Thursday, March 26, 2015
လစာတိုးပြီ
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်မည် ယနေ့ နံနက်ပိုင်းတွင် ကျင်းပလ...
Eleven Media Group's Facebook Wall / Eleven Media Group / 7 hours ago
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှုန်းထားများ တိုးမြှင့်မည်
ယနေ့ နံနက်ပိုင်းတွင် ကျင်းပလျက်ရှိသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်မည့် ကိစ္စကို အတည်ပြုခဲ့ကြောင်း သိရသည်။
အဆိုပါ အတည်ပြုချက်အရ နိုင်ငံ့ဝန်ထမ်းများသည် တိုးမြှင့်လိုက်သည့် လစာများကို ယခုနှစ် ဧပြီလတွင် စတင်ခံစားရရှိမည်ဖြစ်ကြောင်းနှင့် အနိမ့်ဆုံး လစာမှာ ငွေကျပ် ၁၂၀,၀၀၀ ဖြစ်ပြီး အမြင့်ဆုံး လစာမှာ ငွေကျပ် ၅၀၀,၀၀၀ ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အနိမ့်ဆုံး လစာဖြစ်သည့် ၇၅,၀၀၀ - ၁,၀၀၀ - ၈၀,၀၀၀ ကျပ်သည် တိုးမြှင့်လစာနှုန်းထားအဖြစ် ၁၂၀,၀၀၀ - ၂,၀၀၀ - ၁၃၀,၀၀၀ သို့ ခံစားရမည်ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် အမြင့်ဆုံး လစာဖြစ်သည့် ၂၅၀,၀၀၀ - ၂,၀၀၀ - ၂၆၀,၀၀၀ ကျပ်သည် တိုးမြှင့်လစာ နှုန်းထားအဖြစ် ၅၀၀,၀၀၀ ကျပ်ကို ခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယခုလစာတိုးမြှင့်သည့် အစီအစဉ်အရ လက်ရှိ ခံစားခွင့် ရရှိနေသည့် လစဉ်အပိုထောက်ပံ့ကြေး ငွေကျပ် ၃၀၀၀၀ ကို ပယ်ဖျက်သွားမည်ဖြစ်ကြောင်း သိရသည်။
တိုးမြင့်ပေးမည့် နိုင်ငံဝန်ထမ်းများ၏ လစာနှုန်းထား
၁-(လက်ရှိလစာနှုန်းထား ၇၅,ဝဝဝ-၁ဝဝဝ-၈ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၂ဝ,ဝဝဝ-၂ဝဝဝ-၁၃ဝ,ဝဝဝ)
၂-(လက်ရှိလစာနှုန်းထား ၈၁,ဝဝဝ-၁ဝဝဝ-၈၆,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၃၅,ဝဝဝ-၂ဝဝဝ-၁၄၅,ဝဝဝ)
၃-(လက်ရှိလစာနှုန်းထား ၈၇,ဝဝဝ-၁ဝဝဝ-၉၂,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၅ဝ,ဝဝဝ-၂ဝဝဝ-၁၆ဝ,ဝဝဝ)
၎-(လက်ရှိလစာနှုန်းထား ၉၃,ဝဝဝ-၁ဝဝဝ-၉၈,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၆၅,ဝဝဝ-၂ဝဝဝ-၁၇၅,ဝဝဝ)
၅-(လက်ရှိလစာနှုန်းထား ၉၉,ဝဝဝ-၁ဝဝဝ-၁ဝ၄,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၈ဝ,ဝဝဝ-၂ဝဝဝ-၁၉ဝ,ဝဝဝ)
၆-(လက်ရှိလစာနှုန်းထား ၁ဝ၅,ဝဝဝ-၁ဝဝဝ-၁၁ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၁၉၅,ဝဝဝ-၂ဝဝဝ-၂ဝ၅,ဝဝဝ)
၇-(လက်ရှိလစာနှုန်းထား ၁၁ဝ,ဝဝဝ-၁ဝဝဝ-၁၁၆,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၁ဝ,ဝဝဝ-၂ဝဝဝ-၂၂ဝ,ဝဝဝ)
၈-(လက်ရှိလစာနှုန်းထား ၁၄ဝ,ဝဝဝ-၂ဝဝဝ-၁၅ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၅ဝ,ဝဝဝ-၄ဝဝဝ-၂၇ဝ,ဝဝဝ)
၉-(လက်ရှိလစာနှုန်းထား ၁၆ဝ,ဝဝဝ-၂ဝဝဝ-၁၇ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၂၈ဝ,ဝဝဝ-၄ဝဝဝ-၃ဝဝ,ဝဝဝ)
၁ဝ-(လက်ရှိလစာနှုန်းထား ၁၈ဝ,ဝဝဝ-၂ဝဝဝ-၁၉ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၁ဝ,ဝဝဝ-၄ဝဝဝ-၃၃ဝ,ဝဝဝ)
၁၁-(လက်ရှိလစာနှုန်းထား ၂ဝဝ,ဝဝဝ-၂ဝဝဝ-၂၁ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၄ဝ,ဝဝဝ-၄ဝဝဝ-၃၆ဝ,ဝဝဝ)
၁၂-(လက်ရှိလစာနှုန်းထား ၂၂ဝ,ဝဝဝ-၂ဝဝဝ-၂၃ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၃၈ဝ,ဝဝဝ-၄ဝဝဝ-၄ဝဝ,ဝဝဝ)
၁၃-(လက်ရှိလစာနှုန်းထား ၂၅ဝ,ဝဝဝ-၂ဝဝဝ-၂၆ဝ,ဝဝဝ) မှ (တိုးမြှင့်လစာနှုန်းထား ၅ဝဝ,ဝဝဝ)
မှတ်ချက် ။ (၁) နှစ်တိုးများကို (၂) နှစ်လျှင် တစ်ကြိမ်ခံစားခွင့်ပြုရန်။
(၂) လက်ရှိခံစားခွင့်ပြုထားသော လစဉ်အပိုထောက်ပံ့ကြေး ကျပ် ၃ဝဝဝဝ/- အားပယ်ဖျက်ရန်
Visit website
Labels:
လစာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment