Wednesday, March 18, 2015
မြန်မာအစိုးရက တရုပ်ကိုတော်တော်ကြောက်ရတယ်ဆိုတာယုံပြီဗျို့
ဗုံးကြောင့်သေဆုံးခဲ့သည့် တရုတ်တဦးလျှင် ဒေါ်လာ သောင်းချီ လျော်ကြေး ပေးရန် မြန်မာကမ်းလှမ်း
Other Blogs
ဗုံးကြောင့်သေဆုံးခဲ့သည့် တရုတ်တဦးလျှင် ဒေါ်လာ သောင်းချီ လျော်ကြေး ပေးရန် မြန်မာကမ်းလှမ်း
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ ဗုံးဒဏ်ကြောင့် သေဆုံး သွားသူတွေ အတွက် တဦးကို တရုတ် ယွမ်ငွေ ၇ သောင်း (အမေရိကန် ဒေါ်လာ ၁၁၂၂၂) ပေးမယ်လို့ မြန်မာအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်ဘက်က တစုံတရာ အကြောင်းမပြန်သေးဘူးလို့ မတ် ၁၈ ရက် ဂလိုဘယ်လ်တိုင်း(မ်)သတင်းကို ကိုးကားပြီး ချိုင်းနားဒေးလီးဝက်ဆိုဒ်မှာ ရေးသား ထားပါတယ်။
ယွမ် ၂ သောင်းအများဆုံး ပေးဖို့ တချို့မြန်မာ ကိုယ်စားလှယ်တွေက ကမ်းလှမ်းတယ်လို့လည်း သတင်းမှာ ရေးပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ၀မ်ရီက မတ် ၁၆ ရက်က ယူနန်ကို သွားရောက်ပြီး ဒေသခံ တရုတ်လူမျိုးတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။
အရင်တပတ်က မြန်မာလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသား ၄ ဦးသေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီနောက် ဒဏ်ရာရသူတွေထဲက တဦး ထပ်မံ သေဆုံးသွားပါတယ်။
ဒီဖြစ်ရပ်ကို တရုတ်အစိုးရက အပြင်းအထန်ကန့်ကွက်ခဲ့သလို ဒီနောက်ပိုင်းမှာတော့ ဒီနောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်မှာ တရုတ် တိုက်လေယာဉ်တွေ ကင်းလှည့်နေပါတယ်။
တရုတ်-မြန်မာ နယ်စပ်မှာ မြန်မာ စစ်တပ်နဲ့ ကိုးကန့်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာ လချီကြာမြင့်နေပြီ ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
Category
Daily News
English News
Celebrity and Health
Journals & Newspapers
Navigation
Home
Privacy Policies
Disclaimer
Labels:
ငကြောက်ကြီးများအဖွဲ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment