Sunday, March 29, 2015

ဆက်သွယ်ရေး

ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီသုံးခုအား ထပ်မံခွင့်ပြု Monday, March 30, 2... Dinding Facebook Aye Chan Mon / Aye Chan Mon / 3 hours ago ဆက်သွယ်ရေး ကွန်ရက် တည်ဆောက်ရန် ကုမ္ပဏီသုံးခုအား ထပ်မံခွင့်ပြု Monday, March 30, 2015 ဆက်သွယ်ရေးဆိုင်ရာ တာဝါတိုင်များတည်ဆောက်ခြင်း နှင့် ဖိုက်ဘာကေ ဘယ် ပြေးဆွဲခြင်း လုပ်ငန်းများအတွက် KDDI၊ Elite နှင့် ရတနာပုံတယ်လီပို့ တို့အား ကွန်ရက်တည်ဆောက်ခွင့်လိုင် စင်ချပေးလိုက်ပြီဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီး ဌာနက မတ်လတတိယပတ်တွင် သတင်းထုတ်ပြန်သည်။ ဆက်သွယ်ရေး ညွှန်ကြားမူဦးစီးဌာနအနေဖြင့် ဖေဖော်ဝါရီလ အတွင်းက ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်အတွက် ကုမ္ပဏီရှစ်ခုအား လိုင်စင်ချထားပေးခဲ့ပြီး ယခုလအတွင်း၌ ကုမ္ပဏီ သုံးခုအား ထပ်မံ၍ ချထားပေးခဲ့ရာ ကွန်ရက် တည်ဆောက်ခွင့်အတွက် ကုမ္မဏီပေါင်း ၁၁ ခုအထိ လိုင်စင်ရရှိပြီး ဖြစ်ကြောင်း သိရသည်။ ‘‘အခုပေးလိုက်တဲ့ ကွန်ရက်တည်ဆောက်ခွင့်လိုင်စင်တွေထဲမှာ Individual နဲ့ Class ဆိုပြီး နှစ်မျိုးရှိပါတယ် ၊Individual ကတော့ ကွန်ရက်တွေ တည်ဆောက်ပြီး အသုံးပြုသူတွေကို တိုက်ရိုက် ဝန်ဆောင်မူပေးနိုင်တဲ့ လိုင်စင်ဖြစ်ပြီးတော့ ၊Class ကတော့ တိုက်ရိုက်ဝန်ဆောင်မှုပေးခွင့်မရှိဘဲ တည်ဆောက်ထားတဲ့ ကွန်ရက်ကို ပြန်အငှားချခွင့်ရှိတဲ့ လိုင်စင် ဖြစ်ပါတယ်’’ဟု ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးစိုးနိုင်က ရှင်းပြသည်။ လိုင်စင်ရရှိသည့် ကုမ္ပဏီ ၁၁ခုအနက် ရွှေသံလွင်မီဒီယာ ၊Elite နှင့်ရတနာပုံတယ်လီပို့ စသည့် ကုမ္ပဏီသုံးခုသာ ကွန်ရက်တည်ဆောက်ပြီး တိုက်ရိုက်ဝန်ဆောင်မှုပေးနိုင်သည့် Individual လိုင်စင်ကိုရရှိခဲ့သည့် အခြားသော ကုမ္ပဏီ ရှစ်ခုမှာ Class လိုင်စင် ဖြစ်သည့်အတွက် ကွန်ရက်တည်ဆောက်၍ အငှားပြန်ချသည့် လုပ်ငန်းကိုသာ ပြုလုပ်နိုင်မည် ဖြစ်ကြောင်းသိရသည်။ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသို့ လိုင်စင်လျှောက်ထားသည့် ကုမ္ပဏီပေါင်း ၅၀ ကျော်အထိရှိကြောင်းသိရပြီး ရေဒီယိုလှိုင်းနုန်း ဆိုင်ရာနည်းဥပဒေ ရေးဆွဲပြီးပါက အဆိုပါ ကုမ္ပဏီများအနက်အင်တာနက် ဝန်ဆောင်မှုများနှင့် လှိုင်းနှုန်းကို အသုံးပြုသော ဆက်သွယ်ရေး ဝန်ဆောင် မှုများကို လိုင်စင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ 7Day News Journal Visit website

No comments:

Post a Comment