Sunday, April 12, 2015
iphone iCloud ကိုဖြတ်ကျော်ကြမယ်
မေးထားသူတွေအတွက် တင်ပေးလိုက်ပါပြီ...(4.11.2015)
ဝင်းကမ္ဘာကျော် / 1 days ago
တင်ပေးထားပြီးသားပါ မေးသူများလွန်းလို့ တင်ပေးလိုက်တာပါ ကျွန်တော်လည်းမအားတာနဲ့ပို့စ်တွေကို update တွေတင်ပေးဖြစ်တာပါ...
How To Remove iCloud Activation Officially
===================================
iPhone တစ်လုံးကောက်ရထားပါတယ်...
ဈေးသက်သာလို့ iPhone တစ်လုံး ဝယ်ထားလိုက်မိပါတယ်..
မူလပိုင်ရှင်နဲ့ ဆက်သွယ်လို့ မရတော့လို့ပါ..
စသည်ဖြင့် ခေါင်းစဉ်အမျိုးမျိုးနဲ့ စတင်မေးမြန်းလာကြပေမယ့် နောက်ဆုံးမှာတော့ iCloud Activation ကို ကျော်ချင်လို့ နည်းလမ်းရှိရင် ပြောပြပေးပါ ဟူ၍ အဆုံးသတ်တွေ တူညီကြပါတယ်..
သူတို့တွေ အားလုံးဟာ "This iPhone is currently linked to an Apple ID. Sign in wth the Apple ID that was used to set up this iPhone" ဆိုတဲ့ စာတန်းလေးကို မြင်တွေ့လိုက်ရလို့ပဲ ဖြစ်ပါတယ်။
DoulCi က iCloud Activation ကို ကျော်လို့ရပြီလို့ သက်သေ အထောက်ထားများနဲ့တစ်ကွ ချပြလိုက်တဲ့ အချိန်ကစလို့ အားလုံးရဲ့ စိတ်ထဲမှာ iCloud ကို ကျော်လို့ရတာပဲလို့ စိတ်ထဲစွဲသွားပါတယ်...
အဲဒီက စတင်လို့ internet မှာ iCloud Bypass software တွေပေါ်လာပါတော့တယ်၊ အားလုံးဟာ Fake တွေ Scam တွေဖြစ်ပြီး စက်ကို ဒုက္ခပေးတတ်ပါတယ်။
ဒါပေမယ့် အခုတော့ iCloud Activation ကို အမှန်တစ်ကယ် Bypass လုပ်ပေးနိုင်မယ့် အဖြေတစ်ခုကို တွေ့ထားပါပြီ...
အထူးသတိပြုဖို့ တစ်ခုကတော့ ခိုးခံထားရတယ်လို့ Apple ကို Report လုပ်ထားတဲ့ iPhone, iPad တို့ဆိုရင်တော့ ဒီနည်းနဲ့လည်း အလုပ်ဖြစ်မှာ မဟုတ်ပါဘူး။ Clean Device တွေမှာသာ အဆင်ပြေနိုင်ပါလိမ့်မယ်။
အကယ်၍ မိမိမှာ တစ်ဆင့်ပြန်ဝယ်ထားတဲ့ iPhone/iPad ရှိနေပြီး ဒီDevice Clean ဖြစ် မဖြစ်ဆိုတာ သိနိုင်ဖို့ အတွက် Device IMEI number နဲ့ စစ်ဆေးကြည့်နိုင်ပါတယ်။
>> IMEI number ရှာဖွေနည်း
ကိုယ့်ရဲ့ IMEI number ကို သိပြီဆိုရင်တော့ မိမိရဲ့ Device ဟာ Blacklist ထဲမှာ ထည့်ထားခံရပြီလားဆိုတာကို မသင်္ကာရင် စစ်ဆေးကြည့်နိုင်ပါတယ်။
>> Check iDevice Blacklisted
iCloud Lock Remove လုပ်ပေးနိုင်သော Device များ
iPhone 5S
iPhone 5C
iPhone 5
iPhone 4S
iPhone 4
iPad Air
iPad Mini with Retina
iPad Mini
iPad 4
iPad 3
ယခုဖော်ပြမည့်နည်းလမ်းဟာ အခမဲ့တော့ မဟုတ်ပါဘူး၊ ထိုက်တန်တဲ့ ဝန်ဆောင်ခကို ပေးချေပြီးမှ iCloud Activation Remove လုပ်ပေးမှာ ဖြစ်ပါတယ်..
**iCloud Activation ကို Remove လုပ်နည်း**
၁) မိမိ iDevice ၏ IMEI number ကို မှန်ကန်စွာ သိရှိအောင် ရှာထားပါ။
၂) iCloud Removal Official website ဤနေရာသို့ သွားပါ။
၃) IMEI number ကို အမှာစာမှာ ဖြည့်သွင်းပေးပါ။
၎) iCloud lock ကို Remove လုပ်ပြီးသွားတဲ့ အခါမှာ email နှင့် အကြောင်းပြန်ကြားပါလိမ့်မည်။
၅) နောက်ဆုံးမှာတော့ မိမိကိုယ်ပိုင် iCloud account ကို ဖြည့်သွင်းပြီး အသုံးပြုနိုင်ပါပြီ။
မှတ်ချက်။ ။ ဖော်ပြပါဆောင်းပါးသည် ကြောငြာဆောင်းပါး မဟုတ်ကြောင်းနှင့် ကျွန်တော်ကိုယ်တိုင်လည်း ယခု service ကို အသုံးမပြုဖူးသေးကြောင်း ဝန်ခံပါသည်။ သို့သော် အဆိုပါ website သည် Unlock service နာမည်ရပြီးသော site တစ်ခုဖြစ်ပါသည်။
ထို့ကြောင့် အဆိုပါ service ကို အသုံးပြုမည့်သူသည် မိမိ၏ ကိုယ်ပိုင် စွန့်စားမှု (Own Risk) သာဖြစ်ပြီး၊ စာရေးသူနှင့် မသက်ဆိုင်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။
Credit to မိုးသကြား
မှတ်ချက် ။ ။ bypass Tool များဖြင့် ကျော်နည်းကို ကျွန်တော်ပြောထားတဲ့အချိန်ရောက်မှ တင်ပေးပါ့မယ်နော် ... iphone 6+ ထိရတယ်လို့ဆိုထားတာပဲ...
Second မှတ်ချက် ။ ။ ယခုအတောအတွင်း မေးထားသည်များတွင် ယခု i cloud by pass လုပ်နည်းသာရှိသည့်အတွက် ဒါသာ တစ်ခုတည်းတင်ခြင်းဖြစ်သည်...
Thiha Htike(THT)
thihahtike.it@gmail.com
0973151297
ဆရာတစ်ယောက်မဟုတ်ပါနော် နည်းပညာလောကထဲစ၀င်လာကတည်းက ကျွန်တော် ဒီလိုမျိုး အစီအစဉ်လေးလုပ်ခဲ့တာပါ .. အားလုံးကကျွန်တော့်ဆရာတွေပါ အခုဒီပို့စ်ကိုကြည့်နေသူလည်းကျွန်တော်ကျွန်တော် "သီဟထိုက် "၏ဆရာပါ :D
ကျွန်တော့်ထံသို့ မေးလ်ဖြင့်ဖြစ်စေ၊ဖုန်းဆက်ပြီးဖြစ်စေ Mobile နည်းပညာများ( မနက် ၉ မှ ည ၉ နာရီထိ) မေးမြန်းနိုင်ပါကြောင်း သိသလောက်ကို ဖြေပေးပါ့မယ်ခင်ဗျာ....(ကျန်တဲ့အချိန်တွေစက်ပိတ်ထားလို့ပါ)
မှတ်ချက်။ ။ ကျွန်တော့်ကို Message နဲ့ပို့ပြီးမမေးဖို့ အထူးပြောလိုပါတယ် .ဖုန်းဆက်ပြီးသော်လည်းကောင်း မေးလ်ဖြင့်သော်လည်းကောင်းတိုက်ရိုက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ (only voice call & Email )မအားတဲ့အချိန်ဖုန်းကိုင်မည်မဟုတ်ပါ နားလည်ပေးစေချင်ပါတယ်,အကယ်လို့ ဒီိပိုစ်က ရလဒ်လေးတွေကြောင့်အဆင်ပြေလို့ နောက်ထပ်ဒီလိုများများတင်နိုင်အောင် Supply ပေးမယ်ဆိုရင်တော့ မည်သည့်ငွေဖြည့်ကဒ်မဆိုပေးပို့ပြီး ကူညီနိုင်ပါတယ်ခင်ဗျာ..
Welcome From My Blog
Welcome From My Facebook Group
Welcome From My Facebook Page
Facebook မှာ ကျွန်တော်နဲ့ Friend ဖြစ်ချင်သူရင်ဒါလေးကို နှိပ်လိုက်နော်..ဟဲ့ဒါကိုဆို.. :P
ဒါနဲ့ FacebookA/C မရှိဘူးဆို ကြိတ်မှိတ်ခံစားမနေနဲ့ ဒါကိုနှိပ်လိုက်နော် ... Ok...
The End
--------------
ဒါလေးက ဘာလေးလဲမသိဘူးနော်
Visit website
Labels:
ဖုန်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment