောထားတဲ့အချိန်ရောက်မှ တင်ပေးပါ့မယ်နော် ... iphone 6+ ထိရတယ်လို့ဆိုထားတာပဲ...  Second မှတ်ချက် ။ ။ ယခုအတောအတွင်း မေးထားသည်များတွင် ယခု i cloud by pass လုပ်နည်းသာရှိသည့်အတွက် ဒါသာ တစ်ခုတည်းတင်ခြင်းဖြစ်သည်... Thiha Htike(THT) thihahtike.it@gmail.com 0973151297 ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ) မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ.. Welcome From My Blog Welcome From My Facebook Group Welcome From My Facebook Page Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok... The End -------------- ဒါလေးက ဘာလေးလဲမသိဘူးနော် Visit website

Saturday, April 11, 2015

မကွေးဆရာတော်

“တရားဥပဒေစိုးမိုးမှု မရှိ၍ မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေ ရခြင်းဖြစ်သည်ဟု မ... Aye Chan Mon's Facebook Wall / Aye Chan Mon / 14 hours ago “တရားဥပဒေစိုးမိုးမှု မရှိ၍ မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေ ရခြင်းဖြစ်သည်ဟု မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ မိန့်ကြား” ----------- တရားဥပဒေစိုးမိုးမှုမရှိ၍ မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေ ရခြင်းဖြစ်ပြီး တရားဥပဒေစိုးမိုးမှု ရှိပါက ရဲစခန်း၊ တရားရုံးသို့ သွားမည် မဟုတ်ကြောင်း ဧပြီလ ၉ ရက်က မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခ က မိန့်ကြားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၊ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ အပါ သံဃာတော်များမှ တရား ဥပဒေစိုးမိုးရေးကို ထိခိုက်လာနိုင်သည့် မှုခင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်နေ သည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဂိုဏ်းပေါင်းစုံ တိုင်းဒေသကြီး သံဃာနာယကအဖွဲ့သို့ ၂.၄.၂၀၁၅ ရက်စွဲပါ တိုင်ကြားစာနှင့် ပတ်သက်၍ ဧပြီလ ၉ ရက်က ရန်ကုန်မြို့ရှိ စီးတီးစတား ဟိုတယ်၌ မီဒီယာ များနှင့် တွေ့ဆုံစဉ် ဆရာတော်က ထိုသို့ မိန့်ကြား ခဲ့ခြင်းဖြစ်သည်။ “မင်္ဂလာတောင်ညွန့်မှာ အမှုတစ်ခုနဲ့ပတ်သက်ပြီး မတ်လ ၃၁ ရက်က မြို့နယ်ရဲစခန်းရှေ့မှာ လက်ကိုင်စပီကာနဲ့ သွားအော်လို့ ရဲစခန်းက သံဃာ နာယကအဖွဲ့ကို တိုင်ကြားခဲ့တာပါ။ ဒီအမှုက အမှန်တကယ် ရဲစခန်းမှာ အမှုဖွင့် တိုင်ကြားသူက တရားခံပါ။ သူက ငွေတွေလိမ်လည်ထားတာကို ရဲစခန်း က ဘာမှအရေးမယူတဲ့အတွက် အမှုမှန် ပေါ်ပေါက်ဖို့ လိုက်ပါ ဆောင်ရွက်နေတာပါ။ ဒီလို တရားဥပဒေ စိုးမိုးမှု မရှိတာကို သမ္မတနဲ့ ပြည်သူလူထု သိအောင် လုပ်ဆောင်သွားမယ်” ဟု ဆရာတော် က မိန့်ကြားသည်။ ဧပြီလ ၁ ရက်က မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းသို့ မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခအပါ သံဃာ ၁၅ ပါးရောက်ရှိလာပြီး ပြစ်မှုပုဒ်မ ၄၀၆ ဖြင့် အရေးယူခဲ့သော တရားခံ အရိုး (ခ) ကျော်ဇောလင်းမှ ပြန်လည် တိုင်တန်း သည့် ပြစ်မှုပုဒ်မ ၄၂၀ ဖြင့် အမှုဖွင့်ထားသည့် ကိစ္စကို မကျေနပ် သဖြင့် ရဲစခန်းသို့ လာရောက်ခြင်းဖြစ် ကြောင်း ဒုစခန်းမှူးမှ ယင်းအမှု ကိစ္စ အခြေအနေကို ရှင်းပြသော်လည်း ဆရာတော်ဦးပါမောက္ခမှ နားလည် လက်ခံမှုမရှိကြောင်း၊ မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းရှေ့တွင် လက်ကိုင် စပီကာဖြင့် ရဲများလာဘ်စားသည်အပါ အဝင် စကားများကို ပြောဆို ခဲ့သည်ဟု ဂိုဏ်းပေါင်းစုံတိုင်းဒေသကြီး သံဃာနာယကအဖွဲ့ ဆရာတော် များနှင့် ဌာနဆိုင်ရာမှ တာဝန်ရှိသူများ ဆွေးနွေးဆုံးဖြတ်ချက် မှတ်တမ်း တွင် ဖော်ပြထားကြောင်း မကွေးဆရာတော်၏ မိန့်ကြားချက်အရ သိရသည်။ ထို့ပြင် ဆရာတော်ဦးပါမောက္ခသည် မတ်လ ၁၆ ရက်နှင့် ၂၄ ရက် တို့တွင်လည်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းသို့ ယင်းအမှုကိစ္စနှင့်ပင် မကျေနပ်၍ လာရောက်မေးမြန်းစုံစမ်းသဖြင့် မင်္ဂလာတောင်ညွန့်မြို့နယ် သံဃ နာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်နှင့် မြို့နယ် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဥက္ကဋ္ဌ ဆရာတော်တို့မှ လာရောက်ရှင်းပေးခဲ့ရသည်ဟုလည်း ၎င်း ဆွေးနွေးဆုံးဖြတ်ချက် မှတ်တမ်းတွင် ဖော်ပြထား သည်။ ဂိုဏ်းပေါင်းစုံသံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၏ ညွန်ကြားချက်များအား မကွေးကျောင်းဆရာတော် ဦးပါမောက္ခနှင့် တကွ မည့်သည့်သံဃာမဆို လိုက်နာကြရန် ဆုံးဖြတ်ပြီး မလိုက်နာပါက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၏ ညွန်ကြားလွှာများအရ လည်းကောင်း၊ သံဃာ့အဖွဲ့အစည်းဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ တည်ဆဲဥပဒေများအရ လည်းကောင်း အရေးယူဆောင်ရွက် သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သံဃာတော်များ လူမှုရေးကိစ္စများတွင် ပါဝင်လာစေပြီး သာသနာတော် ညှိုးနွမ်းစေအောင် ဆောင်ရွက်သော မည်သည့် ပုဂ္ဂိုလ်ကို မဆို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ (က) ဖြင့် အရေးယူသွားရမည်ဟု ဧပြီလ ၃ ရက်က တိုင်းဒေသကြီး သံဃနာယကအဖွဲ့ရုံး၌ ပြုလုပ်သော တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ၂.၄.၂၀၁၅ ရက်စွဲပါ စာအမှတ် ၁၄၀၀/(၀၅)/၂၁၀/ဦး-၂ တင်ပြစာနှင့် ပတ်သက်၍ ဂိုဏ်းပေါင်းစုံသံဃနာယက အဖွဲ့ဆရာတော် များနှင့် ဌနဆိုင်ရာပုဂ္ဂိုလ်များက ဆွေးနွေးဆုံးဖြတ်ချက်ချခဲ့ကြောင်း သိရသည်။ ရာစုသစ် The Ladies News Journal The Ladies News Journal Visit website

ကိုးကန့်တိုက်ပွဲပြင်းထန်

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ ------------------------------------ မို... Aye Chan Mon's Facebook Wall / Aye Chan Mon / 14 hours ago ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ ------------------------------------ မိုးဇော် 10.04.2015 22:27 ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို တိုက်ခိုက်ရာမှာ လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ တိုက်ယာဉ်ပစ်ကူတွေကို ရယူပြီး ချေမှုန်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီလ ၈ရက်နေ့က စတင်ပြင်းထန် လာတာဖြစ်ပြီး ဒီကနေ့တိုက်ပွဲ အခြေအနေကိုတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။ " လက်နက်ကြီးနဲ့ပစ်၊ နောက် တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူ တယ်။ နေ့ပိုင်း မြန်မာ စံတော်ချိန် ၁၂နာရီ ပတ်ဝန်းကျင်လောက်မှာ သံချပ်ကာ ကား သုံးစီး ရှိတဲ့အထဲ နှစ်စီးကို ကျနော်တို့ ပစ်လိုက်ပါတယ်။ ဒီသုံးရက်တော့ ဖေဖော်ဝါရီ ၉ရက်နေ့ကစပြီးတော့ ပစ်တဲ့ တိုက်ပွဲမှာ ဒီသုံးရက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ " ဒီလို သံချပ်တိုက်ယာဉ် ၂စင်းဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင် ဖို့ လောက်ကိုင်ဒေသ ရှိ တပ်မ၁၁က တာဝန်ရှိသူတဦးကို ဆက်သွယ်ရာမှာ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကွမ်းလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။ " အဲ့တာတော့ မဖြစ်နိုင်ပါဘူး။ သံချပ်ကား က ဘာဖြစ်လို့ ပစ်ရမှာလဲ။ ဖျက်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ သာအောင် ပြောမှာပဲ။ တကယ့် တကယ် ပြင်းအား ဘယ်လောက်ရှိလို့လဲ။ ..." ၈ရက်နဲ့ ၉ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးတဲ့အခြေအနေကို ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။ " ကျနော် သတင်းရ တာကတော့ ၈ရက်နေ့တုန်းက ဒဏ်ရာရတာ ၂၀ကျော်၊ ၃၀ နီးပါး ရှိတယ် ထင်တယ်ဗျ။ ကျတာ နှစ်ယောက်လား၊ သုံးယောက်လား မသိဘူး။ ၉ရက်နေ့လည်း အဲ့လောက်နီးနီးပဲ ကျတာ နှစ်ယောက်လောက်ဖြစ်မယ်။" တပ်မတော်ဖက်ကတော့ ဒီ၂ရက်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူ စုစုပေါင်း ရာနဲ့ချီရှိမယ်လို့ ပြောဆိုပြီး ၁၀ရက်နေ့ နှစ်ဖက် အထိအခိုက် စာရင်းကိုတော့ မသိရသေးကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်တဲ့သတင်းမှာတော့ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က အရာရှိ၊ စစ်သည် ၁၀ကျဆုံးပြီး ၆၂ယောက် ထိခိုက် ဒဏ်ရာရကြောင်း ဖော်ပြပါတယ်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တနိုင်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဒီလ ၃၁ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ဒီစာချုပ် မူကြမ်း ကို နှစ်ဖက် ခေါင်းဆောင်တွေ ကို တင်ပြပြီး မေလအတွင်းမှာ အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ဒီလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အတည်ပြု လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေချိန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အနှောက်အယှက်ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။ "ဒီစာချုပ် အကောင်အထည်ဖော်ဖို့ စာချုပ်ကို အတည်ပြုဖို့ ဆိုတဲ့နေရာမှာတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားနိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့ကတော့ ဒီတရားဝင် လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကိုလည်းပဲ ဒါက သင့်တော်တဲ့ အချိန်ကာလဖြစ်တယ်။ သင့်တော်တဲ့ အဆင့်ဖြစ်တယ်ဆိုတာ တဖက်က ဆွေးနွေးပြီးတော့ တဖက်က တပ်မတော်ဘက် အစိုးရဘက်ကိုလည်း အကောင်အထည်ဖော်နိုင်အောင် လက်တွေ့ အတည်ပြုနိုင်အောင် ပတ်ဝန်းကျင် အနေအထားတွေ နိုင်ငံရေး မိုးလေဝသတွေလည်း ချင့်ချိန်ပေးဖို့ လိုတယ်ဆိုတာ တော့ တပြိုင်နက်တည်း မေတ္တာရပ်ခံရတာပေါ့ဗျာ။" စာချုပ်မူကြမ်းလက်မှတ်ရေးထိုးပြီးတပတ်ကျော်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ပလောင်၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ဝင်များ။ http://burmese.voanews.com/ Visit website

Friday, April 10, 2015

ကိုးကန့်တိုက်ပွဲ

ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ ------------------------------------ မို... Dinding Facebook Aye Chan Mon / Aye Chan Mon / 7 hours ago ကိုးကန့်တိုက်ပွဲ နှစ်ဖက် အထိအခိုက်များ ------------------------------------ မိုးဇော် 10.04.2015 22:27 ကိုးကန့်ဒေသအတွင်း တိုက်ပွဲတွေဟာ ဒီရက်ပိုင်း အတွင်း အပြင်းထန်ဆုံးဖြစ်ခဲ့ရာ က ဒီကနေ့မှာလည်း ဆက်လက် ဖြစ်ပွားနေခဲ့ပါတယ်။ လက်ရှိ တိုက်ပွဲတွေမှာ အစိုးရတပ်ဖက်က သံချပ် တိုက်ယာဉ်တွေနဲ့ပါ ပူးပေါင်း စစ်ဆင်နေပြီး ဒီကနေ့ တိုက်ပွဲမှာတော့ ကိုးကန့်တပ်ဖွဲ့ဖက်က သံချပ်ကာ တိုက်ယာဉ် ၂စင်းကို ဖျက်ဆီးခဲ့ တယ်လို့ ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်ချက်မှာတော့ ကိုးကန့်တပ်ဖွဲ့ရဲ့ စစ်ဗျူဟာ အရ အရေးပါတဲ့ နေရာအများစုကို သိမ်းယူထားကြောင်း သတင်း ထုတ်ပြန်ပါတယ်။ ကိုးကန့်ဒေသက နောက်ဆုံးရ တိုက်ပွဲသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။ ဖေဖော်ဝါရီလ ၉ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်ဒေသတိုက်ပွဲတွေဟာ ၂လ တင်းတင်းပြည့်ချိန်မှာ အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဟာ လောက်ကိုင်နဲ့ ချင်းရွှေဟော်အကြားက ပါစင်ကျော်ရွာအနီး အနားဒေသတွေမှာ ဖြစ်ပွားနေပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေနဲ့ပတ်သက်ပြီး ဒီကနေ့ အစိုးရ သတင်းစာတွေမှာ တပ်မတော်စစ်ကြောင်းတွေဟာ ပါစင်ကျော်ကျေးရွာအရှေ့ဖက် ကိုးကန့်သောင်းကျန်သူတွေ့ရဲ့ စစ်ဗျူဟာအရ အရေးပါတဲ့ ခံစစ်စခန်း ရှိရာ ပွိုင့် ၁၈၄၅ကို ဧပြီလ ၈ရက်နေ့က သိမ်းယူနိုင်ခဲ့ကြောင်း၊ တဆက်တည်းမှာပဲ ပါစင်ကျော်ရွာနဲ့ နယ်စပ်မှတ်တိုင် ၁၃၇သွားကားလမ်းဒေသက အရေးပါတဲ့ ကိုးကန့်တပ်စခန်းတွေကို ထိန်းချုပ်ထားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီလို တိုက်ခိုက်ရာမှာ လက်နက်ကြီးပစ်ကူ၊ သံချပ်ကာ တိုက်ယာဉ်ပစ်ကူတွေကို ရယူပြီး ချေမှုန်းခဲ့ကြောင်းလည်း ဖော်ပြပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ဟာ ဒီလ ၈ရက်နေ့က စတင်ပြင်းထန် လာတာဖြစ်ပြီး ဒီကနေ့တိုက်ပွဲ အခြေအနေကိုတော့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ MNDAA ခေါ် ကိုးကန့်တပ်ဖွဲ့ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက အခုလို ပြောပါတယ်။ " လက်နက်ကြီးနဲ့ပစ်၊ နောက် တင့်ကားနဲ့ သံချပ်ကာ ကားနဲ့ ပစ်ကူ တယ်။ နေ့ပိုင်း မြန်မာ စံတော်ချိန် ၁၂နာရီ ပတ်ဝန်းကျင်လောက်မှာ သံချပ်ကာ ကား သုံးစီး ရှိတဲ့အထဲ နှစ်စီးကို ကျနော်တို့ ပစ်လိုက်ပါတယ်။ ဒီသုံးရက်တော့ ဖေဖော်ဝါရီ ၉ရက်နေ့ကစပြီးတော့ ပစ်တဲ့ တိုက်ပွဲမှာ ဒီသုံးရက်က အပြင်းထန်ဆုံး ဖြစ်ပါတယ်။ " ဒီလို သံချပ်တိုက်ယာဉ် ၂စင်းဖျက်ဆီးလိုက်တာနဲ့ ပတ်သက်ပြီး မေးမြန်းနိုင် ဖို့ လောက်ကိုင်ဒေသ ရှိ တပ်မ၁၁က တာဝန်ရှိသူတဦးကို ဆက်သွယ်ရာမှာ ဖုန်းခေါ်ဆိုလို့ မရခဲ့ပါဘူး။ ဒီသတင်းနဲ့ပတ်သက်ပြီး ကွမ်းလုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဟော်ရှောက်ချန်းကတော့ သူ့အမြင်ကို အခုလို ပြောပါတယ်။ " အဲ့တာတော့ မဖြစ်နိုင်ပါဘူး။ သံချပ်ကား က ဘာဖြစ်လို့ ပစ်ရမှာလဲ။ ဖျက်နိုင်စရာ အကြောင်းမရှိဘူး။ သူတို့ကတော့ သာအောင် ပြောမှာပဲ။ တကယ့် တကယ် ပြင်းအား ဘယ်လောက်ရှိလို့လဲ။ ..." ၈ရက်နဲ့ ၉ရက်နေ့မှာ ကိုးကန့်တပ်ဖွဲ့ဖက်က ထိခိုက်ကျဆုံးတဲ့အခြေအနေကို ဦးထွန်းမြတ်လင်းက အခုလို ဆက်ပြောပါတယ်။ " ကျနော် သတင်းရ တာကတော့ ၈ရက်နေ့တုန်းက ဒဏ်ရာရတာ ၂၀ကျော်၊ ၃၀ နီးပါး ရှိတယ် ထင်တယ်ဗျ။ ကျတာ နှစ်ယောက်လား၊ သုံးယောက်လား မသိဘူး။ ၉ရက်နေ့လည်း အဲ့လောက်နီးနီးပဲ ကျတာ နှစ်ယောက်လောက်ဖြစ်မယ်။" တပ်မတော်ဖက်ကတော့ ဒီ၂ရက်အတွင်းမှာ ထိခိုက်ဒဏ်ရာရသူနဲ့ ကျဆုံးသူ စုစုပေါင်း ရာနဲ့ချီရှိမယ်လို့ ပြောဆိုပြီး ၁၀ရက်နေ့ နှစ်ဖက် အထိအခိုက် စာရင်းကိုတော့ မသိရသေးကြောင်း ဦးထွန်းမြတ်လင်းက ပြောပါတယ်။ အစိုးရဖက်က ထုတ်ပြန်တဲ့သတင်းမှာတော့ ဒီတိုက်ပွဲတွေအတွင်းမှာ တပ်မတော်ဖက်က အရာရှိ၊ စစ်သည် ၁၀ကျဆုံးပြီး ၆၂ယောက် ထိခိုက် ဒဏ်ရာရကြောင်း ဖော်ပြပါတယ်။ အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ကိုယ်စားလှယ် အဖွဲ့ဟာ တနိုင်လုံး အပစ်အခတ်ရပ်စဲရေး စာချုပ်မူကြမ်းကို ဒီလ ၃၁ရက်နေ့က သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ ဒီစာချုပ် မူကြမ်း ကို နှစ်ဖက် ခေါင်းဆောင်တွေ ကို တင်ပြပြီး မေလအတွင်းမှာ အတည်ပြု လက်မှတ်ရေးထိုးနိုင်ဖို့လည်း မျှော်လင့်ထားကြပါတယ်။ ဒီလို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် အတည်ပြု လက်မှတ်ရေးထိုးဖို့ပြင်ဆင်နေချိန်မှာ လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေက အနှောက်အယှက်ဖြစ်နိုင်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တနိုင်လုံး အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းအဖွဲ့ NCCT အဖွဲ့ဝင် ဗိုလ်မှုးကြီး ခွန်ဥက္ကာ က ပြောပါတယ်။ "ဒီစာချုပ် အကောင်အထည်ဖော်ဖို့ စာချုပ်ကို အတည်ပြုဖို့ ဆိုတဲ့နေရာမှာတော့ နည်းနည်းတော့ ကသိကအောက် ဖြစ်သွားနိုင်တာပေါ့။ ဒါကတော့။ ကျနော်တို့ကတော့ ဒီတရားဝင် လက်မှတ်ရေးထိုးတဲ့အဆင့်ကို ရောက်စေချင်တဲ့ ဆန္ဒရှိတဲ့အတွက် တိုင်းရင်းသား ထိပ်သီးခေါင်းဆောင်များကိုလည်းပဲ ဒါက သင့်တော်တဲ့ အချိန်ကာလဖြစ်တယ်။ သင့်တော်တဲ့ အဆင့်ဖြစ်တယ်ဆိုတာ တဖက်က ဆွေးနွေးပြီးတော့ တဖက်က တပ်မတော်ဘက် အစိုးရဘက်ကိုလည်း အကောင်အထည်ဖော်နိုင်အောင် လက်တွေ့ အတည်ပြုနိုင်အောင် ပတ်ဝန်းကျင် အနေအထားတွေ နိုင်ငံရေး မိုးလေဝသတွေလည်း ချင့်ချိန်ပေးဖို့ လိုတယ်ဆိုတာ တော့ တပြိုင်နက်တည်း မေတ္တာရပ်ခံရတာပေါ့ဗျာ။" စာချုပ်မူကြမ်းလက်မှတ်ရေးထိုးပြီးတပတ်ကျော်ကာလအတွင်းမှာ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်၊ ပလောင်၊ ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်အကြားမှာ တိုက်ပွဲတွေက ဆက်လက် ဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ ကိုးကန့်တပ်ဖွဲ့ဝင်များ။ http://burmese.voanews.com/ Visit website

နယ်စပ်ပြဿနာ

နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစို... 7Day News Journal's Facebook Wall / 7Day News Journal / 1 days ago နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစိုးရ ပိတ် ================ မြစ်ကူးတံတားတည်ဆောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံကို မြေတိုင်းသည့်အနေဖြင့် လာရောက်စိုက်ထူရန်ကြိုးပမ်းသည့် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ်အတွင်း ကုန်းဆာကျေးရွာကူးတို့ဆိပ်လမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဧပြီ ၃ရက်က တရုတ်လက်နက်ကိုင်စစ်သားအချို့နှင့် အာဏာပိုင်အဖွဲ့အစည်းတို့က မည်သူပိုင်သည်ကို ပြတ်ပြတ်သားသား မသတ်မှတ်ရသေးသည့် အငြင်းပွားမြေပေါ် လက်နက်များ ကိုင်ဆောင်ဝင်ရောက်လာပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အလံ စိုက်ထူရန်ကြိုးပမ်းခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ ............. http://www.7daydaily.com/story/35351 နှစ်နိုင်ငံနယ်စပ်တွင် တရုတ်အလံစိုက်ရန် ကြိုးပမ်းသည့် ရွာလမ်းကို ရှမ်းပြည်နယ်အစိုးရ � www.7daydaily.com မြစ်ကူးတံတားတည် ဆောက်ရန် တရုတ်ပြည်သူ့သမ္မ တနိုင်ငံတော်အလံကို မြေတိုင်း သည့်အနေဖြင့် လာရောက်စိုက် ထူရန်ကြိုးပမ်းသည့် ရှမ်းပြည်နယ် မြောက်ပိုင်းမူဆယ်ခရိုင်နှင့် နမ့်ခမ်းမြို့နယ်အတွင်း ကုန်းဆာကျေးရွာကူးတို့ဆိပ်လမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့က ပိတ်လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ဧပြီ ၃ရက်က တရုတ်လက် နက်က… Visit website

Monday, April 6, 2015

လောက်ကိုင်တိုက်ပွဲ

လောက်ကိုင်တွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်သူများ ပုဒ်မ ၁၇ (၁) ဖြင့်... The Voice Weekly's Facebook Wall / The Voice Weekly / 10 hours ago လောက်ကိုင်တွင် ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်သူများ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူမည်ဟု တပ်မတော်ဆို ရန်ကုန်၊ ဧပြီ ၅ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး စစ်အုပ်ချုပ်ရေး ကြေညာထားသော လောက်ကိုင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် လက်နက်ကိုင်တပ်ဖွဲ့နှင့် ဆက်သွယ်သူ မည်သူမဆို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် အရေးယူမည်ဟု တပ်မတော် အရာရှိတစ်ဦးက ပြောကြားသည်။ အစိုးရကို ဆန့်ကျင်သော လက်နက်ကိုင်သောင်းကျန်းသူ အုပ်စုများသည် မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၅ (၂) (က) အရ မတရားအသင်း ဖြစ်ပြီး ယင်းအသင်းအဖွဲ့ကို ဆက်သွယ်ကူညီသူများကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) (၂) ဖြင့် အရေးယူမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်နေ့ ရက်စွဲဖြင့် လောက်ကိုင်ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်၏ ကြေညာချက်ကို ကိုးကားပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။ အဆိုပါ ကြေညာချက်အတွင်း မည်သူမဆို မတရားအသင်းဝင် ဖြစ်လျှင်သော် လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ အစည်းအဝေးများတွင် ပါဝင်ဆောင်ရွက်လျှင်သော် လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ ကိစ္စရပ်အတွက် ငွေကြေးထောက်ပံ့လျှင်၊ ငွေကြေးရယူလျှင် သို့မဟုတ် ငွေကြေးတောင်းခံလျှင်သော် လည်းကောင်း၊ ထိုအသင်း၏ လုပ်ကိုင်ဆောင်ရွက်ရာတွင် တစ်နည်းနည်းဖြင့် ကူညီလျှင် ထိုသူကို မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇ (၁) အရ ဖမ်းဆီးပြီးနောက် စစ်ခုံရုံးဖြင့် စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း လောက်ကိုင်ဒေသခံ ကွပ်ကဲမှု စစ်ဌာနချုပ်၏ ကြေညာချက်တွင် ပါရှိသည်။ ထို့အပြင် မည်သူမဆို မတရားအသင်းကို စီမံအုပ်ချုပ်လျှင် သို့မဟုတ် မတရားအသင်း၏ စီမံအုပ်ချုပ်မှုတွင် ကူညီလျှင်သော် လည်းကောင်း၊ ထိုအသင်းတစ်ခုခု၏ အစည်းအဝေး သို့မဟုတ် အသင်းဝင်များ၏ အစည်းအဝေး ဖြစ်မြောက်ရေးအတွက် ဆော်သြကမကထ ပြုလျှင် သို့မဟုတ် ကူညီလျှင်သော် လည်းကောင်း ထိုသူကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၇ (၂) အရ ဖမ်းဆီးပြီးနောက် စစ်ခုံရုံးတင်၍ စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ယင်းကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ ယင်းသို့ မတရားအသင်းနှင့် ဆက်သွယ်မှုများကို ဖမ်းဆီးအရေးယူမှုများသည် စစ်အုပ်ချုပ်ရေး ကြေညာထားသော တပ်မတော်တွင် လုပ်ပိုင်ခွင့် အပြည့်အဝရှိကြောင်း နိုင်ငံတော်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ဒါက စစ်အုပ်ချုပ်ရေး ဧရိယာထဲမှာ ဖြစ်သမျှ ပြဿနာကို ကိုင်တွယ်နိုင်အောင်၊ ကြိုတင်အမိန့်ထုတ်တာပါ” ဟု ၎င်းကဆိုသည်။ ထို့အပြင် တပ်မတော်အနေနှင့် လက်နက်ကိုင် အဖွဲ့အစည်း ချေမှုန်းရေး ဗျူဟာအရ ဒေသခံများနှင့် လက်နက်ကိုင်များ ပူးပေါင်းမှု မရှိစေရန် ဆောင်ရွက်ခြင်း ဖြစ်နိုင်ကြောင်း တပ်မတော် အရာရှိတစ်ဦးက ဆိုသည်။ “ဒေသခံတွေက လက်နက်ကိုင်ဘက်က ပါနေရင် အဲဒီအဖွဲ့အစည်း ဆက်ပြီးရပ်တည်ဖို့ အခွင့်အရေး ပိုများတာပေါ့” ဟု ၎င်းကဆိုသည်။ လောက်ကိုင်ဒေသအတွင်း တပ်မတော်နှင့် ကိုးကန့်လက်နက်ကိုင်များအကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဒေသတည်ငြိမ်အေးချမ်းမှု မပျက်ပြားစေရေးအတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကို လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် တာဝန်များ အားလုံးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လွှဲပြောင်းပေးအပ်ကြောင်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နိုင်ငံတော်သမ္မတက အမိန့်စာ ထုတ်ပြန်ခဲ့သည်။ ယင်းနောက် စစ်အုပ်ချုပ်ရေး ကြေညာထားသော ဧရိယာအတွင်း အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စများကို စစ်ခုံရုံးက စစ်ဆေးမည် ဖြစ်ပြီး အမြင့်ဆုံး သေဒဏ်အထိ ချမှတ်ခံရမည် ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမိန့်စာ ထုတ်ပြန်ခဲ့သည်။ Visit website

Sunday, April 5, 2015

အူရီဒူး

အူရီဒူးရဲ့ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ယခုလကုန်တွင် ပြီးစီးမယ်လို့ဆို ဆက်သွယ်... The Voice Weekly's Facebook Wall / The Voice Weekly / 2 hours ago အူရီဒူးရဲ့ ကိုယ်ပိုင် အင်တာနက်ဆက်ကြောင်း ယခုလကုန်တွင် ပြီးစီးမယ်လို့ဆို ဆက်သွယ်ရေးအော်ပရေတာ အူရီဒူးရဲ့ ကိုယ်ပိုင်အင်တာနက် ဖိုက်ဘာဆက်ကြောင်းမှာ ဧပြီလကုန်မှာ ပြီးစီးမှာ ဖြစ်တယ်လို့ အော်ရီဒူးမြန်မာရဲ့ လူမှုဆက်ဆံရေးနဲ့ ပြန်ကြားရေး အကြီးတန်းမန်နေဂျာ ဒေါ်သီရိကြာညိုက ဆိုပါတယ်။ လတ်တလောမှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းထံမှ အင်တာနက်လိုင်း ငှားရမ်း အသုံးပြနေရတာကြောင့် ကိုယ်ပိုင် ဖိုက်ဘာဆက်ကြောင်း တည်ဆောက်နေတာဖြစ်ပြီး ထိုင်း၊ စင်ကာပူနဲ့ မြန်မာသုံးနိုင်ငံ နယ်စပ်တွေမှာ ချိတ်ဆက် တည်ဆောက်ထားတာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ “ဒီဖိုက်ဘာဆက်ကြောင်း ပြီးသွားရင် အင်တာနက်ကို မြန်နှုန်းမြင့်နဲ့ ပေးလို့ရမယ်။ အင်တာနက် သုံးနေရင်းနဲ့ လိုင်းကျတဲ့ ပြဿနာတွေလည်း မရှိတော့ဘူး” လို့ ဆက်လက် ပြောဆိုထားပါတယ်။ ပြည်တွင်းမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ လူတစ်ဦးချင်းစီကို အင်တာနက်မြန်နှုန်းမြင့် ဝန်ဆောင်မှု ပေးနိုင်ဖို့အတွက် စင်ကာပူအခြေစိုက် StarHub ဆက်သွယ်ရေး ကုမ္ပဏီနဲ့လည်း ပူးပေါင်း လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ အူရီဒူးထံမှ သိရပါတယ်။ Visit website

Saturday, April 4, 2015

လောက်ကိုင်တိုက်ပွဲ

လောက်ကိုင်အရေးက မအေးသေးဘူးနော် Written by Mizzima News ------------------------... Dinding Facebook Aye Chan Mon / Aye Chan Mon / 20 mins ago လောက်ကိုင်အရေးက မအေးသေးဘူးနော် Written by Mizzima News ---------------------------------------- ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်မှာနေတဲ့ မေးလ်နဲ့ ပေးပို့လိုက်တဲ့စာမှာ ရေးထားတာကတော့ လက်ရှိဖြစ်ပွားနေဆဲ လောက်ကိုင်ဒေသ စစ်ပွဲနဲ့ပတ်သက်ပြီး ပြည်သူတစ်ယောက်ရဲ့ အမြင်ကို ရေးသားပေးပို့ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး သတင်းစာ၊ ဂျာနယ်ဖတ်ပြီး အင်တာနက်ကို အသုံးပြုနေသူ တစ်ဦးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ လက်ရှိဖြစ် ပျက်နေတာတွေကိုလည်း မျက်ခြေမပြတ်တဲ့သူ တစ်ဦးဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူစာရေးပေးပို့ရတဲ့ အကြောင်းရင်းကတော့ ဧပြီလ ၂ရက်၊ မဇ္ဈိမ ဒီဂျစ်တယ်သတင်းစာမှာ ဖတ်လိုက်ရတဲ့ 'တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် သဘောတူပြီးသော်လည်း ကိုးကန့်တွင် နေ့စဉ်တိုက်ပွဲဖြစ်နေ' ဆိုတဲ့ ခေါင်းစဉ်ပါ သတင်းနဲ့ ပတ်သက်ပြီး ပြောချင်တာရှိလို့ စာရေးရတာဖြစ်တယ်လို့ ပြောပါတယ်။ ဒီသတင်းမှာ ပြောခဲ့သူက မြန်မာ အမျိုးသား ဒီမိုကရေစီ တပ်ပေါင်းစု (MNDAA) က ကိုးကန့်တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းလို့ ဖတ်လိုက်ရပါတယ်။ လောက်ကိုင်မြို့ရဲ့ အရှေ့တောင်ဘက် ခုတ်ထန်ဒေသ ပတ်ဝန်းကျင်မှာ အစိုးရ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ မြေပြင်စစ်ပွဲ ဖြစ်ပွားနေတာဖြစ်တယ် လို့ သူက ပြောပါတယ်။ 'အစိုးရစစ်တပ်က လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပစ်ပြီးတော့ မြေပြင်က ကြည်းတပ်တွေ ထိုးတယ်။ အစိုးရစစ်တပ်က စစ်အားတိုးမြှင့်မှုတွေ ရှိနေဆဲဖြစ်ပြီး ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်တို့ဘက်က လက်နက်ကြီးများ ပစ်ခတ်ခဲ့တာ တစ်ရက်တည်း ရာနဲ့ချီတယ်' လို့ ပြောတယ်ဆိုပြီး ဖတ်လိုက်ရပါတယ်။ သတင်းစာ၊ ဂျာနယ်တွေ နေ့စဉ်ဖတ်နေတဲ့ သူ့အဖို့ လောက်ကိုင်ဒေသမှာ ဘာကြောင့် စစ်ပွဲဖြစ်ရတယ်ဆိုတာ နားလည်ပေမယ့် တချို့မသိတဲ့သူဆိုရင် ဒီသတင်းကိုဖတ်ပြီး မြန်မာစစ်တပ်က သူတို့ကို တမင်သက်သက် အကြောင်းမဲ့ရန်ရှာပြီး အနိုင်ကျင့်သလို ထင်သွားမယ့် သဘောရှိတယ်လို့ ဆိုပါတယ်။ သူဒီလိုပြောတာဟာ မြန်မာစကားပုံနဲ့ ခိုင်းနှိုင်းရင် ရိုင်းတယ်လို့ ထင်မှာစိုးပေမယ့် မြင်သာအောင် ပြောရရင် သူခိုးက လူပြန်ဟစ်နေသလိုပါပဲ။ သူတို့က မိုက်မိုက်ကန်းကန်းနဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံ နယ်မြေတစ်ခုကို အရင်စိန်ခေါ်ပြီး ဝင်တိုက်တယ်။ တိုက်တာကလည်း သူခိုး၊ ဓါးပြတွေလို ချောင်းမြောင်းပစ်ခတ် တာကို ပြောက်ကျားစနစ်နဲ့ တိုက်တယ်ဆိုပြီး ဂုဏ်ယူပြောနေတာက ရှက်စရာဆိုတာ သူတို့သိစေချင်ပါတယ်လို့ ပြောပါတယ်။ ဦးထွန်းမြတ်လင်းပြောတဲ့အချိန် မရှေးမနှောင်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး-သိန္နီ ပြည်ထောင်စု အဝေးပြေး လမ်းမကြီးပေါ်မှာရှိတဲ့ သိန္နီမြို့နဲ့ ၂၁ မိုင် အကွာမှာရှိတဲ့ နန့်ဇလပ်အနီး ပန်တီး ကျေးရွာမှာ ၁.၄.၂၀၁၅ ရက် နံနက် ၉ နာရီခွဲက တပ်မတော်ရိက္ခာပို့ ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့လို့ တပ်မတော်က ဒု-အရာခံဗိုလ်တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်မတော်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ဖတ်လိုက်ရပါတယ်။ မတ်လ ၃၀ ရက် မနက်ပိုင်းကလည်း လားရှိုးနဲ့ သိန္နီအကြား ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ရဲ့ မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် တပ်မတော်သားနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းစာမှာ ဖတ်လိုက်ရပါတယ်။ ဒါဟာ မဖြစ်သင့်တဲ့၊ မလုပ်သင့်တဲ့ ကိစ္စပါ။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်း ဖော်ဆောင်ရေးကော်မတီ(UPWC)တို့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာ ချုပ်မူကြမ်းပါ အချက်များအားလုံး သဘောတူညီမှုကို မတ်လ ၃၀ ရက်မှာ လက်မှတ်ထိုးခဲ့ကြတာကို ဒီလိုအပြုအမူနဲ့ လက်နက်ကိုင်အဖွဲ့တွေ မလုပ်သင့်ဘူးလို့ ဆိုပါတယ်။ အရင်ကဆိုရင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို သူနားလည်ပြီး စာနာမိပေမယ့် အခုဖြစ်နေတဲ့ လောက်ကိုင်ဒေသ တိုက်ပွဲတွေမှာ ဖုန်ကြားရှင်ဘက်က ဝင်တိုက်ပေးနေတဲ့ တိုင်းရင်းသားအဖွဲ့ချို့ကို သူနားမလည်နိုင်တော့ပါဘူးတဲ့။ ပြည်သူလူထုကို ထိခိုက်နာကျင်စေမယ့် အပြုအမူမျိုးတွေကို မလုပ်ဘဲ တိုင်းရင်းသား အချင်းချင်း ညီညွတ်ကြရမယ့် အချိန်ကို တန်ဖိုးရှိအောင် အသုံးချစေချင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်က စတင်ခဲ့တဲ့ MNDAA နဲ့ အစိုးရစစ်တပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် တပ်မတော်ဘက်က ကျဆုံးသူ တစ်ရာကျော်နဲ့ ဒဏ်ရာရသူ သုံးရာကျော်ရှိတယ်လို့ ၁၂.၂.၁၅ရက်မှာ တရားဝင် ထုတ်ပြန်ခဲ့တာ အခုအချိန်ဆို ဘယ်လောက်ရှိနေမလဲလို့ တွေးပြီး ကျဆုံးဒဏ်ရာရသူတွေအတွက် ကိုယ့်မိသားစု အရင်းအချာတွေဖြစ်ရင် ခံစားရသလို ဖြစ်ရတယ်လို့ ရေးပါတယ်။ သူပြောချင်တာက တစ်ကယ့်အမှန်တရား ဖြစ်တဲ့ လောက်ကိုင်ဒေသ မှာ ဖြစ်နေတဲ့ တိုက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ပိုင်တဲ့နယ်မြေကို MNDAA က အရင်ကျူးကျော် စော်ကားလို့ ဖြစ်နေရတဲ့ စစ်ပွဲ၊ မြန်မာ့တပ်မတော်က တပ်ဖွဲ့ဝင်တွေ အသက်ပေးပြီး ကာကွယ်နေရတဲ့ စစ်ပွဲလို့ စာဖတ်သူတွေ၊ ပြည်သူတွေ သိအောင်မြင်အောင်ရေးတဲ့ သတင်းစာတစ်စောင်အဖြစ် မဇ္ဈိမကို မြင်လိုပါတယ်ဆိုတာ ပြောချင်လို့ ရေးလိုက်ပါတယ်ဆိုတဲ့ စာကို ဖော်ပြလိုက်ပါတယ်။ http://mizzimaburmese.com/ Visit website

Friday, April 3, 2015

တရုတ်အသွင်နှင့် မြန်မာ့အမြင်

တရုတ်အသွင် နှင့် မြန်မာ့အမြင် Other Blogs   တရုတ်အသွင် နှင့် မြန်မာ့အမြင်  ဒီတပတ်တော့ တရုတ်နဲ့ ပတ်သက်တဲ့ မြန်မာ့ သဘောထား အမျိုးမျိုးကို လေ့လာ သုံးသပ်ထားတဲ့ စာတမ်းနှစ်စောင်ကို အကျဉ်းချုံး တင်ပြပါမယ်။ မျက်မှောက်ခေတ် မြန်မာစာပေမှာ ဖော်ပြတဲ့ တရုတ်နဲ့ ပတ်သက်တဲ့ သဘောထားကို Berkeley California တက္ကသိုလ်မှာ ပါရဂူဘွဲ့ ကျမ်းပြစုနေသူ ကိုမင်းဇင်က ရေးထားပါတယ်။ သူ့စာတမ်းကို ဂျာမဏီ အာရှလေ့လာရေးစာစောင်မှာ ၂၀၁၂ က ဖော်ပြထားပါတယ်။ ဘေဂျင်း (Beijing) အခြေစိုက် အရှေ့ တောင်အာရှ လေ့လာရေးဌာနက သုတေသီ စုန့်ချန်ရင် (Song Quinrun) ကလည်း မြန်မာပြည်က တရုတ်သဘောထားကို လေ့လာပြီး လွန်ခဲ့တဲ့ ဒီဇင်ဘာလက စာတမ်းထုတ်ဝေထားပါတယ်။ တရုတ်နဲ့ ပတ်သက်တဲ့ မြန်မာပြည်က သဘောထားအမြင်တွေကို လေ့လာသုံးသပ်ပြီး တင်ပြထားတဲ့ စာတမ်းတွေ ဖြစ်ပါတယ်။ (၁၉၈၈) မှာ စစ်အစိုးရတက်လာပြီး တရုတ် အားကိုးချိန်ကစပြီး (၂၀၁၁) အထိဖြစ်တဲ့ တရုတ်နဲ့ ပတ်သက်တဲ့သဘောကို ကိုမင်းဇင် က ရေးထားပါတယ်။ ဗကပရဲ့ ဒဏ်ကို ခံခဲ့ရတဲ့ မဆလ စစ်ဗိုလ်အချို့ ရဲ့  ကိုယ်ရေးမှတ်တမ်းအချို့ ကိုလည်း ကိုးကားထားပါတယ်။ ယူနန်နဲ့ အိမ်နီးချင်းဖြစ်တဲ့ အထက်မြန်မာပြည်မှာ တရုတ်တွေ ကြီးစိုးလာလို့ မြန်မာ့ယဉ်ကျေးမှု ကွယ်ပျောက်မှာကို စိုးရိမ်တဲ့ လူထုဒေါ်အမာရဲ့  အမေ့ရှေ့ စကား ကိုလည်း ကောက်နုတ်ဖော်ပြထားပါတယ်။ စစ်အစိုးရ ကောင်းမှုကြောင့် တရုတ်တွေ များပြားလာတဲ့အတွက် မြန်မာ့လူ့အဖွဲ့အစည်း ပြောင်းလဲလာပုံကို အခြားစာရေးဆရာတွေကလည်း ဖော်ပြပါတယ်။ ဝင်းစည်သူ၊ နေဝင်းမြင့်၊ ဆူးငှက်၊ ညီပုလေးတို့ရဲ့  အရေးအသားတွေကို ကိုးကားထားပါတယ်။ ဦးသိန်းစိန်အစိုးရခေတ်ရောက်တော့ တရုတ်ကြီးစိုးမှုကို  အလေးပေး ဖော်ပြရာမှာ Eleven Media အုပ်စုဟာ ထင်ရှားပါတယ်။ မြစ်ဆုံဆည် ဆန့်ကျင်ရေးမှာ စာနယ်ဇင်းလောကတခုလုံးလိုလို ပါဝင်လာတာ တွေ့ရပါတယ်။ တရုတ်ပြည်ဟာ အားကျစရာ မဟုတ်ဘူးလို့ မြန်မာတွေက ယူဆပုံ ရပါတယ်။ မြန်မာပြည်သူတွေ ဆင်းရဲတွင်းနက်လေလေ စစ်အစိုးရနဲ့ပေါင်းပြီး စီးပွားရှာနေတဲ့ တရုတ်ကို အမြင်ကတ်လေလေ ဖြစ်လာပါတယ်။ တရုတ်ဟ အကျပ်အတည်း ဖြစ်လာရင် နယ်စပ်တိုင်းရင်းသား ပဋိပက္ခကို မီးမွှေးပြီး ဖိအားပေးနိုင်တယ်လို့ ကိုမင်းဇင် က သုံးသပ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး တရုတ်နဲ့ ပတ်သက်တဲ့ အမြင်အမျိးမျိုး မြန်မာ့လူ့ဘောင်မှာ ပေါ်ထွက်လာတာကို တွေ့ရပါတယ်။ ဒီအထဲမှာ အရပ်သား အသင်းအဖွဲ့တွေဟာ တရုတ်ကို အကောင်းမမြင်နိုင်ကြတဲ့အတွက် တရုတ်-မြန်မာ ဆက်ဆံရေးပါ ထိခိုက်လာတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ လက်ရှိ အစိုးရလက်ထက်ရောက်မှ တရုတ်နဲ့ ပတ်သက်တဲ့ ပြည်သူ့သဘောထား ပြောင်းလာတာ ဖြစ်ပါတယ်တဲ့။ မြန်မာအစိုးရကတော့ တရုတ်ကို ကောင်းတဲ့ဘက်ကမြင်ပါတယ်။ ငွေကြေး၊ အတတ်ပညာနဲ့ အခြားကိစ္စတွေမှာ တရုတ်အားကိုးနေရတာကို မြန်မာအစိုးရ ထိပ်တန်းအရာထမ်းတွေက သဘောပေါက်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရဟာ တရုတ်ကို မှီခိုအားထားလွန်းတဲ့အတွက် မြန်မာပြည်မှာ တရုတ်သြဇာ ကြီးမားလာမှာကို စိုးရိမ်တဲ့အရာရှိတွေကတော့ တရုတ်ကိုချည်း မှီခိုနေတဲ့အဖြစ်ကို ရပ်ဆိုင်းလိုပုံ ရပါတယ်တဲ့။ နိုင်ငံရေးပါတီ (၇၀) လောက်ရှိတဲ့အထဲ တရုတ်ကို အကောင်းမြင်တာမျိုး ရှိပေမယ့် အများစုဟာ တရုတ်ပြည်အကြောင်း ကောင်းကောင်းမသိကြတဲ့အတွက် တရုတ်ဆန့်ကျင်ရေး လုပ်တာတွေရှိတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ ဒီမိုကရေစီ သဘောကို နားမလည်တော့ စစ်အစိုးရ ဆန့်ကျင်ရေးနဲ့ တရုတ် ဆန့်ကျင်ရေးကို ဒီမိုကရေစီလို့ ထင်နေတာတွေလည်း ရှိပါတယ်။ ဒါကြောင့် စစ်အစိုးရနဲ့ တရုတ်အစိုးရ သဘောတူခဲ့တဲ့ စီမံကိန်ကို ပြန်လည်ဆန်းစစ်ဖို့ တောင်းဆိုတဲ့ နိုင်ငံရေးပါတီတွေ ရှိပါတယ်။ တရုတ် ဆန့်ကျင်ရေးလုပ်ပြီး ရွေးကောက်ပွဲ စည်းရုံးရေး ဆင်းသလို ဖြစ်နေပါတယ်။ NLD ပါတီဝင်တွေ မြစ်ဆုံ ဆန့်ကျင်ရေးနဲ့ လက်ပံတောင်းတောင် ဆန္ဒပြပွဲတွေမှာ ပါဝင်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကတော့ တရုတ်ကို ကောင်းတဲ့ဘက်က မြင်တယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ ရှေ့ ဆောင်တဲ့ နိုင်ငံရေးပါတီတွေမှာ အမျိုးသားစိတ်ဓါတ် ပြင်းထန်ကြတာမို့ စစ်တပ်နဲ့ တရုတ် ဆန့်ကျင်ရေးလုပ်ပြီး စည်းရုံးရေး ဆင်းနေကြတယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ မြန်မာ-တရုတ် ရေနံဓါတ်ငွေ့ပိုက်လိုင်းကို ပြန်လည်ဆန်းစစ်တဲ့ ဥပဒေ ပြဌာန်းဖို့ ကြိုးပမ်းတဲ့အပြုအမှုဟာ တရုတ် ဆန့်ကျင်ရေး လှုပ်ဆော်သလို ဖြစ်နေပါတယ်။ လူမုန်းများတဲ့ စစ်အစိုးရကို အကူအညီပေးတဲ့ တရုတ်ကိုပါ ရန်ရှာလာတာ ဖြစ်ပါတယ်။ အရပ်သားအဖွဲ့တွေရဲ့  တရုတ် ဆန့်ကျင်ရေးကြောင့် လက်ရှိ အစိုးရဟာ တရုတ်နဲ့ ပတ်သက်ရင် ဆုံးဖြတ်ဖို့ ခက်လာတာတွေ ရှိပါတယ်။ တရုတ်ကို အရပ်သားအဖွဲ့တွေက အထင်မှား အမြင်မှားဖြစ်အောင် လုပ်တဲ့နေရာမှာ ရှစ်လေးလုံးမျိုးဆက်အဖွဲ့ဟာ ရှေ့ ဆုံးကဖြစ်တယ်လို့ စုန့်ချင့်ရန် က ဆိုပါတယ်။ လာဘ်ထိုးပြီး ထင်သလိုလုပ်တဲ့ တရုတ်ကုမ္ပဏီအချို့ ရှိတာနဲ့ တရုတ် မကောင်းဘူးလို့ပြောတာ သဘာဝမကျဘူးလို့ ဆိုပါတယ်။ တရုတ်ကို မှန်ကန်စွာ ရှုမြင်တတ်ဖို့ လိုပါတယ်။ မြန်မာ့လူ့အဖွဲ့အစည်းမှာ တရုတ်ကို မကောင်းမြင်နေဦးမှာ ဖြစ်ပေမယ့် အပြုသဘောနဲ့ ဘက်စုံဆောင်ရွက်နိုင်ရင် အမြင်ပြောင်းလွဲလာပြီး တရုတ်-မြန်မာ ဆက်ဆံရေးကို ဓမ္မဓိဌာန်ကျကျ ဆင်ခြင်နိုင်လိမ့်မယ်လို့ တရုတ်ပညာရှင် စုန့်ချင့်ရန် က သုံးသပ်ထားပါတယ်။ ဦးအောင်ခင်, ကျော်ကျော်သိန်း / ဗွီအိုအေ (မြန်မာပိုင်း) http://burmese.voanews.com   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

Thursday, April 2, 2015

မြို့နယ်အုပ်ချုပ်ရေးမူးတွေအတွက် ကားအသစ်တွေလဲပေးမည် ကျေးရွှာအဆင့် အုပ်ချုပ်ရေးမူးမပါ

မြို့နယ် ခရိုင်အုပ်ချုပ်ရေးမူးတွေကို ကားအသစ်တွေလဲဖို့ငွေထုတ်ပေးမည်။မှတ်ချက်။ ကျေးရွှာအဆင့်အုပ်ချုပ်ရေးမူးများ အိပ်မက် မမက်ပါနဲ့။

Wednesday, April 1, 2015

မုန်တိုင်း

တိုင်ဖုန်းမုန်တိုင်း အရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ လေပြင်းအန္တရာယ် သတိပြုရန်လ... The Voice Weekly's Facebook Wall / The Voice Weekly / 8 hours ago တိုင်ဖုန်းမုန်တိုင်း အရှိန်ကြောင့် ကမ်းရိုးတန်းဒေသများ လေပြင်းအန္တရာယ် သတိပြုရန်လို ဟုဆို ရန်ကုန်၊ မတ် ၃၁ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် တိုင်ဖုန်းမုန်တိုင်း Maysak မှာ တောင်တရုတ်ပင်လယ်ပြင် အတွင်း ဝင်ရောက်လာပါက ယင်းမုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ဒေသနှင့် ကမ်းရိုးတန်းဒေသများတွင် မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းတို့ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောကြားသည်။ “အခုက တော်တော်လေးတော့ ဝေးပါသေးတယ်။ ကျွန်တော်တို့ဘက် လာမလား၊ တောင်တရုတ် ပင်လယ်ပြင်ထဲ ဝင်မလားဆိုတာ စောင့်ကြည့်ရမယ့် အနေအထားရှိတယ်။ တောင်တရုတ် ပင်လယ်ပြင်ထဲ လမ်းကြောင်းပြောင်းပြီး ဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံကို Effect ရှိနိုင်တယ်” ဟု ၎င်းကပြောဆိုသည်။ မတ်လ ၃၁ ရက် နေ့အထိ အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင် မြောက်ပိုင်းကမ်းခြေသို့ ဖြတ်ကျော်ဝင် ရောက်ခြင်းမရှိသေးဘဲ ပစိဖိတ်ပင်လယ် ပြင်၌သာ တည်ရှိနေသော်လည်း ဖိလစ်ပိုင် နိုင်ငံသို့ ဖြတ်ကျော် ဝင်ရောက်ပြီးပါက တောင်တရုတ်ပင်လယ်ပြင် အတွင်း ဝင်ရောက်မှုရှိ မရှိကို အဓိကစောင့်ကြည့်ရန် လိုအပ်ကြောင်း ဦးကျော်မိုးဦးက ဆက်လက်ပြောကြားသည်။ တိုင်ဖုန်းမုန်တိုင်း Maysak သည် ဧပြီလ ၁ ရက်နေ့တွင် အားကောင်းသည့် ဆူပါတိုင်ဖုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိမည်ဖြစ်ပြီး ဧပြီလ ၃ ရက်နေ့တွင် တိုင်ဖုန်းအဆင့်ဖြင့် အားလျော့ကာ ဖိလစ်ပိုင် မြောက်ပိုင်းကမ်းခြေ ကုန်းတွင်းပိုင်းကို ဖြတ်ကျော်မည်ဟု Joint Typhoon Warning Center (JTWC) က ခန့်မှန်းထားသည်ဟု MMweather Page တွင် ဖော်ပြထားသည်။ Visit website

Tuesday, March 31, 2015

ဟာသ

ငွေစက္ကူ

န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန... Dinding Facebook Aye Chan Mon / Aye Chan Mon / 3 hours ago န၀တ စစ်အစိုးရ တက်ပြီးနောက် ၁၉၈၉ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် တစ်ကျပ်တန် ငွေစက္ကူ များ၏ ရေစာတွင် ထည့်သွင်းကာ ပုံနှိပ်ထုတ်ဝေခဲ့ဟု ဆို ----------- ၁၉၈၉ တုန်းက ဒေါ်အောင်ဆန်းစုကြည်ပုံကို ရေစာအဖြစ် ထည့်သွင်းကာ တစ်ကျပ် တန် ငွေစက္ကူ များကို 'Disobedient objects' အဖြစ် လန်ဒန်မြို့  ရှိ Victoria & Albert museum တွင် အခြား နိုင်ငံများမှ အနုပညာမြောက် အာဏာရှင်ဆန့်ကျင်ရေး ပစ္စည်းများ ဓါတ်ပုံများနှင့် အတူ ယှဉ်တွဲ ပြသထားကြောင်း BBC သတင်းဌာနက ရေးသား ခဲ့သည်။ အဆိုပါ ဗိုလ်ချုပ်အောင်ဆန်း ပုံပါ ၁ ကျပ်တန်များကို ဒီမိုကရေစီပိုက်ဆံ ဟု တင်စားခေါ်ဝေါ်ခဲ့ကြပြီး အဆိုပါ အဖြစ်အပျက်ကို သိရှိသူ အနည်းငယ်သာ ရှိသည်ဟု ဆိုသည်။ အဘယ်ကြောင့် ဆိုသော် မြန်မာနိုင်ငံတွင် ငွေစက္ကူ များကို စစ်တပ်မှ ထိန်းချုပ်ထားသည့် ၀ါဇီစက်ရုံတွင်သာ ရိုက်နှိပ်ပြီး အားလုံး မှာ အစိုးရ ၀န်ထမ်းများ ဖြစ်သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် အဆိုပါ ငွေစက္ကူများကို ရိုက်နှိပ် ခဲ့ခြင်း ဖြစ်သည်။ Water-mark ရေးဆွဲသည့် ပန်းချီဆရာမှ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံကို သွယ်လျပျော့ပျောင်းပြီး အမျိုးသမီးတစ်ယောက်နှင့် တူအောင် ပုံဖော် ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံး ရေစာပုံ၏ ရလဒ်မှာ ဗိုလ်ချုပ်၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ် ဖြစ်လာသည်ကို ရုတ်တရက်ကြည့်လျှင် မသိသာသော်လည်း အလင်းနောက်ခံဖြင့် ထောင် ကြည့်ပါက ပြတ်သားရှင်းလင်းစွာ မြင်ရသည်ဟု ဆိုသည်။ ရေစာပါ မျက်ခုံး၊ နှာခေါင်းနှင့် မေးရိုးတို့မှာ ပိုက်ဆံပေါ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ထပ်တူညီတူ မကျသည်ကို တွေ့ရမည် ဖြစ်သည်။ ထိုအကြောင်းကို သိလျှင် သိခြင်း န၀တ စစ်အစိုးရက အဆိုပါ ၁ ကျပ်တန် ငွေစက္ကူ များကို အစိုးရဘဏ်များမှ လှို့ဝှက်စွာ ပြန်လည်သိမ်းယူပြီး မီးရှို့ ဖျက်စီးခဲ့သည်ဟု ဆိုသည်။ အဆိုပါ ရေစာပုံကို ဆွဲခဲ့သည် ၀ါဇီဝန်ထမ်း ပန်းချီဆရာ၏ ကံကြမ္မာကိုမူ မည်သူမျှ သိရှိခြင်း မရှိကြောင်း BBC သတင်းဌာနက ဖော်ပြခဲ့သည်။ မောင်နိုး The Ladies News Journal The Ladies News Journal Visit website

Sunday, March 29, 2015

ဆက်သွယ်ရေး

ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီသုံးခုအား ထပ်မံခွင့်ပြု Monday, March 30, 2... Dinding Facebook Aye Chan Mon / Aye Chan Mon / 3 hours ago ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီသုံးခုအား ထပ်မံခွင့်ပြု Monday, March 30, 2015 ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်များတည်ဆောက်ခြင်း နှင့် ဖိုက်ဘာကေ ဘယ် ပြေးဆွဲခြင်း လုပ်ငန်းများအတွက် KDDI၊ Elite နှင့် ရတနာပုံတယ်လီပို့ တို့အား ကွန်ရက်တည်ဆောက်ခွင့်လိုင် စင်ချပေးလိုက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနက မတ်လတတိယပတ်တွင် သတင်းထုတ်ပြန်သည်။ ဆက်သွယ်ရေး ညွှန်ကြားမူဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီလ အတွင်းက ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်အတွက် ကုမ္ပဏီရှစ်ခုအား လိုင်စင်ချထားပေးခဲ့ပြီး ယခုလအတွင်း၌ ကုမ္ပဏီ သုံးခုအား ထပ်မံ၍ ချထားပေးခဲ့ရာ ကွန်ရက် တည်ဆောက်ခွင့်အတွက် ကုမ္မဏီပေါင်း ၁၁ ခုအထိ လိုင်စင်ရရှိပြီး ဖြစ်ကြောင်း သိရသည်။ ‘‘အခုပေးလိုက်တဲ့ ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်တွေထဲမှာ Individual နဲ့ Class ဆိုပြီး နှစ်မျိုးရှိပါတယ် ၊Individual ကတော့ ကွန်ရက်တွေ တည်ဆောက်ပြီး အသုံးပြုသူတွေကို တိုက်ရိုက် ဝန်ဆောင်မူပေးနိုင်တဲ့ လိုင်စင်ဖြစ်ပြီးတော့ ၊Class ကတော့ တိုက်ရိုက်ဝန်ဆောင်မှုပေးခွင့်မရှိဘဲ တည်ဆောက်ထားတဲ့ ကွန်ရက်ကို ပြန်အငှားချခွင့်ရှိတဲ့ လိုင်စင် ဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ရှင်းပြသည်။ လိုင်စင်ရရှိသည့် ကုမ္ပဏီ ၁၁ခုအနက် ရွှေသံလွင်မီဒီယာ ၊Elite နှင့်ရတနာပုံတယ်လီပို့ စသည့် ကုမ္ပဏီသုံးခုသာ ကွန်ရက်တည်ဆောက်ပြီး တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်သည့် Individual လိုင်စင်ကိုရရှိခဲ့သည့် အခြားသော ကုမ္ပဏီ ရှစ်ခုမှာ Class လိုင်စင် ဖြစ်သည့်အတွက် ကွန်ရက်တည်ဆောက်၍ အငှားပြန်ချသည့် လုပ်ငန်းကိုသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၅၀ ကျော်အထိရှိကြောင်းသိရပြီး ရေဒီယိုလှိုင်းနုန်း ဆိုင်ရာနည်းဥပဒေ ရေးဆွဲပြီးပါက အဆိုပါ ကုမ္ပဏီများအနက်အင်တာနက် ဝန်ဆောင်မှုများနှင့် လှိုင်းနှုန်းကို အသုံးပြုသော ဆက်သွယ်ရေး ဝန်ဆောင် မှုများကို လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 7Day News Journal Visit website

Saturday, March 28, 2015

ရှမ်းပြည်နယ် အရှေ့မြောက်ခြမ်းတိုက်ပွဲ

ရှမ်းပြည်အရှေ့မြောက်ခြမ်း တိုက်ပွဲတွေ ဆက်ဖြစ်နေ Other Blogs   ရှမ်းပြည်အရှေ့မြောက်ခြမ်း တိုက်ပွဲတွေ ဆက်ဖြစ်နေ တရုတ်နယ်စပ်အနီးက ကိုးကန့် လက်နက်ကိုင်တပ်စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့မှာ အပြင်းအထန် ထိုးစစ်ဆင်နေသလို ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ထဲက တအာန်းပလောင်တပ် တွေကိုလည်း တပြိုင်နက်တည်း ထိုးစစ်ဆင်နေပါတယ်။ ကချင်ပြည်နယ် မန်စီမြို့နယ်ထဲက ကိုက်ထိပ် ကျေးရွာတဝိုက်မှာလည်း ကချင်လက်နက်ကိုင်တပ် ကေအိုင်အေနဲ့ မြန်မာ့တပ်မတော်ကြား စစ်ရေးတင်းမာမှုရှိနေပါတယ်။ အသေးစိတ် မသိင်္ဂီထိုက်က စုစည်းတင်ပြပေးထားပါတယ်။ အရင်တုန်းက မြန်မာအစိုးရနဲ့ အပစ်ရပ်စဲခဲ့ဖူးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးကန့်လက်နက်ကိုင် MNDAA ရဲ့ တုန်းချမ်းနဲ့ ရှင်ခုတ်ထန်ဒေသမှာ ရှိတဲ့စခန်းကို မြန်မာ့တပ်မတော်က ဒီကနေ့မှာလည်း ထိုးစစ်ဆင်ခဲ့ပါတယ်။ တရုတ်နယ်စပ်နဲ့ တမိုင်ကျော်ကျော်ပဲဝေးတဲ့ ရှင်ခုတ်ထန်ဒေသ ထိုးစစ်မှာတော့ မြန်မာ့တပ်မတော်ဘက်က လေကြောင်းအသုံးမပြုဘူးလို့လည်း ကိုးကန့်လက်နက်ကိုင်တပ် MNDAA ရဲ့ ပြောခွင့်ရ ဦးထွန်းမြတ်လင်းက ပြောပါတယ်။ “မနက် ၈ နာရီကနေ စပါတယ်ခင်ဗျ ။ ညနေ ၆ နာရီ အထိပေါ့။ လက်နက်ကြီးနဲ့ အရင်ပစ်၊ မြေပြင်ကနေ ကြည်းတပ်က ထိုးပေါ့။ လက်နက်ကြီးနဲ့ ပစ်လိုက် ထိုးလိုက်နဲ့က ၈ ကြိမ်တိတိလောက် လုပ်ပါတယ်။ ကျနော်တို့ဘက်ကနေပြီးတော့မှ အနည်းအကျဉ်းဒဏ်ရာရတာ ၄ ယောက်ရှိပါတယ် ခင်ဗျ။ တဘက် ကတော့ ထိခိုက်ဒဏ်ရာရတာနဲ့ ကျတာနဲ့ ရှိပါတယ်။ ဒါပေမယ့် အရေအတွက် မသိရသေးပါဘူး ခင်ဗျ။ ကျနော်တို့က ခံစစ်ပါခင်ဗျ။ ကျနော်တို့ စခန်းလည်း ဒီတိုင်းပဲ ရှိပါတယ်။ ကျနော်တို့ လက်ထဲမှာပါပဲ။” ကိုးကန့်ဒေသတိုက်ပွဲတွေက နှစ်လနီးပါး ကြာမြင့်လာပြီဖြစ်ပြီး အခုချိန်ထိလည်း ပြေငြိမ်းမယ့် အလားအလာ မရှိသေးပါဘူး။ မြန်မာ့တပ်မတော်ကတော့ ရှမ်းပြည်နယ် အရှေ့ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေထဲမှာ တပ်အင်အားတိုးချပြီး ဒီရက်ပိုင်း အတွင်းမှာဘဲ ထိုးစစ်တွေကို အရှိန်မြှင့်လာတာ ဖြစ်ပါတယ်။ ကိုးကန့်ဒေသကို တိုက်ခိုက်နေတဲ့တချိန်တည်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲထဲက တိုင်းရင်းသား လက်နက်ကိုင် တအာန်းတပ်တွေကိုလည်း ထိုးစစ်ဆင်ခဲ့ပါတယ်။ TNLA တအာန်းပလောင် တပ်ရဲ့ပြောခွင့်ရ တာအိုက်ကျော်ကတော့ ဒီကနေ့ တိုက်ပွဲ အခြေအနေကို အခုလို ပြောပြပါတယ်။ “အထူးသဖြင့် ဒီကနေ့ ကွတ်ခိုင်မြို့နယ် တာမိုးညဲမြို့နယ်ခွဲ ဒေသတွေမှာ ဖြစ်တယ်။ ပထမ တကြိမ်လည်း အဲဒီနားဘဲ။ နမ့်ဖာ ကျေးရွာနဲ့ နမ့်မော ကျေးရွာကြားမှာ တကြိမ်ဖြစ်တယ်။ အဲမှာတော့ သိပ်ပြီး မကြာဘူး။ ၃ နာရီကျော်ကျော်ကနေ ၄ နာရီထိပေါ့နော် တနာရီနီးပါး တကြိမ်ဖြစ်တယ်။ နောက်ထပ် ၄ နာရီကနေ ၄ နာရီခွဲလည်း တာမိုးညဲ မရောက်ခင် နမ့်မိုဟမ် နားမှာ တကြိမ်ပြန်ဖြစ်တယ်။” ရှမ်းပြည် မြောက်ပိုင်းက တအာန်း ပလောင် ဒေသတဝိုက်တိုက်ပွဲတွေကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေလည်း စစ်ဘေးရှောင် ထွက်ပြေးနေကြရပါတယ်။ တချိန်တည်းမှာဘဲ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ကို ဆက်သွယ်ရာ နမ့်ခမ်း- ဗန်းမော်လမ်းမကြီးပေါ်က ဆက်သွယ်ရေး အရ ဗျူဟာကျတဲ့ ကိုက်ထိပ်ရွာနားက ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA ရဲ့ ရှေ့တန်း စခန်းတွေကိုလည်း မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေတာ သီတင်း ၁ ပတ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။ ကချင်လွတ်မြောက်ရေး အဖွဲ့ KIO ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆိုင်ရာ အကြိုညှိနှိုင်းရေးကော်မတီ ပြောခွင့်ရ ဦးဒေါင်ခါးကတော့ ကချင်ဒေသ စစ်ရေး အခြေအနေကို အခုလို ပြောပါတယ်။ “ကိုက်ထိပ်အောက် ရောက်သွားပြီ။ အရှေ့တောင်ဘက် ကျတာပေါ့ ကိုက်ထိပ်ရဲ့။ ဖြစ်တာတော့ ဖြစ်တယ်လို့ ပြောတာဘဲ။ ရှေ့တန်းက Report အရတော့။ ဒါပေမယ့် ဘယ်ပုံ ဘယ်နည်း ဖြစ်တယ်ဆိုတာကတော့ ကျနော်တို့လည်း တိုက်ပွဲဆိုတော့ အချိန်ပြည့် မစုံစမ်းနိုင်ဘူးလေ။ ကိုက်ထိပ်က ဒီ ကျနော်တို့ တပ်မဟာ ၃ နဲ့ နီးတာပေါ့ဗျာ။” မြန်မာ့ တပ်မတော်က ထိုးစစ်ဆင်နေတဲ့ နမ့်ခမ်း - ဗန်းမော် လမ်းမကြီးကို ကေအိုင်အေဘက်က ဖွင့်ပေးဖို့ အရင် ဆွေးနွေးပွဲတွေမှာ မြန်မာအစိုးရဘက်က တောင်းဆိုခဲ့တာဖြစ်တယ်လို့လည်း ပြောခွင့်ရ ဦးဒေါင်ခါးက ပြောပါတယ်။ “ဒီ ကိုက်ထိပ်လမ်းကြောင်းက ကျနော်တို့ ဒီမြစ်ကြီးနား ဆွေးနွေးပွဲလုပ်တဲ့အချိန်ကတည်းက သူတို့က ဖွင့်ပေးဖို့ ပြောတာပေါ့။ ဒါပေမယ့် ကျနော်တို့ ကေအိုင်အို Propose (ကမ်းလှမ်း) တဲ့ဟာက ဒီကိုက်ထိပ် လမ်းကြောင်းတခုတည်း မဟုတ်ဘဲနဲ့ ပြည်သူလူထုသွားတဲ့ လမ်းမအားလုံးကို ဖွင့်ရအောင်လို့ ကျနော်တို့က အဲလို ညှိတယ်။ အဲဒီလမ်းမတွေက ဖွင့်သလိုလိုနဲ့ သူတို့က ကျနော်တို့ ကေအိုင်အေ တပ်စခန်း၊ တပ်ရင်း၊ တပ်မ ရှိတဲ့ လမ်းကြောင်းတွေကို အားလုံး ပြန်ပိတ်တယ်။ လမ်းမကြီးတော့ ဖွင့်တယ်။ ဒါပေမယ့် ကျနော်တို့ဘက်က ဆက်သွယ်သွားလာတဲ့ လမ်းကြောင်းအားလုံးကို ပြန်ပိတ်ပေးတယ်။ အဲလိုမျိုးတွေ ဖြစ်နေတယ်။ ဆိုတော့ အခု ဒီ ဗန်းမော်- ကိုက်ထိပ်- မံဝိန်းကြီး- နမ့်ခမ်း လမ်းက Strategic Communication Line ( ဗျူဟာကျတဲ့ ဆက်သွယ်ရေး လမ်းကြောင်း) ထဲမှာ ပါတယ်။ ဆိုတော့ အဲဒါကို သူတို့က မရမက တိုက်ချင်တဲ့ သဘောပါဘဲ။ ဟို သစ်မှောင်ခိုဆိုတာက ခေါင်းစဉ်တပ်တာပေါ့ဗျာ။ ဒါကြောင့်မို့ အဲဒီ နယ်မြေဒေသတွေကို သူတို့ ရာနှုန်းပြည့် စိုးမိုးရေးရနိုင်ဖို့ ကြိုးစားနေခြင်းဖြစ်တယ်လို့ အဲလို နားလည်တယ်။” မြန်မာ့တပ်မတော်ရဲ့ သီတင်းတပတ်ကြာ ထိုးစစ်ကြောင့် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် ကိုက်ထိပ်ကျေးရွာအနီးက ကေအိုင်အေ ရှေ့တန်း စခန်းတချို့ကို ကေအိုင်အေဘက်က ဖယ်ရှားပေးခဲ့ရပေမယ့်လည်း မြန်မာ့တပ်မတော်ဘက်က ရေရှည်မှာ ဒီစခန်းတွေကို ထိန်းသိမ်းနိုင်ဖို့ မလွယ်ဘူး လို့လည်း ကေအိုင်အိုက ပြောပါတယ်။ ကေအိုင်အေအနေနဲ့က လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ မြန်မာအစိုးရကြား အပစ်ရပ်ရေး ဆွေးနွေးပွဲကာလအတွင်း ပျော့ပြောင်းတဲ့ ခံစစ်ဗျူဟာကို ကျင့်သုံးသွားမယ်လို့လည်း ပြောခွင့်ရ ဦးဒေါင်ခါးက ပြောပါတယ်။ ဗွီအိုအေ (မြန်မာဌာန) http://burmese.voanews.com   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

ရဲတပ်ဖွဲ့

ပြောင်းရွေ့ မိန့် ကို မကျေနပ်တဲ့ ရဲတပ်သား စခန်းမှူးအိမ်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ မှုဖြစ်ပွား Other Blogs   ပြောင်းရွေ့ မိန့် ကို မကျေနပ်တဲ့ ရဲတပ်သား စခန်းမှူးအိမ်ကို ဓါတ်ဆီလောင်ပြီး မီးရှို့ မှုဖြစ်ပွား ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ ရဲစခန်း၌ မီးလောင်မှု ဖြစ်ပွား စစ်ကိုင်းတိုင်း ဒေသကြီး ကျွန်းလှမြို့နယ် ရွာကုန်းကြီးကျေးရွာ နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် မတ် ၂၇ ရက်နေ့ည ၉ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွာကုန်းကြီးကျေးရွာ ရဲတပ်ဖွဲ့စခန်းတွင် တာဝန်ထမ်းဆောင် နေသော ရဲတပ်သား အာကာဆန်းဝင်းသည် နန်းယွန်းရဲစခန်းသို့ပြောင်းရွေ့ တာဝန်ထမ်းဆောင်ရန် အမိန့်ကျလာခြင်းကို မကျေနပ်၍ အရက်သေစာ သောက်စား မူးယစ်ကာ ဇနီးနှင့်စကားများ ရန်ဖြစ်ပြီး မီးစက် ခန်းတွင်ရှိသော စက်မောင်းဆီပုံးအားယူဆောင်၍ စခန်းမှူး နေအိမ်ကို စက်မောင်းဆီဖြင့် ပက်ဖြန်းပြီး မီးရှို့သောကြောင့် (အလျား၂၀×အနံ၂၀)ပေသွပ်မိုး/ပျဉ်ကာ/ပျဉ်ခင်း အဆောက်အဦး တစ်လုံး တန်ဘိုး ၃ သိန်းခန့်နှင့် အတွင်း ပစ္စည်းများဖြစ်သည့် တီဗွီ၂၁ လက်မ ကျွန်းစတီတစ်စုံ / အပ်ချုပ်စက် / ဘီရိုအဝတ်အစား / မီးဖိုချောင်သုံး ပစ္စည်းများ တန်ဘိုးငွေ ကျပ် ၄၅၀၀၀၀ စုစုပေါင်း ငွေကျပ် ၇၅၀၀၀၀ ခန့်မီးလောင်ဆုံးရှုံး သွားကြောင်း သိရသည်။ အဆိုပါ မီးလောင်ရာသို့ ရွာကုန်းကြီးကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ကျေးရွာသူရွားများက အပေါ့စား မီးသတ်စက်များဖြင့် ဝိုင်းဝန်းငြိမ်းသတ်ရာ ည ၁၀ နာရီ ၅ မိနစ်အချိန်တွင် မီးငြိမ်းသွားပြီး မည်သူတစ်ဦး တစ်ယောက်မှ ဒဏ်ရာရ သေဆုံးခြင်း မရှိဘဲမီးရှို့သူရဲတပ်သား အာကာဆန်းဝင်းအား အရေးယူ ဆောင်လျှက်ရှိကြောင်း သိရသည်။ မျိုးဝင်းညို  (ကျွန်းလှ) The Mirror Daily https://www.facebook.com/TheMirrorDaily   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့်လမ်းမကြီး

ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့် လမ်းမရှည်ကြီး ဖော... The Voice Weekly's Facebook Wall / The Voice Weekly / 7 hours ago ဗြိတိန်မှ ရုရှားကိုဖြတ်ပြီး မြောက်အမေရိက အလက်စကာထိ ဆက်သွယ်မည့် လမ်းမရှည်ကြီး ဖောက်လုပ်ရန် ရုရှားသူဌေးကြီး အဆိုပြု မော်စကို၊ မတ် ၂၇ ဥရောပအနောက်ဖျား ဗြိတိန်နိုင်ငံမှ ရုရှားနိုင်ငံကို ဖြတ်သန်းကာ မြောက်အမေရိကတိုက် အလက်စကာအထိ ဆက်သွယ်ပေးမည့် အဝေးပြေးလမ်းမကြီးတစ်ခု ဖောက်လုပ်ရန် ရုရှားနိုင်ငံတွင် သြဇာကြီးမားလှပြီး သမ္မတ ဗလာဒီမာပူတင်နှင့် ရင်းနှီးကျွမ်းဝင်သော သူဌေးကြီးတစ်ဦးက အဆိုပြုထားကြောင်း FoxNews က ရေးသားဖော်ပြသည်။ အလွန်တရာ ရှည်လျားမည့် အဆိုပါ လမ်းကြီးသည် မိုင်ပေါင်း ၁၃,၀၀၀ နီးပါးခန့် ရှိမည်ဖြစ်ပြီး ယင်းသို့ ဖောက်လုပ်ရာတွင် အဓိက အခက်အခဲမှာ ငွေကြေးသာပင် ဖြစ်သည်ဟု ရုရှားသူဌေးကြီးတစ်ဦး ဖြစ်သူ ဗလာဒီမာယူကူနင်က အဆိုပြု ပြောဆိုထားသည်။ “ဒါဟာ နိုင်ငံတွေအချင်းချင်း အပြန်အလှန် ဆက်သွယ်နိုင်မယ့်၊ ယဉ်ကျေးမှုတွေ ဖလှယ်နိုင်မယ့် စီမံကိန်းကြီးပဲ ဖြစ်ပါတယ်” ဟု ရုရှားမီးရထားလုပ်ငန်း Russian Railways ၏ အကြီးအကဲလည်း ဖြစ်သူ ဗလာဒီမာယူကူနင်က ဆိုသည်။ မတ်လ ၂၆ ရက် Russian Academy of Science ၌ မိန့်ခွန်းပြောဆိုရာတွင် ၎င်းက အဆိုပါ အစီအစဉ်ကို ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပြီး “ဥရောပနှင့်အာရှ ဖြတ်ကျော် ဖွံ့ဖြိုးရေးစီမံကိန်း” ဟု ဆိုသည်။ ယင်းစီမံကိန်းကို အကောင်အထည်ဖော်မည် ဆိုပါက ဒေါ်လာထရီလီယံပေါင်း များစွာ ကုန်ကျနိုင်ဖွယ် ရှိသည်ဟုလည်း ၎င်းကဆိုသည်။ သို့သော် အဆိုပါ လမ်းရှည်ကြီး ဖောက်လုပ်ရာတွင် အစအဆုံး အသစ်ဖောက်လုပ်စရာ မလိုဘဲ ရှိပြီးသား လမ်းများနှင့် တံတားများကို ဆက်လက်အသုံးပြုသွားနိုင်ကြောင်း၊ ယင်းသို့ ရှိပြီးသား လမ်းမများ၏ အရှည်မှာ မိုင်ပေါင်း ၆၀၀၀ ခန့်ပင် ရှိကြောင်း ၎င်းက ပြောကြားသည်။ သို့သော် ဆိုက်ဘေးရီးယားရှိ ချူကိုတာဒေသနှင့် အလက်စကာရှိ နုံးမ်မြို့အကြား ဘာရင်းပင်လယ်ပြင်ကို ဖြတ်ကျော်ဆောက်လုပ်ရမည့် တံတားအရှည်မှာ ၅၅ မိုင်ခန့် ရှိမည်ဖြစ်ရာ ယင်းနေရာသည် ဧရာမ အဝေးပြေးလမ်းမကြီး ဖောက်လုပ်ရေး စီမံကိန်းအတွက် ကြီးမားသော အဟန့်အတားတစ်ခု ဖြစ်လာလိမ့်မည်ဟု ဗလာဒီမာယူကူနင်က ပြောကြားသည်။ ၎င်းက ဘာရင်းပင်လယ် ကိစ္စကို အသေးစိတ် ရှင်းလင်းပြောကြားမှု မရှိခဲ့သော်လည်း ကူးတို့သင်္ဘောစနစ် အသုံးပြုမှုကို ထည့်သွင်းလိုက်မည် ဆိုပါက ငွေကြေးကုန်ကျမှု လွန်စွာနည်းပါးသွားမည် ဖြစ်သည်။ ယင်းလမ်းမကြီးနှင့်အတူ မြန်နှုန်းမြင့် မီးရထားလမ်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း အစရှိသည်တို့ပါ ထည့်သွင်းလိုက်မည် ဆိုပါက ဆိုက်ဘေးရီးယားကဲ့သို့ ဝေးလံခေါင်သီသော ဒေသများ ဖွံ့ဖြိုးရေးကို အထောက်အကူ ပြုနိုင်လိမ့်မည်ဟု ၎င်းက မှတ်ချက်ပေး ပြောကြားသည်။ Visit website

Friday, March 27, 2015

အမေရိကန်နှင့်ဂျပန် ပူးပေါင်း၍မြန်မာနိုင်ငံဖွံ့ဖြိုးမူ့ အကူအညီပေးမည်

အမေရိကန်နှင့်ဂျပန် ပူပေါင်း၍ မြန်မာနိုင်ငံဖွံ့ဖြိုးမှု အကူအညီပေးမည် ဧရာဝတီ / Heavyrain / 23 hours ago ဂျပန် နိုင်ငံ Sasakawa ဖောင်ဒေးရှင်းနှင့် အမေရိကန် ပူးပေါင်း၍ မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို ကူညီထောက်ပံ့မည့် အစီအစဉ်ရှင်းလင်းပွဲ တခုကို မတ်လ၂၅ ရက်က အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့ Cosmos Club တွင် နံနက် ၈ နာရီခွဲမှ ညနေ ၆ နာရီအထိ ကျင်းပခဲ့သည်။ ထိုရှင်းလင်းပွဲသို့  Sasakawa(USA) ၏ ဥက္ကဋ္ဌ Junko Chano ၊ Myanmar Development Resource Institute မြန်မာ့ ဖွံ့ဖြိုးတိုးတက်ရေး အရင်းအမြစ် အဖွဲ့အစည်း (MDRI) ၏ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ ဇော်ဦး၊ Southeast Asian Studies, Meio University ၏ ပရော်ဖက်ဆာ ဒေါက်တာ Dr.Donald Seekins ၊ မြန်နိုင်ငံ ဗဟိုဘဏ်မှ ကိုယ်စားလှယ် ဦးဆက်အောင် ၊ Deputy Assistant Administrator for East Asia, USAID မှ Jason Foley၊ မြန်မာနိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ် ဒဲရစ် မစ်ချဲလ်၊ အမေရိကန်နိုင်ငံ ဆိုင်ရာ မြန်မာ သံအမတ် ဦးကျော်မျိုးထွတ် ၊ Graduate School of International Relations, International University of Japan မှ ဒေါက်တာ အောင်မျိုး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး ဗဟိုဌာန (MPC) မှ ဒေါက်တာ မင်းဇော်ဦး တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ Sasakawa သည် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပါအ၀င် မြန်မာနိုင်ငံတွင်း၌ ဖွံဖြိုးရေး အကူအညီဆိုင်ရာများကို နှစ်ပေါင်းများစွာ ပေးအပ် လုပ်ဆောင်နေသည့် အဖွဲ့လည်း ဖြစ်သည်။ The post အမေရိကန်နှင့်ဂျပန် ပူပေါင်း၍ မြန်မာနိုင်ငံဖွံ့ဖြိုးမှု အကူအညီပေးမည် appeared first on ဧရာဝတီ. Visit website

Thursday, March 26, 2015

ဖေ့ဘွတ်ပေါမှဟာသများ

ဟာသ

လစာတွေတိုးပြီ

လခတွေတိုးလို့ ကုန်ဈေးနှုန်းတွေ လိုက်တက် မှာကို စိုးရိမ်နေ မြန်မာ နိုင်ငံမှာလာမယ့် ဧပြီလ ၂၀၁၅ ၂၀၁၆ ဘဏ္ဍဍာနှစ်က စတင်ပြီး တပ်မတော်နဲ့ အရပ်ဘက်ဝန်ထမ်း လစာတွေ တိုးမြှင့် ပေးမယ်လို့ အစိုးရက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ လက်ရှိ လစာထက် အနည်းဆုံး ၆၀ ရာခိုင်နှုန်းကနေ အများဆုံး ၁၅၀ ရာခိုင်နှုန်းအထိ ရာထူးအလိုက် လစာတွေ တိုးသွားကြမှာ ဖြစ်ပါတယ်။ လစာနှုန်းထား အများဆုံး တိုးသူတွေက တပ်မတော်အရာရှိကြီးတွေ ဖြစ်တာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီးအဆင့်က ၁၂ သိန်းကနေ သိန်း၃၀ ဖြစ်သွားပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီး အဆင့်က ၁၀ သိန်းကနေ ၂၅ သိန်း အထိ တိုးသွားပါတယ်။ သူတို့က လခက နှစ်ဆခွဲ တိုးသွားတာ ဖြစ်ပြီး ရာခိုင်နှုန်း အားဖြင့် ဆိုရင် ၁၅၀ ရာခိုင်နှုန်း တိုးသွားတာပါ။ တပ်သားနဲ့ အောက်ခြေ အဆင့် အရပ်ဖက် ဝန်ထမ်းတွေ ကတော့ ၇ သောင်း ခွဲလောက် ကနေ တစ်သိန်း နှစ်သောင်းလောက် ဖြစ်သွားလို့ ၆၀ ရာခိုင်နှုန်းတိုးပြီး လက်ရှိလစာရဲ့ တစ်ဆခွဲ ပိုရမှာ ဖြစ်ပါတယ်။ အရပ်ဖက်က အရာရှိကြီးတွေ ဖြစ်တဲ့ ညွန်ကြားရေးမှူးချုပ်နဲ့ ဦးဆောင် ညွှန်ကြားရေးမှူးတို့ရဲ့ လစာတွေလည်း ၂ သိန်းခွဲကနေ ၅ သိန်း အထိ နှစ်ဆ တက်သွားပါတယ်။ အခုလို လစာတိုးတဲ့ နှုန်းထားတွေအရ အဆင့်မြင့် အရာရှိကြီးတွေရဲ့ လစာ တိုးနှုန်းက အခြေခံ ဝန်ထမ်းတွေထက် ပိုများတဲ့ အတွက် သာမန်အားဖြင့် ကြည့်ရင် မညီမျှတာ တွေ့ရပါတယ်။ စီးပွားရေး ပညာရှင် ခင်မောင်ညို (ဘောဂဗေဒ) က တော့ တာဝန်ကြီးကြီး ယူရသူတွေကို လစာ ပိုပေးတဲ့ သဘောလို့မြင်ပါတယ်။ ဒါ့အပြင် အုပ်ချုပ်ရေး အရည်အသွေး မြင့်မားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ အခုလို လစာတွေ တိုးပေးတာလို့လည်း သူက သုံးသပ် ပါတယ်။ လစာတိုးမယ်ဆိုတာကို ဝန်ထမ်းတွေက ဝမ်းသာပေမဲ့ ကုန်ဈေးနှုန်းတွေ တက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။ ပြောင်းလဲ တိုးမြှင့်ပေးလိုက်တဲ့ လစာငွေကို စတင် ရရှိချိန်က စတင်ပြီး နိုင်ငံ့ဝန်ထမ်း အားလုံးကို သူတို့ လစာငွေအပေါ်ထပ်ဆောင်း ပေးခဲ့တဲ့ အပို ထောက်ပံ့ကြေးငွေတွေကို ပယ်ဖျက်မှာ ဖြစ်တယ်လို့ မတ်လ ၂၅ ရက် ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ဘဏ္ဍဍာရေး ဝန်ကြီးဌာနရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။ BBC Burmese http://www.bbc.co.uk/burmese   Category Daily News English News Celebrity and Health Journals & Newspapers Navigation Home Privacy Policies Disclaimer

အသက်အရွယ်

ယောင်္ကျားတစ်ယောက်ရဲ့ဘ၀ကို ညွှန်းဆိုနေတဲ့ အသက်အရွယ် အပိုင်းအခြားများ မကြာသေးခင် ပြ... Myanmar Forward's Facebook Wall / Myanmar Forward / 17 hours ago ယောင်္ကျားတစ်ယောက်ရဲ့ဘ၀ကို ညွှန်းဆိုနေတဲ့ အသက်အရွယ် အပိုင်းအခြားများ မကြာသေးခင် ပြုလုပ်ခဲ့တဲ့ စစ်တမ်းတရပ်အရ အသက်အရွယ် အပိုင်းအခြားတွေဟာ ယောင်္ကျားတွေရဲ့ ဘ၀ အပြောင်းအလဲတွေကို ညွှန်းဆိုနိုင်စွမ်း ရှိတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒီစစ်တမ်းမှာ အမျိုးသားတွေဟာ အသက် ၃၇ နှစ်အရွယ်မှာ အပျော်ဆုံးဖြစ်တယ်လို့ ဖော်ပြထားပြီး အမျိုးသားတွေရဲ့ လူပျိုဘ၀ကို စွန့်လွှတ်လေ့ ရှိတာကတော့ ပျမ်းမျှ ၁၅ နှစ် အရွယ်မှာ ဖြစ်ပါတယ်။ ၁၁နှစ်အရွယ်ဟာ ယောင်္ကျားလေးတွေ လူပျိုဖြစ်တဲ့ အချိန်ဖြစ်ပြီး ဖခင်ဖြစ်သူထက် နှစ်နှစ်ပိုစောလေ့ ရှိပါတယ်။ ဒါက စားသောက်နေထိုင်မှုပုံစံနဲ့ ဟိုမုန်းအပြောင်းအလဲအပေါ်မှာလည်း မူတည်နေပါတယ်။ မိန်းကလေးတွေရဲ့ အပျိုဖော်ဝင်ချိန်ကတော့ ၉ နှစ်နဲ့ ၁၄ နှစ်ကြား ဖြစ်ပါတယ်။ ယောင်္ကျားလေးတွေဟာ အသက် ၁၃ နှစ်အရွယ်မှာ ကြီးကောင်ဝင်လာတတ်ပြီး သုံးနှစ်အတွင်းမှာ အရပ်သုံးလက်မနီးပါးလောက် ပိုရှည်လာတတ်ပါတယ်။ ၁၄ နှစ် အရွယ်မှာ မုတ်ဆိတ်မွေး အနုလေးတွေ ထွက်လာတတ်ပြီး နောက်ပိုင်းမှာ မုတ်ဆိတ်မွေး ပုံမှန်ရိတ်တာမျိုး လုပ်လာတတ်ပါတယ်။ ၁၅ နှစ်ဆိုတဲ့ အသက်အရွယ်ကတော့ ယောင်္ကျားလေးတွေ လူပျိုဘ၀ ကုန်ဆုံးသွားတတ်တဲ့ အချိန်ဖြစ်ပြီး မိန်းကလေးတွေထက် လအနည်းငယ် စောတတ်ပါတယ်။ ဒါပေမယ့် ယောင်္ကျားလေးတွေထဲက ၃၁ ရာခိုင်နူန်းက ဒီထက်အချိန်ပိုစောလေ့ ရှိပါတယ်။ ယောင်္ကျားလေးတစ်ယောက်ဟာ အသက် ၁၆ နှစ်အရွယ်ကို ရောက်လာခဲ့ရင် သူဟာ ဂေးဖြစ်နေရင်လည်း ပွင့်ပွင့်လင်းလင်း ၀န်ခံလေ့ ရှိတယ်လို့ ဆိုပါတယ်။ အသက် ၁၈ နှစ်ဟာ ယောင်္ကျားလေးတွေအတွက် လိင်စိတ် အနိုးကြွဆုံးအချိန်ဖြစ်ပြီး အသက် ၂၀ ကျော်နဲ့ ၃၀ ကျော်ကာလတွေမှာ ပြန်လည်ကျဆင်းသွားလေ့ ရှိပါတယ်။ ဗြိတိန်မှာ အသက် ၂၁ နှစ်ဆိုရင် ယောင်္ကျားလေးတွေဟာ ပုံမှန်အလုပ်တစ်ခု ရနေပြီး တစ်နာရီကို ၃ ပေါင် လောက် ရလေ့ရှိသလို ပုံမှန်အားဖြင့် အလုပ် ၆ ခုလောက် ပြောင်းလေ့ရှိပါတယ်။ အလုပ်မှာလည်း အချစ်ဇာတ် လမ်းတစ်ခုလောက် ရှိနိုင်သလို နားရက်တွေနဲ့ လစာတိုးရလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်မှာတော့ ယောင်္ကျားတွေမှာ မိန်းမတစ်ယောက်ထက်ပိုတဲ့ ဆက်ဆံရေးမျိုး ရှိနိုင်ပြီး လိင်ကိစ္စကို စိတ်အ၀င်စားဆုံးအချိန်လည်း ဖြစ်ပါတယ်။ အသက် ၃၂ နှစ်အရွယ်ကို ရောက်လာရင်တော့ ယောင်္ကျားတစ်ယောက်ဟာ သူ ဘယ်သူ့ကို ချစ်နေတယ်ဆိုတာ ကြေညာတာမျိုး လုပ်လာနိုင်ပါတယ်။ ၃၂ နှစ်ကျော်ကြာလာချိန်တော့ ဖခင်ဘ၀ကို ပိုင်ဆိုင်လာတတ်သလို အမျိုးသမီးတွေကတော့ အသက် ၃၀ အရွယ်မှာ မိခင်ဖြစ်လာတတ်ပါတယ်။ အသက် ၃၅ နှစ်အရွယ်ဟာ ယောင်္ကျားတွေအတွက် အိုမင်းမှုကို စတင်ပူပန်လာချိန်ဖြစ်ပြီး ၃၇ နှစ်ကတော့ ဘ၀ကို အခြေကျပြီလို့ ယူဆထားချိန် ဖြစ်ပါတယ်။ အသက် ၄၀ အရွယ်မှာမှ ဘ၀စတယ်ဆိုပေမယ့် မိန်းကလေးတွေရဲ့ ကိုယ်ဝန်ပျက်ကျမှု ၆၀ ရာခိုင်နူန်းအထိ မြင့်တက်လာမှု က သူတို့ရဲ့ပါတနာတွေရဲ့ အသက် ၄၀ ကျော်နေမှုနဲ့ အသက် ၂၅ နှစ်ကနေ ၂၉ နှစ်အကြား ရှိနေမှုတွေအပေါ် မူတည်နေပါတယ်။ တချို့မိန်းမတွေက ယောင်္ကျားတွေကို အသက် ၅၃ နှစ်အရွယ်ထိ ဆွဲဆောင်မှုရှိနေသေး တယ်လို့ ယုံကြည်ဆဲဖြစ်ပြီး မင်းသားဂျော့ကလုန်းနေးက သက်သေ ဖြစ်ပါတယ်။ ယောင်္ကျားတွေဟာ အသက် ၇၀ အရွယ်အထိ လိင်ကိစ္စမှာ သန်စွမ်းနိုင်သေးသလို ရ၈ နှစ်အထိ ဆက်ပြီးရပ်တည်နိုင်မယ်ဆိုရင်တော့ ဒီထက် အသက်ပိုရှည်ဖို့ မျှော်လင့်နိုင်တယ်လို့လည်း စစ်တမ်းမှာ ရေးသားထားပါတယ်။ Ref – Dailymail Planet Myanmar Network Visit website

လစာတိုးပြီ

နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်မည် ယနေ့ နံနက်ပိုင်းတွင် ကျင်းပလ... Eleven Media Group's Facebook Wall / Eleven Media Group / 7 hours ago နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်မည် ယနေ့ နံနက်ပိုင်းတွင် ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြောင်း သိရသည်။ အဆိုပါ အတည်ပြုချက်အရ နိုင်ငံ့ဝန်ထမ်းများသည် တိုးမြှင့်လိုက်သည့် လစာများကို ယခုနှစ် ဧပြီလတွင် စတင်ခံစားရရှိမည်ဖြစ်ကြောင်းနှင့် အနိမ့်ဆုံး လစာမှာ ငွေကျပ် ၁၂၀,၀၀၀ ဖြစ်ပြီး အမြင့်ဆုံး လစာမှာ ငွေကျပ် ၅၀၀,၀၀၀ ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အနိမ့်ဆုံး လစာဖြစ်သည့် ၇၅,၀၀၀ - ၁,၀၀၀ - ၈၀,၀၀၀ ကျပ်သည် တိုးမြှင့်လစာနှုန်းထားအဖြစ် ၁၂၀,၀၀၀ - ၂,၀၀၀ - ၁၃၀,၀၀၀ သို့ ခံစားရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အမြင့်ဆုံး လစာဖြစ်သည့် ၂၅၀,၀၀၀ - ၂,၀၀၀ - ၂၆၀,၀၀၀ ကျပ်သည် တိုးမြှင့်လစာ နှုန်းထားအဖြစ် ၅၀၀,၀၀၀ ကျပ်ကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။ ယခုလစာတိုးမြှင့်သည့် အစီအစဉ်အရ လက်ရှိ ခံစားခွင့် ရရှိနေသည့် လစဉ်အပိုထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။ တိုးမြင့်ပေးမည့် နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထား ၁-(လက်ရှိလစာနှုန်းထား ၇၅,ဝဝဝ-၁ဝဝဝ-၈ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၂ဝ,ဝဝဝ-၂ဝဝဝ-၁၃ဝ,ဝဝဝ) ၂-(လက်ရှိလစာနှုန်းထား ၈၁,ဝဝဝ-၁ဝဝဝ-၈၆,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၃၅,ဝဝဝ-၂ဝဝဝ-၁၄၅,ဝဝဝ) ၃-(လက်ရှိလစာနှုန်းထား ၈၇,ဝဝဝ-၁ဝဝဝ-၉၂,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၅ဝ,ဝဝဝ-၂ဝဝဝ-၁၆ဝ,ဝဝဝ) ၄-(လက်ရှိလစာနှုန်းထား ၉၃,ဝဝဝ-၁ဝဝဝ-၉၈,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၆၅,ဝဝဝ-၂ဝဝဝ-၁၇၅,ဝဝဝ) ၅-(လက်ရှိလစာနှုန်းထား ၉၉,ဝဝဝ-၁ဝဝဝ-၁ဝ၄,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၈ဝ,ဝဝဝ-၂ဝဝဝ-၁၉ဝ,ဝဝဝ) ၆-(လက်ရှိလစာနှုန်းထား ၁ဝ၅,ဝဝဝ-၁ဝဝဝ-၁၁ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၉၅,ဝဝဝ-၂ဝဝဝ-၂ဝ၅,ဝဝဝ) ၇-(လက်ရှိလစာနှုန်းထား ၁၁ဝ,ဝဝဝ-၁ဝဝဝ-၁၁၆,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၁ဝ,ဝဝဝ-၂ဝဝဝ-၂၂ဝ,ဝဝဝ) ၈-(လက်ရှိလစာနှုန်းထား ၁၄ဝ,ဝဝဝ-၂ဝဝဝ-၁၅ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၅ဝ,ဝဝဝ-၄ဝဝဝ-၂၇ဝ,ဝဝဝ) ၉-(လက်ရှိလစာနှုန်းထား ၁၆ဝ,ဝဝဝ-၂ဝဝဝ-၁၇ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၈ဝ,ဝဝဝ-၄ဝဝဝ-၃ဝဝ,ဝဝဝ) ၁ဝ-(လက်ရှိလစာနှုန်းထား ၁၈ဝ,ဝဝဝ-၂ဝဝဝ-၁၉ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၁ဝ,ဝဝဝ-၄ဝဝဝ-၃၃ဝ,ဝဝဝ) ၁၁-(လက်ရှိလစာနှုန်းထား ၂ဝဝ,ဝဝဝ-၂ဝဝဝ-၂၁ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၄ဝ,ဝဝဝ-၄ဝဝဝ-၃၆ဝ,ဝဝဝ) ၁၂-(လက်ရှိလစာနှုန်းထား ၂၂ဝ,ဝဝဝ-၂ဝဝဝ-၂၃ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၈ဝ,ဝဝဝ-၄ဝဝဝ-၄ဝဝ,ဝဝဝ) ၁၃-(လက်ရှိလစာနှုန်းထား ၂၅ဝ,ဝဝဝ-၂ဝဝဝ-၂၆ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၅ဝဝ,ဝဝဝ) မှတ်ချက် ။ (၁) နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ်ခံစားခွင့်ပြုရန်။ (၂) လက်ရှိခံစားခွင့်ပြုထားသော လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ/- အားပယ်ဖျက်ရန် Visit website

