ဘက်လိုက်၍ သိခြင်း” လူတို့သည် မိမိနဲ့ပတ်သတ်တိုင်း မိမိကိုယ်ကို အမှန်အတိုင်းမမြင... Aye Chan Mon's Facebook Wall / Aye Chan Mon / 15 hours ago “ဘက်လိုက်၍ သိခြင်း” လူတို့သည် မိမိနဲ့ပတ်သတ်တိုင်း မိမိကိုယ်ကို အမှန်အတိုင်းမမြင်ဘဲ မိမိကိုယ်ကိုပို၍ ချစ်သည့်စိတ်၊ မိမိကိုယ်ကိုပို၍ မြတ်နိုးတဲ့စိတ်က မသိစိတ်အနေဖြင့် သိစိတ်အပေါ် ဖိအားပေးသောကြောင့်... မိမိ၏မကောင်းမူကို မကောင်းမူဟုမမြင်၊ ကောင်းမူဟူ၍သာမြင်၏။ မိမိ၏အမှားကို အမှားဟုမမြင်၊ အမှန်ဟူ၍သာမြင်၏။ မိမိ၏ယုတ်မာမူကို ယုတ်မာမူဟုမမြင်၊ သူတော်စင်အဖြစ်သာမြင်၏။ ဤသို့ပြောင်းပြန်မြင်ခြင်းသည် မသိစိတ်၏ လွှမ်းမိုးမူကြောင့် သိစိတ်အာရုံကို အမှန်အတိုင်း မသိဘဲ ဘက်လိုက်၍ သိခြင်းကြောင့်ဖြစ်၏။ မိမိကိုယ်ကို ပို၍ချစ်သောစိတ်၊ ပို၍မြတ်နိုးသောစိတ်သည် မိမိ၏သဘာဝ၊ မိမိ၏အမြင်၊ မိမိ၏ဓလေ့စရိုက်၊ မိမိ၏ပတ်ဝန်းကျင်၊ မိမိ၏အယူဝါဒတို့ကို စွဲလမ်းရာကနေ ဖြစ်ပေါ်လာပြီး ဥပါဒါန်အဖြစ်သို့ရောက်၏။ ထို့နောက် မသိစိတ်အဆင့်သို့ရောက်၏။ ထိုအခါ သိစိတ်ကိုလွှမ်းမိုးသွား၏။ သိစိတ်အာရုံကို အမှန်အတိုင်းသိလိုပါက မိမိ၌ မသိစိတ်များအနေဖြင့် ကိန်အောင်းနေသော အညစ်အကြေး(ကိလေသာ)များကို သီလ၊ ကိုယ်ကျင့်သိက္ခာများဖြင့် တနည်း တရားအားထုတ်ခြင်းဖြင့် ပယ်သတ်နိုင်အောင် အားထုတ်ရန်သာရှိ၏။ (ဆရာကြီးဦးရွှေအောင်) (“ဘဝအမြင်သစ်” စာအုပ်မှ ကောက်နှုတ်ချက်) နှလုံးသားအာဟာရ
No comments:
Post a Comment