Wednesday, March 25, 2015

မင်းဒင်ရဲ့တိုင်းကျော်ပြည်ကျော်သရော်စာများ

မင်းဒင်ရဲ့ တိုင်းကျော်ပြည်ကျော် သရော်စာများ ------------------------------------... Dinding Facebook Aye Chan Mon / Aye Chan Mon / 3 hours ago မင်းဒင်ရဲ့ တိုင်းကျော်ပြည်ကျော် သရော်စာများ -------------------------------------------------- By မင်းဒင် 25 March 2015 ညကြီးမင်းကြီး ထပြီး ဘုန်းကြီးတွေ မီးလောင်ဗုံးနဲ့ ဖြိုခွင်းပြတတ်သလို နေ့ခင်းကြောင်တောင် ကင်မရာသကောင့်သား မီဒီယာတွေမြင်ကွင်းရှေ့ ဗြောင်ကျကျထွက်ပြီး တုတ်သိုင်း၊ ပါးစပ်သိုင်းနဲ့ ဘီလူးဆိုင်းတီးပြတတ်သော အဆိုပါလုပ်ရပ်များကို အမြဲတစေ မှန်ကန်သည်ဟု ဆိုရေးရှိအပ်သော အစိုးရမင်းများနေထိုင်ရာ နေပြည်တော်ဟူသောအရပ်၌ ယခုရက်ပိုင်းအတွင်း ထူးဆန်းသော တိုင်းကျော်ပြည်ကျော်လုပ်ရပ်တခု ထပ်ပြီးလုပ်ပြရန် ကြံစည်တရပ်ရှိနေပြန်ချေပြီတမုံ့။ စာရေးဆရာမင်းဒင်ရဲ့ ရပ်ကျော်ရွာကျော်သရော်စာများ စာအုပ်ဖတ်ပြီးသကာလ စာအုပ်အညွှန်းရေးရန် ကွန်ပျူတာရှေ့ထိုင်လိုက်ချိန် ယောင်ပေါင်းပြီး ရေးလိုက်မိတဲ့ စာသားတွေ ဖြစ်ပါတယ်။ ဒီလိုမျိုးအရေးအသားကို ပထမဆုံးဖတ်မိတာ မင်းသိင်္ခစာအုပ်တွေမှာ ဖြစ်ပြီး နောင် စာဖတ်သက် ရင့်လာတော့ ဒီလိုမျိုးအရေးအသားနဲ့ စာဖတ်ပရိသတ်ကို ပိုင်ပိုင်နိုင်နိုင် စွဲခေါ်သွားနိုင်ခဲ့တာ ဆရာကြီးရွှေဥဒေါင်းပါလားလို့ သိရပြန်ပါတယ်။ ဆရာကြီးရွှေဥဒေါင်းနဲ့ ခေတ်ပြိုင် ဆရာကြီးတချို့လည်း အလားတူရေးသားပုံမျိုး ရေးသားလေ့ရှိကြပြီး များသေားအားဖြင့် တနေ့သ၌ ကျွန်ုပ်သည် အစချီတတ်လေ့ ရှိပါတယ်။ ၁၉၉၀ ကျော်ကာလ ရုပ်ပြဇာတ်လမ်းတခေတ်မှာတော့ ကာတွန်းဆွေမင်း (ဓနုဖြူ)က အလားတူ အရေးအသားနဲ့ မုဆိုးကျော်တွတ်ပီ၊ တပည့်ကျော် ဗိုက်ကလေးတိုနဲ့ အောင်ပွဲခံခဲ့ ပြန်ပါတယ်။ သက္ကရာဇ် ၂၀၀၀ ကို တော်တော်လေးကျော်လာချိန် ၂၀၀၈-၂၀၀၉ ကာလတွေ ရောက်တော့ အင်တာနက်အွန်လိုင်းပေါ်မှာ အလားတူအရေးအသားနဲ့ ကလောင်တချောင်း ထင်ရှားလာပြီး ရေးသူက မင်းဒင်၊ ဇာတ်ကောင်က သက်ခိုင် ဖြစ်ပါတယ်။ ဦးသိန်းစိန်အစိုးရ တက်လာတဲ့ ၂၀၁၁ ခုနှစ်လွန်ကာလမှာတော့ မင်းဒင်ရဲ့ သတင်းအခြေပြု ခေတ်ကို သရော်တဲ့စာမူတွေဟာ ပြည်တွင်းထုတ် မြန်မာသတင်းစာနဲ့ ဂျာနယ်တွေကို လွှမ်းမိုးထားလိုက်နိုင်ပါတော့တယ်။ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မင်းဒင်ရဲ့ ရပ်ကျော်ရွာကျော် သရော်စာများစာအုပ်ကို တန်ဖိုး ကျပ် ၄၀၀၀ နဲ့ သက်ခိုင်စာပေက အုပ်ရေ ၁၀၀၀ ဖြန့်ချိလိုက်ပြီး ဖြန့်ချိပြီး ၁ ပတ် ၁၀ ရက်အတွင်း အင်းဝစာပေတိုက်ရဲ့ အရောင်းရဆုံးစာအုပ်စာရင်း ၀င်ခဲ့ပါတယ်။ ရပ်ကျော်ရွာကျော်သရော်စာများစာအုပ်ပါ စာမူ ၃၀ ဟာ စာရေးသူ မင်းဒင်ရဲ့ ၂၀၁၄ ခုနှစ်အတွင်း နေ့စဉ်ထုတ်သတင်းစာနဲ့ ဂျာနယ်တို့မှာ ရေးသားဖော်ပြခဲ့တဲ့ ဆောင်းပါးတွေ စုစည်းထားတာဖြစ်ပြီး စာရေးသူစိတ်ကြိုက်စာမူတွေ ဖြစ်ဟန်တူပါတယ်။ ရပ်ကျော်ရွာကျော်သရော်စာတွေဟာ မြန်မာ့အရေးတွေပေါ် မူတည်ကာ လှောင်ပြောင်ရေးဖွဲ့ထားတာ ဖြစ်ပြီး စာရေးသူ မင်းဒင်ကလည်း သူ့အမှာစာမှာ ခုလို ဖော်ပြထားပါတယ်။ “ဖော်ပြပါလတ္တံ့သော စာစုများသည် မြန်မာပြည်၏ ပစ္စက္ခပကတိရေးရာများနှင့် အကြောင်းအားလျော်စွာ တိုက်ဆိုင်ထိပါး စောင်းချိတ်ရာရောက်နေခဲ့သည်ရှိသော် ထိုသည်ကိုပင် ရည်ရွယ်ဦးတည်လိုရင်းဖြစ်ကြောင်း အလေးအနက် ဖော်ပြအပ်ပါသည်” မင်းဒင်ရဲ့ စာစု ၃၀ မှာ အများစုက မြန်မာ့သတင်း မြန်မာ့အရေးတွေပေါ် အခြေခံပြီး စာရေးသူရဲ့ ကလောင်နဲ့ ခပ်တည်တည်လှောင်ပြောင် ရေးဖွဲ့ထားတာ ဖြစ်ပါတယ်။ မြန်မာ့အရေး မြန်မာ့သတင်းတွေနဲ့ အလှမ်းဝေးသူတွေအတွက် မင်းဒင်ရဲ့ စာတွေဖတ်ရတာ တခုခုလိုနေသလို ခံစားရမှာဖြစ်ပြီး မြန်မာ့အရေးနဲ့ မြန်မာ့သတင်းတွေအပေါ် စိတ်ဝင်တစားရှိသူတွေအဖို့တော့ သူ့စာတွေဖတ်အပြီး ပြုံးတထေ့ထေ့နဲ့ သဘောတွေ့စေမှာ သေချာပါတယ်။ စာမြည်းအဖြစ် ကျွန်ုပ်၊ နော်ဝေဘုရင်ကြီးနှင့် တွေ့ဆုံခဲ့ရစဉ်က စာစုတချို့ ဖတ်ကြည့်ပါဦး။ “ထလန်မီးပွိုင့်မှာ ၃ ကီလိုမျှအလွန်တွင် ဘုရင်ကြီးသည် ရုတ်တရက် ထိတ်ထိတ်ပျာပျာအသံဖြင့် ရပ် ရပ် ယူ၍ ငယ်သံပါအောင် အော်တော်မူပြန်ရာ ကျွန်ုပ်လည်း ကားကို ချက်ချင်းအရှိန်လျှော့၍ လမ်းဘေးသို့ ထိုးရပ်ရပြန်သည်။ မင်းမြတ်သည် လမ်းဘေးရှိ ဧရာမမြေကွက်လပ် လယ်ကွင်းပြင်ကြီးထဲမှ မြေညှိနေသည့် ဘူဒိုဇာ ၃ စီးခန့်နှင့် မဒမတိုင်သွပ်မိုး ယာယီအဆောက်အဦတို့ကို လက်ညှိုးညွှန်လျက် စိုးရိမ်တကြီး အမေးတော် ရှိပြန်သည်။ “ဂေါဝိန်ဆိပ်ကမ်းမြင်ကွင်းပါကလား မစ္စတာဒင်” “မတူပါခင်ဗျာ၊ ဘူဒိုဇာဖြင့် မြေညှိနေခြင်းမှာ အဆောက်အဦသစ်ဆောက်လုပ်ရန် ဖြစ်၍ ယာယီတဲတို့မှာ မြန်မာအလုပ်သမားတို့ စံမြန်းရန်ဖြစ်ပါသည်ခင်ဗျာ၊ ထိုင်းနိုင်ငံတွင် တဲကို ဘူဒိုဇာနှင့် ထိုးကော်သောဓလေ့ မရှိပါခင်ဗျား” ဘုရင်မင်းမြတ်ကား ရင်ကိုဖိလျက် သက်ပြင်း လေးပင်စွာ ချတော်မူသည်။ နော်ဝေဘုရင် မြန်မာပြည်သွားတော့ မန္တလေး၊ ဂေါဝိန်ဆိပ်ကမ်းက ကျုးကျော်တဲတွေ ဘူဒိုဇာနဲ့ ရှင်းပစ်လိုက်တဲ့သတင်းအပေါ်အခြေခံပြီး ရေးဖွဲ့ ထားတာ ဖြစ်ပါတယ်။ အလားတူစာတွေကို ဆြာဒင် တစစီ ရိုက်ချိုးပစ်ချင်သော သရဖူ၊ ဆြာဒင် စီအိုင်အေနှင့် တရုတ်ထရိုဂျင်စစ်ဆင်ရေး၊ ဆြာဒင်၏ ကာချုပ်ကြီးသို့ သတင်းစကား၊ ဆြာဒင်၏ ကျမျက်ရည်မကြေညာစတမ်း၊ ဆြာဒင်၏အီးခေတ်ကို ရောက်ရမည်မှာ မလွဲပါ၊ ဆြာဒင် စီရင်အပ်သော ကျတ်ပြေးရာဇ၀င်တော်ကြီးစတဲ့ စာစုတွေမှာ ဖတ်ရှုရနိုင်ပြီး ဖတ်ပြီးသကာလ ပြုံးမိကြမှာလဲ အမှန်ပဲ ဖြစ်ပါတယ်။ မင်းဒင်ရဲ့ စာတွေ ဖတ်ပြီး သူဟာ ဝေါဟာရကြွယ်ဝသလို ကြွယ်ဝတဲ့ဝေါဟာရကိုလည်း သူ့နေရာနဲ့သူ အကွက်ချစီစဉ်ရေးသားထည့်သွင်းတတ်သူလို့ ကောက်ချက်ချမိပါတယ်။ လွန်လေပြီးသောအခါ မဟာသမ္မတမင်းနောက် အသင်္ချေယ အသက်တမ်းမင်းဆက် ဘယ်နှဆက်မျှော်ကမှန်းမသိတွင်………ထက်အောက်မြေလွှာ အဇဋာတခွင်လုံး ကတမြားတွင်း ရွှေတွင်း ငွေတွင်း ပယင်းဒုတာတို့အပြင် ကြွက်တွင်းပါ တက်တက်စင် ပြောင်လျက်…စတဲ့အရေးအသားတွေ သူ့စာထဲ ဖတ်ရသလို၊ ဖလန်းဖလန်းထ၊ ဖေ့စ်ဘွတ်သည် အလျားအနံ မရှိသေည်ငြား Like ဆိုသည့်အရာကတော့ အသွားအပြန်ရှိသည် စတဲ့စတဲ့ အသုံးအနှုန်း အရေးအသားတွေလဲ တွေ့ရပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက် အစိုးရကို ဝေဖန်ထောက်ပြရေးသားကြတဲ့ ကလောင်ရှင်တွေ အစီအရီ ပေါ်ထွက်ခဲ့တဲ့ထဲ့ ရှားရှားပါးပါး သရော်စာရေးပြီး ဝေဖန်ထောက်ပြနေတဲ့ မင်းဒင်ရဲ့စာတွေ ပရိသတ်အကြိုက်တွေ့နေဦးမှာ ဖြစ်ပြီး ပရိသတ်အကြိုက်တွေ့မယ့်စာတွေလည်း စာရေးသူ မင်းဒင် ဆက်ပြီးရေးသားနေဦးမယ်လို့ မျှော်လင့်မိပါတယ်။ အစိုးရရဲ့ တိုင်းကျော်ပြည်ကျော် မလျော်ကန်တဲ့ လုပ်ရပ်တွေကလည်း ထပ်တလဲတလဲ ပေါ်ထွက်နေဦးမှာ မလွဲမို့လား။ DVB Visit website

ရုရှား

သူပုန်ကို ရုရှားက ထောက်ပံ့နေသဖြင့် ယူကရိန်းစစ်တပ် ကိုလည်း အနောက်အုပ်စုက လက်နက်ပေးရမည်ဟု NATO စစ်ဗိုလ်ချုပ်ကြီးဆို ဘရပ်ဆဲလ်၊ မတ် ၂၃ ယူကရိန်းအရှေ့ဖျားရှိ ခွဲထွက်ရေးသူပုန်များကို ရုရှားက ဆက်တိုက် ထောက်ပံ့ကူညီနေသဖြင့် အနောက်အုပ်စု အနေဖြင့်လည်း ယူကရိန်း အစိုးရတပ်များကို ကာကွယ်ရေးလက်နက်များ ကူညီပေးအပ်သင့်ကြောင်း NATO စစ်ရေးခေါင်းဆောင် တစ်ဦးက ထပ်မံ လူသိထင်ရှား ပြောကြားခဲ့ကြောင်း NATO သတင်းတစ်ရပ်က ရေးသားဖော်ပြထားသည်။ အမေရိကန်ပြည်ထောင်စု အပါအဝင် ဘယ်နိုင်ငံရဲ့ လုပ်နိုင်စွမ်း နည်းလမ်းမှန်သမျှကို ထည့်စဉ်းစားရမှာပါ” ဟု NATO စစ်ရေးခေါင်းဆောင်တစ်ဦး ဖြစ်သည့် အမေရိကန် လေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဘရိဒ်လက်ဗ်က ဘရပ်ဆဲလ်မြို့တွင် ပြုလုပ်သော အစည်းအဝေးတွင် ပြောကြားခဲ့သည်။ NATO ထောက်လှမ်းရေးများ၏ တင်ပြချက်အရ ရုရှား-ယူကရိန်း နယ်စပ်မှတစ်ဆင့် ယန္တရားများနှင့် အခြားထောက်ပံ့ရေး ပစ္စည်းများ ဝင်ရောက်နေသည်ကို သက်သေအထောက်အထားနှင့်တကွ တွေ့ရှိရကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ ရုရှားက ကြားဝင်စေ့စပ်မှုဖြင့် ယူကရိန်းအစိုးရနှင့် သူပုန်တို့အကြား အပစ်အခတ်ရပ်စဲရေး ရရှိထားသော်လည်း ယူကရိန်းသူပုန်နယ် ထဲကို လက်နက်များ သွင်းနေဆဲဖြစ်ကြောင်း ဝေဖန်သူများက ဆိုကြသည်။ ယခုလိုအချိန်တွင် ယူကရိန်းအစိုးရကို လက်နက်ကြီးများ ထောက်ပံ့ပေးနေခြင်းသည် ပြဿနာကို ထိန်းလို့မရနိုင်အောင် ဆိုးသွားစေနိုင်ကြောင်း ဂျာမနီ နိုင်ငံခြားရေးဝန်ကြီး ဖရန့်ခ်ဝေါ်တာစတိန် မီရာက ပြောကြားခဲ့သည်။ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကလည်း လူသတ်လက်နက် အကူအညီပစ္စည်းများ မပေးရန် ဆုံးဖြတ်ထားကြောင်း ကုလသမဂ္ဂဆိုင်ရာ ဂျာမနီ သံအမတ်ကြီးက အိုဘားမားနှင့် မကြာသေးခင်ကမှ တွေ့ခဲ့သည့် ဂျာမနီအဓိပတိ အန်ဂျလာမာကယ်၏ ပြောကြားချက်ကို ကိုးကား၍ ပြန်လည်ပြောဆိုခဲ့သည်။ သို့သော် အိမ်ဖြူတော်က အဆိုပါ ဆုံးဖြတ်ချက်ကို အတည်မပြုပေးဘဲ ယူကရိန်းအရှေ့ပိုင်းဒေသရှိ အပစ်အခတ်ရပ်စဲရေး ကာလအလွန် အခြေအနေများကို အနီးကပ် လေ့လာနေသည်ဟု ပြောကြားခဲ့သည်။ ယူကရိန်း၊ ရုရှား၊ ဂျာမနီနှင့် ပြင်သစ်တို့ ဝင်ရောက်လက်မှတ်ရေးထိုးထားသော အပစ်အခတ်ရပ်စဲရေးစာချုပ် ပြီးဆုံးသွားပြီးနောက်တွင် လက်နက်ကိုင်တိုက်ပွဲများ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဥရောပဘက်မှ စောင့်ကြည့်လေ့လာသူများက ပြောကြားကြသည်။ NATO စစ်အုပ်စု၏ ထိပ်တန်းနိုင်ငံများ ဖြစ်ကြသော ဂျာမနီနှင့် ပြင်သစ်တို့ကလည်း ယူကရိန်းအစိုးရကို လက်နက်အကူအညီများ ပေးခြင်းကို ကန့်ကွက်ထားကြသည်။ ရုရှားသည် ယူကရိန်းထက် စစ်အင်အား လေးဆမက ကြီးမားခြင်းကြောင့် မည်မျှပင် ယူကရိန်းကို လက်နက်ကိရိယာ ထောက်ပံ့ပါစေ အဖြေမဖြစ်နိုင်ကြောင်း စစ်ရေးအကူအညီပေးခြင်းကို မလိုလားသူများက ထောက်ပြကြသည်။ Visit website